"တိုက်ဆိုင်မှု...."

လူတစ်ယောက်ဟာ အရက်ဆိုင်တစ်ဆိုင်ကိုသွားပြီး ရှမ်ပိန်တစ်ခွက် မှာလိုက်တယ်... ဒီအချိန် သူ့ဘေးက ထိုင်ခုံမှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ဦးက...

"ကျမလည်း အခုပဲ ရှမ်ပိန်တစ်ခွက် မှာထားတယ်ရှင့်..."

"တိုက်ဆိုင်လိုက်တာဗျာ..." "ဒီနေ့က ကျုပ်အတွက် အထူးနေ့လေ... ဒါကြောင့် ဒီမှာလာပြီး အောင်ပွဲခံနေတာဗျ..."

"ဟုတ်လား! ဒီနေ့က ကျမအတွက်လည်း အထူးနေပဲရှင့်... အဲဒါကြောင့် အခုလိုလာပြီး အောင်ပွဲခံနေတာပေါ့..."

"တိုက်ဆိုင်လိုက်တာဗျာ..!" ဆိုပြီး သူ့ရှမ်ပိန်ခွက်ကို အမျိုးသမီးခွက်နဲ့ တိုက်လိုက်ပြီး မော့ချလိုက်တယ်... အဲဒီနောက်...

"ဒါနဲ့နေဦးဗျ... ခင်ဗျားက ဘာအတွက် အောင်ပွဲခံနေတာလဲဗျ...?"

"ကျွန်မခင်ပွန်းနဲ့ ကျွန်မက ကလေးယူဖို့ ကြိုးစားနေတယ်လေ... ဒီနေ့တော့ ကျွန်မရဲ့ မီးယပ်အထူးကု ဆရာဝန်ကြီးက ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလို့ ပြောလိုက်တယ်ရှင့်..."

"တိုက်ဆိုင်လိုက်တာဗျာ...! ကျုပ်လည်း ကြက်မွေးမြူရေး လုပ်တယ်ဗျ... အရင်ကဆိုရင် ကြက်မတွေ တစ်ကောင်မှ ဥမဥကြဘူး... ခုတော့ ကြက်ဥတွေ ဖောဖောသီသီ ဥပေးနေပြီဗျ..." ဆိုပြီး ဝမ်းသာအားရ ပြောလိုက်တယ်...

"သိပ်ကောင်းတာပဲ...!" အမျိုးသမီးက ချီးကျူးလိုက်တယ်... "ဒါနဲ့နေဦး ရှင့်ကြက်တွေက ဘယ်လိုလုပ်ပြီး မျိုးအောင်ခဲ့တာလဲ...?"

"ကျုပ်အိမ်နီးနားချင်းရဲ့ ကျေးဇူးကြောင့်ပေါ့ဗျာ..."

ဒီအခါ အမျိုးသမီးက ရှမ်ပိန်ခွက်ကို တင်းတင်းဆုပ်ကိုင်ကာ ပြုံးပြီးပြောလိုက်တယ်....

"တိုက်ဆိုင်လိုက်တာရှင်....!


😆😆😅😅😂😂😁😁

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...