Password ကို ရည်မှန်းချက် ပန်းတိုင်တစ်ခု အဖြစ် အသုံးချလိုက်ပါ
ကွန်ပျုတာ သုံးနေတဲ့ သူကတော့ အမြဲတမ်း Password ကို ရိုက်ထည့်နေ ရတာ စိတ်ညစ် စရာပါ။
ဒီစိတ်ညစ် စရာကို အသုံးချပြီး ဘဝရဲ့ ရည်မှန်းချက် အဖြစ် ပြောင်းလဲနိုင်ခဲ့ သူကတော့ တရုတ်နိုင်ငံ မှာ နေတဲ့ Designer ဖြစ်သူ Mauricio Estrella ဖြစ်ပါတယ်။
သူ့ရဲ့ စဉ်းစား ပုံလေးက ထူးဆန်းပါတယ်။ ကွန်ပျုတာရဲ့ Password ကို ကိုယ့်ရဲ့ ရည်မှန်းချက် တစ်ခုအနေနဲ့ သတ်မှတ်ရုံပါပဲ။ Mauricio ဟာ ဒီအတွေးလေး မဝင်ခင် အချိန်တုန်းက သူ့အမျိုးသမီးနဲ့ ကွဲပြီး စိတ်ထင်ရာ ကို လျှောက်လုပ်နေခဲ့တဲ့ သူပါ။
အမျိုးသမီးအပေါ်မှာ ဒေါသထွက်တဲ့ စိတ်တွေအပြင် ဘာကြောင့် ငါရဲ့လုပ်သမျှ ကိစ္စတွေက မအောင်မြင် တာလဲလို့ အမြဲတမ်းတွေးနေခဲ့တာပါ။ တစ်နေ့တော့ ကုမ္ပဏီက ကွန်ပျုတာမှာ Password ပြောင်းဖို့ သတိပေး စာတမ်းလေးက ပေါ်လာပါတယ်။ ဒီစာတမ်းလေး ပေါ်လာချိန်မှာ သူဟာ သူ့ရဲ့ အထက်အရာရှိက လုပ်နေတဲ့ နည်းလေးတစ်ခုကို သတိရ သွားပါတယ်။ အဲဒါကတော့ Password ကို သူများနားမ လည်အောင် ပြောင်းတဲ့အခါမှာ ရည်မှန်းချက်လေး တစ်ခုအဖြစ် ပြောင်းလဲဖို့ ဆိုတာကိုပါ။
ဥပမာ - တစ်လအတွင်း ပေါင်ချိန် ၅ ပေါင်ချမယ်ပေါ့လေ။ "LossWeight5" စသည်ဖြင့်။
Mauricioကတော့ ပထမဆုံး အကြိမ်အနေနဲ့ လုပ်လိုက် တာကတော့ သူ့အမျိုးသမီးကိုမေ့ပစ် ဖို့ရန် ပြောင်း လိုက်တဲ့ Password လေးကတော့ Forgive@h3r ဖြစ်ပါတယ်။ နေ့တိုင်းလိုလို Password ကို ရိုက်ထည့်နေ ရတော့ ကြာလာတော့ သူ့အမျိုးသမီးကို မေ့ပစ်နိုင်ခဲ့ပါတယ်။
ကဲ နောက်တဆင့် အနေနဲ့သူက သတ်မှတ်လိုက်တဲ့ ရည်မှန်းချက် ကလေးကတော့ Quit@smoking4ever တဲ့။ တစ်ပတ်နဲ့ ဆေးလိပ်ပြတ်သွားတယ်တဲ့။
သူ့ရဲ့အခြားသော ရည်မှန်းချက် ပန်းတိုင်ကလေးတွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။
၀၁. Save4trip@thailand ထိုင်းအလည်ခရီး။ အောင်မြင်ခဲ့တယ်။
၀၂. Eat2times@day တစ်နေ့ကို၂နှပ်ပဲ စားမယ်။ မအောင်မြင်ပါ။
၀၃. Sleep@before12 ည ၁၂ နာရီ မတိုင်ခင် အိပ်မယ်။ အောင်မြင်ခဲ့တယ်။
၀၄. Ask@her4date ကောင်မလေးနဲ့ လျှောက်လည်မယ်။ အောင်မြင်ခဲ့တယ်။
၀၅. No@drinking2months ၂လ အရက် မသောက်ဘူး။ အောင်မြင်ခဲ့တယ်။
၀၆. Get@c4t! ကြောင်မွေးမယ်။ အောင်မြင်ခဲ့တယ်။
၀၇. Facetime2mom@sunday တနင်္ဂနွေနေ့မှာ အမေနဲ့ စကားပြောမယ်။ အောင်မြင် ခဲ့ပါတယ်။
စာဖတ် ပရိသတ်ကြီးလဲ ကိုယ့်ရဲ့ ရည်မှန်းချက်လေးတွေကို Password မှာထည့်ထားပြီး အောင်မြင်အောင် လုပ်ကြည့်ပါလားနော်။
Chelmo Team
http://www.chelmo.tips
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) သင့္မွာ ဘာလမ်းကြောင်းလေးတွေ ပါလဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောက်သို့) Shutter, Aperture နဲ႕ ISO .... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို