ဂွတ်ဘိုင် မာမီ....



လူငယ်တစ်ယောက် စူပါမားကတ်တစ်ခုမှာ စျေးဝယ်နေစဉ် အမျိုးသမီးကြီးတစ်ဦး သူ့နောက်မှာ တစ်ကောက်ကောက် လိုက်နေတာကို သတိပြုမိလိုက်တယ်။ ဒါနဲ့ သူလည်း ဘာမှမပြောပဲ ဝယ်စရာရှိတာ ဆက်ပြီးဝယ်နေလိုက်တယ်။ အဲဒီနောက် ငွေရှင်းဖို့ ကောင်တာမှာ တန်းစီနေချိန် ဒီအမျိုးသမီးကြီးက သူ့ရှေ့မှာ ရောက်နေတာကို သိလိုက်တယ်။

ဒီနောက် အမျိုးသမီးကြီးက အနောက်ကိုလှည့်ပြီး ...

"အန်တီကို ခွင့်လွှတ်ပါကွယ်... မောင်ရင့်ကို ကြည့်ရတာ ဟိုတစ်လောက ဆုံးသွားတဲ့ အန်တီ့သားနဲ့ အရမ်းတူနေလို့ပါ..." ဆိုပြီး စိတ်မကောင်းတဲ့မျက်နှာနဲ့ ပြောလိုက်တယ်။

လူငယ်က "စိတ်မကောင်းပါဘူး အန်တီ... ကျနော် ဘာအကူအညီပေးရမလဲဗျ...?" လို့ မေးတော့ အမျိုးသမီးကြီးက...

"အန်တီ ဒီနေရာက ထွက်သွားရင် အန်တီ့ကို 'ဂွတ်ဘိုင်! မာမီ...' လို့ ပြောပေးပါနော်... ဒါဆိုရင် အန်တီလည်း စိတ်သက်သာရာ ရတာပေါ့ကွယ်..."

"ဟုတ်ကဲ့! ရပါတယ် အန်တီ..." လူငယ်က ပြောလိုက်တယ်။

ဒီလိုနဲ့ သူ့ရှေ့က အမျိုးသမီးကြီးလည်း ထွက်သွားရော လူငယ်က "ဂွတ်ဘိုင်! မာမီ..." ဆိုပြီး အော်ပြီး နုတ်ဆက်လိုက်တယ်။

သူ့အလှည့်ရောက်လို့ ငွေရှင်းမယ်လုပ်တော့ ဘောက်ချာမှာ ဒေါ်လာ ၁၄၇.၅၀ ဖြစ်နေတာကို တွေ့လိုက်တယ်။ သူလည်း အရောင်းစာရေးမကို "ဒါက ဘယ်လိုဖြစ်တာလဲဗျာ...? ကျုပ်ဝယ်တဲ့ပစ္စည်းက ဒီလောက်မှ မများတာ..." ဆိုပြီး စောဒက တက်လိုက်တယ်။

ဒီအခါ အရောင်းစားရေးမက...

"ရှင့်အမေက သူဝယ်တဲ့ ပစ္စည်းတွေအတွက်ပါ ရှင်က ရှင်းပေးမယ်လို့ ပြောသွားတယ်..."

"အိုး မိုင် ဂေါ့......!"

😁😁😄😄😆😆😀😀


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...