မိုးသီးဖြစ်ပေါ်ပုံကို လေ့လာတွေ့ ရှိရာမှ မုန်တိုင်းကို ဖျက်စီးနိုင်အောင် ကြိုးပမ်းသွားမည်

သမန်းကျား၊ ရတနာပုံ သတင်းစာ။

မကြာသေးမှီက မြောက် အမေရိက တိုက်၊ ရော့ ကီး တောင် တန်းပေါ်တွင် မုန်တိုင်း (၃)ကြိမ်ဖြစ်ပေါ် ခဲ့ရာ မုန်တိုင်းများ တ၀ိုက်တွင် မိုးသီးများ ဖြစ်ပေါ် လာပြီး အထက်ကောင်းကင် ယံရှိ မိုးတိမ်များ မှ ရေခဲ လွှာများနှင့် ပေါင်းစည်း သွားသည် ကို မွန်တာနာ တက္ကသိုလ်က လေ့လာတွေ့ ရှိ ခဲ့ သည်။

သိပ္ပံပညာရှင် များသည် နှင်းနှင့်မိုးတို့ ဖြစ်ပေါ်ပုံကို ကျယ်ပြန့် စွာလေ့လာ သိရှိပြီးဖြစ်သော်လည်း မိုးသီးဖြစ်ပေါ်ပုံကိုမှု အပေါ်ယံမျှသာ သိရှိကြရာဝယ် မုန်တိုင်းဖြစ်စဉ် အတွင်း၌ ထွက်ပေါ်လာသော ဇီဝ ပစ္စည်းများကြောင့် မိုးသီးများ ဖြစ်ပေါ် လာသည်ကို ယခု ပထမဆုံးအကြိမ် သိရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရော့ကီးတောင်တန်း မုန်တိုင်းများကြောင့် ဘိုဇမန်းမြို့ တွင် ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိသော ဆုံးရှုံး ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း မိုးသီး၏ သဘော သဘာဝကို လေ့လာသိရှိခွင့် ရရှိလိုက်ခြင်းက အမြတ် ထွက်ခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

လေထုထဲတွင် လေဖိအားကြောင့် ဇီဝပစ္စည်းများ စုစည်းထွက်ပေါ် လာလေ့ရှိပြီး ရေငွေ့ များနှင့်ပေါင်းစပ်ကာ မိုးသီး ဖြစ်သွားကြောင်း၊ ယင်းလေဖိအားမျိုးကို မုန်တိုင်းဖြစ်ပေါ်သည့် အချိန်တွင် အတွေ့ ရများကြောင်း၊ မုန်တိုင်းဖြစ်ပေါ် ခြင်း မရှိဘဲ မိုးသီးကျဆင်းပါလျင် ယင်းဒေသတွင် လေဖိအား အတက်အကျရှိခဲ့ပြီး မုန် တိုင်းဖြစ်တည်နိုင်ခြင်း မရှိခဲ့ ခြင်းဖြစ်ကြောင်း၊ သို့ သော် မိုးသီးကိုမူ ဖြစ်စေနိုင်ခဲ့သည်ဟု ယူဆရ မည်ဖြစ်ကြောင်း၊ မိုးသီးသည် တိမ်ထုထဲရှိ ရေခဲ အလွှာသို့ သွားရောက်ပေါင်းစည်းလေ့ ရှိကြောင်း၊ မိုးရွာ သွန်းသောအခါ သို့ တည်းမဟုတ် လေကြောင်းအတိုင်း တိမ်များ မျော်လွှင့် သွားသောအခါ မိုးသီးများကို ဆက်လက် ထိန်းမထားနိုင်တော့ဘဲ လွတ်ချလိုက်လေ့ ရှိသဖြင့် မိုးသီးကျ ခြင်း ဖြစ်ကြောင်း သိရသည်။

ရော့ကီးတောင်တန်း မုန်တိုင်းများ စဲသွားသောအခါ သုတေသီများက မိုးသီးများကို ကောက်ယူ စုဆောင်းကာ အနုတ် ၂၂ ဒီဂရီ ဖာရင်ဟိုက်တွင် လှောင်ထား လိုက်သည်။ မိုးသီးများသည် ပျှမ်းမျှအချင်း ၁ ဒသမ ၅ လက်မ ရှိသည်။ ထို့ နောက် သုတေသီများက ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်တို့ တွင် ကျခဲ့သော မိုးသီးများကို သိုလှောင် ထားရာမှ ပြန်လည် ထုတ်ယူနှိုင်းယှဉ် ကြည့်ရာ ယင်းမိုးသီးများမှာ ပျှမ်းမျှအချင်း လက်မ၀က်သာ ရှိသည်ကို တွေ့ ရှိခဲ့သည်။

အဆိုပါမိုးသီး (၂)မျိုးပေါင်း ၂၀၀ လုံးခန့် ကို ဆက်လက် လေ့လာကြည့်ရာ မိုးသီးများသည် ဇီဝသန္ဓေ ပစ္စည်းကို ၀န်းရံ ဖွဲ့ စည်းကြောင်း၊ ယင်းသန္ဓေပစ္စည်းသည် အပူချိန် ၆ ဒသမ ၈ဒီဂရီအထက်တွင် ပင် အေးခဲ သွားကြောင်း၊ ထို့ နောက် အနီးဝန်းကျင်မှ အခြား ဇီဝန္ဓေများကိုလည်း အလားတူ မိုးသီးဖြစ်လာအောင် အားပေးလေ့ ရှိသည်ကို တွေ့ ရှိခဲ့သည်။

ဤအချက်ကို လေ့လာ သိရှိခဲ့ပြီးနောက် သုတေသီများသည် မိုးသီး၊ မိုးတိမ်၊ မုန်တိုင်းတို့ ဖြစ်ပေါ်ပုံကို ပို၍ တိကျစွာ လေ့လာနိုင်မည်ဖြစ်ပြီး အနာဂါတ်တွင် ယင်းသန္ဓေများကို ဖျက်ဆီး၍ လည်းကောင်း၊ မွေးမြူ၍ လည်းကောင်း မုန်တိုင်း ကိုဖျက်စီးခြင်း၊ မိုးကို ရွာသွန်းစေခြင်း တို့ ကို ပြုလုပ်နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...