စာလုံးပေါင်း မှားနေလို့ပါ...
ညနေမှောင်ရီ သန်းနေချိန် ဖြစ်သည်။ ကိုဘမောင်တယောက် အိမ်ပြန်နောက်ကျနေ၍ သုဿာန်ကိုဖြတ်ပြီး ဖြတ်လမ်းက ပြန်ရန် ဆုံးဖြတ်လိုက်သည်။
သုဿာန်ထဲ ဖြတ်နေချိန် တတောက်တောက်နှင့် ထုရိုက်နေသည့် အသံကို ကြားလိုက်သည်။ ကိုဘမောင် ကြောက်စိတ်တွေ စပြီး ဝင်လာသည်။ အသံက တဖြည်းဖြည်း ကျယ်လောင်လာသည်။ ကိုဘမောင်တယောက် အကြောက်လွန်လာပြီး အသက်ရှုနှုန်းတွေလည်း မြန်လာသည်။
ထို့နောက် လူတယောက် အုတ်ဂူပေါ်မှာ စာလုံးတွေ ထုဆစ်နေသည်ကို သတိပြုမိလိုက်သည်။ ထိုလူအနား ကပ်သွားပြီး...
"တော်ပါသေးရဲ့ဗျာ... ကျုပ်က သရဲခြောက်တယ် ထင်နေတာ... ဒါနဲ့ နေပါဦး ခင်ဗျားက ဘာဖြစ်လို့ ဒီအချိန်ထိ အလုပ်လုပ်နေတာလဲ....?"
"သူတို့ ကျုပ်နာမည်ကို စာလုံးပေါင်းထားတာ မှားနေလို့ဗျာ..."
"ဝှစ်... "