နေပူခံ လိမ်းဆေးတွင် ပါသော ဓာတု ပစ္စည်းကြောင့် အမျိုးသားများ မြုံသွားနိုင်
![]() |
www.dreamstime.com |
ခရမ်းလွန်ရောင်ခြည်ကို စစ်ထုတ်ပေးသော Benzophenone အတန်းအစား ဓာတုပစ္စည်း ၂၉ မျိုးခန့်က အမျိုးသားများ၏ မျိုးအောင်နိုင်မှု ကို နှေးကွေး သွားစေကြောင်း နယူးယောက်ပြည်နယ် ကျန်းမာရေးဌာနနှင့် အမျိုးသား ကျန်းမာရေးဌာန(NIH) တို့ ၏ ကနဦးလေ့လာမှု အတွင်းတွေ့ ရှိခဲ့သည်။ အရေပြားက စုပ်ယူမှု အပေါ်မူတည်၍ ယင်းဓာတုပစ္စည်း အချို့က ခန္ဓာကိုယ်၏ ဟော်မုန်းနှင့်ဟော်မုန်း ထုတ်သော အင်္ဂါများ၏ လုပ်ငန်းစဉ်များကို အနှောင့်အယှက်ပေးနိုင် သည်ဟု NIH ကဖော်ပြသည်။
ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးသော BP-2 (သို့) 40 H-BP တို့နှင့် ထိတွေ့မှုများသော အမျိုးသားများ တွင် မျိုးအောင်နိုင်မှု ၃၀ ရာခိုင်နှုန်းလျော့ကျသွားကြောင်း သုတေသီများ စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ မျိုးအောင်နိုင်မှုလျော့ကျခြင်းက သန္ဓေအောင်စေရန် အချိန်ကို ပိုကြာသွားစေသည်။
ယင်းလေ့လာမှုကို Epidemiology ဂျာနယ်တွင် ဖော်ပြထား သည်။ သို့သော်အမျိုးသမီးများမှာ ယင်းဓာတု ပစ္စည်းများနှင့် များစွာ ထိတွေ့သော်လည်း ကိုယ်ဝန်ရခြင်းကို နှေးကွေးသွားစေခြင်း မရှိဟု သုတေသီ ပါမောက္ခဂျာမိန်းလူးဝစ် ကပြောသည်။
အရေပြားမှာ ခန္ဓာကိုယ်၏ အကြီးဆုံးအင်္ဂါဖြစ်ပြီး နေရောင် ခြည်မှ ကာကွယ်ရန် နေပူခံလိမ်း ဆေးများ လိုအပ်ကြောင်းနှင့် အရေပြားကင်ဆာ မဖြစ်စေရန် နေပူခံလိမ်းဆေးများ လိမ်းရန် လိုသည်။ သို့သော် အမျိုးသားများမှာ နေပူခံ လိမ်းဆေးများတွင် ပါဝင်သော ဓာတုပစ္စည်းများကြောင့် မြုံသွားနိုင်သောကြောင့် ပစ္စည်းရွေးသုံးရန်(သို့) အပြင်မှ ပြန်လာပြီးနောက် ဆေးကြောသန့်ရှင်း ပစ်ရန်စသည့် အန္တရာယ်ကင်းသော နည်းလမ်းမျိုးကို စဉ်းစားသင့်သည်။
—Ref:UPI
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) အသက် ၅၅ နှစ်နှင့် ၇၄ နှစ်ကြား အမျိုးသားများတွင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ပိုမိုများပြားဟုဆို Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ဖေ့စ်ဘွတ်ခ်ကြော်ငြာ ၀န်ဆောင်မှု သုံးစွဲသူများကို လိမ်လည်မှုများ ရှိလာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း