မွေးကင်းစ ကလေးနှင့် လူကြီးတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပါဆယ်ထုပ်ထဲ တွေ့ရှိ
![]() |
ဓာတ်ပုံ – ရိုက်တာ |
ဘန်ကောက်မြို့မှာရှိတဲ့ DHL အမြန်ချောပို့လုပ်ငန်းက အရာရှိတယောက်က ချောစာထုပ်တွေကို စကင်ဖတ် စစ်ဆေးအပြီး ချောစာထုပ်တွေ ထဲမှာ ကလေးခေါင်း နဲ့ ခြေထောက် အစိတ်အပိုင်း တွေနဲ့ အရွယ်ရောက်ပြီး လူတယောက်ရဲ့ ထိုးသွင်း ဒဏ်ရာတွေပါတဲ့ နှလုံး တခုနဲ့ ဆေးမင်ထိုး ထားတဲ့ အရေပြား အပိုင်းအစ ၂ ခုကို အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ခဲ့ပါတယ်။
ချော စာထုပ်တွေကို ပေးပို့ရမယ့် လိပ်စာကိုတော့ နီဗားဒါးပြည်နယ် လပ်စ်ဗီးဂတ်စ်မြို့ကို လိပ်မူထားပါ တယ်။ ပေးပို့သူ အမေရိကန်နိုင်ငံသား ရိုင်ယန် အက်ဒွပ် မက်ဖာဆန်နဲ့ ဒန်နီယယ် ဂျာမွန်တန်နာတို့ ၂ ယောက်လုံး နိုင်ငံအရှေ့ပိုင်းက စစ်ဆေးရေး စခန်းကနေ တဆင့် ထိုင်းနိုင်ငံ တွင်းက ထွက်သွားပြီ လို့ တော်ဝင် ထိုင်းရဲတပ်ဖွဲ့က အရာရှိ ရူအန်ဆခ် ကျရိတိတ်ခ် က ပြောပါ တယ်။
ဒီအရေးကို ဘယ်လို တရားစွဲမှုမှ မလုပ်ရသေးဘဲ ဘယ်လိုပုဒ်မမျိုး တပ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ နောက်ထပ် စုံစမ်းစစ်ဆေးစရာတွေ လိုအပ်နေတယ်လို့ ရဲတွေက ပြောပါတယ်။ ဆရာဝန်တွေရဲ့ ကနဦး စစ်ဆေးချက် အရ နှလုံးနဲ့ ဆေးမင်ကြောင်ထိုး အရေပြား ၂ စမှာ ထိုးသွင်း ဒဏ်ရာ အမှတ်အသားတွေ ရှိနေလို့ လူသတ် မှုနဲ့ ပတ်သက်မှု ရှိမရှိ အဖြေရှာရ မယ်လို့ ရဲက ပြောပါတယ်။
ထိုင်းရဲချုပ်ကတော့ ဒီပစည်းတွေ ဘယ်ကို တကယ်ပို့ဖို့ ရည်ရွယ်လဲဆိုတာနဲ့ ဘာအတွက် သုံးမှာလဲ ဆိုတာ ကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်စုံ စမ်းထောက်လှမ်းရေးဗျူရို FBI ကို ဆက်သွယ်မယ်လို့ ပြောပါတယ်။
ချူလာလောင်ကောင်တက္ကသိုလ် မှုခင်းဆေးပညာဌာနမှူးနဲ့ မှုခင်းဆေး ပညာရှင် လက်ထောက် ပါမောက်ခ ဥဒွန်ဆခ် ဟူးဝီဂျစ်က မွေးကင်းစ ကလေးရဲ့ ဘယ်ခြေထောက်နဲ့ ဦးခေါင်းခွံ အောက်ပိုင်း တခြမ်းကို ကြည့် ရတာ ဖြတ်တောက်ရာက သေသပ်ပြီး ကိုယ်အင်္ဂါအစိတ်အပိုင်း တွေကို ဗူးတွေနဲ့ ထည့်ထားတဲ့ ရည်ရွယ် ချက်က ယေဘူယျအားဖြင့် ပညာရေး ရည်ရွယ်ချက် ဒါမှမဟုတ် ပြတိုက်မှာထားဖို့ ဖြစ်လေ့ရှိတယ်။ တခြား ကိစ္စဆိုရင် ဒီပုံစံမဟုတ်ဘူးလို့ ပြောပါတယ်။
ဘန်ကောက်ဆေးရုံ ကတော့ ဒီကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဟာ ခန္ဓာဗေဒပြတိုက်ကနေ လာတာ ဖြစ်ကောင်းဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ အစောပိုင်း သတင်းတွေမှာတော့ ထိုင်းမှော်ပညာရပ် အစီအရင်တွေနဲ့ ပတ်သက်မယ့် ခန့်မှန်းချက်တွေကို အစီရင်ခံခဲ့ပါတယ်။
DVB News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) Emoj မ်ားစြာ ပါ၀င္လာတဲ့ Bagan keyboard 5.0 စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မမြင်ရသော ဆေးဝါးများ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) ထိုင်း စစ်ရဟတ်ယာဉ် ပျက်ကျ၊ ၉ ဦး သေဆုံး စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မမြင်ရသော ဆေးဝါးများ Acer Aspire E1-510P-2671 Laptop Review