မင်္ဂလာဆောင်...
အမျိုးသားတစ်ယောက် လက်ထပ်မင်္ဂလာ အခမ်းအနား တစ်ခုကို သွားတယ်။ အခမ်းအနား ကျင်းပနေတဲ့ ဟော်တယ်ကို ရောက်တော့ အ၀င်တံခါး ၂ ခုမှာ အောက်ပါအတိုင်း ရေးထားတယ်...
(တံခါး ၁) 'သတို့သမီးဘက်မှ ဆွေမျိုးများ'
(တံခါး ၂) 'သတို့သားဘက်မှ ဆွေမျိုးများ'
သူလည်း 'သတို့သားဘက်မှ ဆွေမျိုးများ' လို့ ရေးထားတဲ့ တံခါးကို ဖွင့်ပြီး ၀င်သွားလိုက်တယ်။ အထဲရောက်တော့ အောက်ပါအတိုင်း ရေးထားတဲ့ တံခါး ၂ ခုကို တွေ့ပြန်တယ်။
(တံခါး ၁) 'အမျိုးသမီးများ'
(တံခါး ၂) 'အမျိုးသားများ'
ဒီလိုနဲ့ သူလည်း 'အမျိုးသားများ' လို့ ရေးထားတဲ့ တံခါးကို ဖွင့်ပြီး ၀င်လိုက်ပြန်တယ်။ ဒါပေမယ့် အထဲရောက်တော့ အောက်ပါအတိုင်း ရေးထားတဲ့ တံခါး ၂ ခုကို ထပ်မံတွေ့ရှိပြန်တယ်။
(တံခါး ၁) 'လက်ဖွဲ့ပစ္စည်း ပါသူများ'
(တံခါး ၂) 'လက်ဖွဲ့ပစ္စည်း မပါသူများ'
သူက လက်ဖွဲ့ပစ္စည်း ပါမလာတဲ့အတွက် ဒုတိယတံခါးကို ဖွင့်ပြီး ၀င်သွားလိုက်တယ်။
အဲဒီနောက် သူ့ကိုယ်သူ ဟော်တယ်အပြင်ဘက် ရောက်နေတာကို သိလိုက်ရတယ်....။







