ဇနီးပျောက် ရှာပုံတော်...
အမျိုးသားတစ်ယောက်ဟာ စူပါမားကတ်ထဲမှာ စျေးဝယ်နေတဲ့ အမျိုးသမီးတစ်ယောက် အနားကို ချဉ်းကပ်ပြီး "ဒီစူပါမားကတ်ထဲမှာ ကျုပ်ဇနီး ပျောက်နေလို့ဗျာ... ဒါနဲ့ ကျုပ်နဲ့ နှစ်မိနစ်လောက် စကားပြောလို့ ရမလား...?"
"ဘာဆိုင်လို့လဲ...?" အမျိုးသမီးက ဇဝေဇဝါအကြည့်နဲ့ ပြန်ပြောလိုက်တယ်။
ဒီအခါ အမျိုးသားက...
"ဒီလိုပါဗျာ... ချောချောလှလှလေးတွေနဲ့ ကျုပ် စကားပြောနေရင် ကျုပ်မိန်းမက ဘယ်နေရာကဘယ်လို ပေါ်လာမှန်းကို မသိဘူး... အဲဒါကြောင့်မို့ပါ....."
"တိန်...."







