ရန်မဖြစ်ကြပါနဲ့...

တစ်နေ့ ကလေးနှစ်ယောက် အတူတူ ဆော့ကစားနေကြတယ်။ ခဏအကြာ ကလေးတစ်ယောက်က အခွံမာသီးတစ်လုံးကို တွေ့လိုက်တယ်။ သူက ကောက်ယူမယ်လုပ်တော့ သူ့ကစားဖော် ကလေးက ဇတ်ကနဲ ကောက်ယူလိုက်တယ်။

"ငါ့အခွံမာသီး ပြန်ပေး... အဲဒါ ငါ့ဥစ္စာ..." ဆိုပြီး ပထမကလေးက တောင်းတော့ သူ့ကစားဖော်ကလေးက...

"ဒါ ငါ့ဥစ္စာ... ငါကောက်ထားတာ..." လို့ ပြန်ပြောတယ်။

ဒီလိုနဲ့ ကလေးနှစ်ယောက် အငြင်းပွားပြီး ရန်ဖြစ်နေကြတယ်။ အဲဒီအချိန် အရပ်ရှည်ရှည် ကလေးတစ်ယောက် ရောက်လာတယ်။ သူတို့ ရန်ဖြစ်နေတာကိုမြင်တော့ သူက "အဲဒီ အခွံမာသီ ငါ့ကိုပေး... မင်းတို့ပြဿနာ ငါဖြေရှင်းပေးမယ်..." ဆိုပြီး ပြောလိုက်တယ်။

သူက အခွံမာသီးကို နှစ်ပိုင်းခွဲလိုက်တယ်။ အထဲက အဆံကို ထုတ်ယူလိုက်တယ်။ အဲဒီနောက် ကလေးနှစ်ယောက်ကို အခွံ တစ်ယောက်တစ်ခြမ်းစီ ပေးလိုက်တယ်။ အထဲက အဆံကိုတော့ သူ့ပါးစပ်ထဲ ထည့်လိုက်ပြီး “ဒါက မင်းတို့ရန်ဖြစ်တာကို ဖြေရှင်းပေးလိုက်တာပဲ..." လို့ ပြောပြီး ထွက်သွားလိုက်တယ်။

(ကိုယ့်အချင်းချင်းတွေ ရန်ဖြစ်ရင် အပြင်လူက အမြတ်ထုတ်သွားတတ်ပါတယ်...)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...