ဘယ်သူမှ မငတ်ကြဘူး...
"ယောကျ်ား! ကျမမှာ မဝတ်တော့တဲ့ အဝတ်အစားတွေ အများကြီးရှိတယ်... သူများတွေကို ပေးလိုက်မယ်..."
"ဘာဖြစ်လို့ ပေးနေမှာလဲကွာ... အမှိုက်ပုံးထဲသာ ပစ်ထည့်လိုက်ပါ... ပိုတောင် လွယ်သေး..."
"အိုး ရှင်ကလည်း... ငတ်ပြတ်နေတဲ့ ဆင်းရဲသားတွေ အများကြီး ရှိနေတာပဲကို... သူတို့ ဝတ်ကြမှာပေါ့..."
"ဒီမှာ မိန်းမ! မင်းရဲ့ အဝတ်အစားတွေကို ဝတ်လို့ တော်တဲ့သူမှန်သမျှ ဘယ်သူမှ မငတ်ကြဘူး..."
""