၁ မိနစ် စောင့်ပါ...
လူတစ်ယောက်က ဘုရားသခင်ကို မေးတယ်...
"နှစ်ပေါင်း ၁ သန်းက အချိန်ဘယ်လောက်ကြာပါသလဲ ခင်ဗျား...?"
"ငါဘုရားသခင်အတွက်တော့ ၁ မိနစ်ပါပဲ..."
"ဒေါ်လာ ၁ သန်းဆိုရင်ရော တန်ဖိုးဘယ်လောက်ရှိပါသလဲ ခင်ဗျား...?"
"ငါဘုရားသခင်အတွက်တော့ ပြားစေ့တစ်စေ့ပါပဲ..."
"အို ဘုရားသခင်! အကျွန်ုပ်ကို ပြားစေ့တစ်စေ့လောက် မစတော်မူပါ..."
"၁ မိနစ် စောင့်ပါ..."