Degree...
ကားဂိတ်တစ်ခုမှာ ဂနာမငြိမ် ဖြစ်နေသည့် မြေးကို အဘွားက အော်ပြောလိုက်သည်။
"ဟဲ့! ဒီဂရီ... ငြိမ်ငြိမ်နေစမ်း..."
ဒါကို ခရီးသည်တစ်ယောက်က ကြားပြီး စိတ်ဝင်တစားနှင့် အမျိုးသမီးကြီးကို မေးလိုက်သည်။
"ခင်ဗျားရဲ့မြေးကို ဘာဖြစ်လို့ 'ဒီဂရီ' လို့ ခေါ်တာလဲ...?"
ထိုအခါ အမျိုးသမီးကြီးက ရယ်ပြီး ပြောလိုက်သည်။
"အဲဒါ သူ့အမေ တက္ကသိုလ်တက်တုန်းက ရခဲ့တဲ့ ဘွဲ့လေ..."