လူတိုင်းအတွက် သင်ခန်းစာ...
တစ်နေ့ သားဖြစ်သူဟာ အိုမင်းနေပြီဖြစ်တဲ့ ဖခင်ကို ညစာလိုက်ကျွေးဖို့ စားသောက်ဆိုင်တစ်ခုကို ခေါ်သွားတယ်။ ဖခင်ဟာ အသက်ကြီးပြီး တုန်တုန်ရီရီ ဖြစ်နေတဲ့အတွက် အစာစားနေစဉ် သူ့ရဲ့ အင်္ကျီနဲ့ ဘောင်းဘီပေါ်မှာ အစားအသောက်တွေ ဖိတ်စင် ပေကျံခဲ့တယ်။ ဆိုင်ထဲက အခြားဧည့်သည်တွေက ဒီမြင်ကွင်းကိုတွေ့ပြီး စပ်ဆုပ်ရွံရှာစွာနဲ့ ကြည့်နေကြတယ်။ သားဖြစ်သူကတော့ အေးဆေးတည်ငြိမ်စွာနဲ့ ရှိနေတယ်။
အစာစားပြီးတဲ့အခါ သားဖြစ်သူက ရှက်ကြောက်ရွံရှာခြင်းမရှိပဲ ဖခင်ကို ဆေးကြောသန့်စင်ခန်းကို တည်ငြိမ်စွာနဲ့ ခေါ်သွားတယ်။ အဝတ်အစားတွေပေါ်မှာ ပေကျံနေတဲ့ အစားအစာတွေ၊ အစွန်းအထင်းတွေကို ဆေးကြော သန့်စင်ပေးလိုက်တယ်။
ဆိုင်က ပြန်ထွက်ခါနီးမှာ စားသောက်ဆိုင်ထဲရှိ လူအားလုံးက သူတို့ကို 'လူကြားထဲ ရှက်ကြောက်ရကောင်းမှန်း မသိကြဘူးလား' ဆိုတဲ့ အကြည့်တွေနဲ့ ကြက်သေသေပြီး ကြည့်နေကြတယ်။
သားဖြစ်သူလည်း ကောင်တာမှာ ငွေရှင်းပြီး ဖခင်နဲ့အတူ လျှောက်ထွက်လာခဲ့တယ်။
အဲဒီအချိန် ဆိုင်မှာလာစားနေတဲ့ အဖိုးအိုတစ်ဦးက သားဖြစ်သူကို လှမ်းခေါ်လိုက်ပြီး...
“လူကလေး! ဒီမှာ တစ်ခုခုကျန်ခဲ့ပြီလို့ မထင်ဘူးလား...” လို့ မေးလိုက်တယ်။
သားဖြစ်သူက “ဘာမှ မကျန်ခဲ့ဘူး အဖိုး..." လို့ ပြန်ဖြေလိုက်တော့ အဖိုးအိုက...
"ကျန်ခဲ့တာပေါ့ လူကလေး...! သားတွေအတွက် သင်ခန်းစာနဲ့ ဖခင်တွေအတွက် မျှော်လင့်ချက်တွေ.......။