Greta Thunberg...
ယခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ၂၀၂၀ အတွက် လျာထားသူ စုစုပေါင်း ၃၁၈ ဦး ရှိသည်။ ၂၁၁ ဦးမှာ တစ်သီးပုဂ္ဂလများ ဖြစ်ပြီး၊ ၁၀၇ ဦးက အဖွဲ့အစည်းများမှ ဖြစ်သည်။ ဆုအတွက် ရှေ့ပြေးနေသူများထဲတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ အသက် ၁၇ နှစ်အရွယ် Greta Thunberg လည်း အပါအဝင်ဖြစ်သည်။ သူမကို နော်ဝေးဥပဒေပြုအမတ် ၃ ဦးနှင့် ဆွီဒင်ပါလီမန် အဖွဲ့ဝင် ၂ ဦးတို့က အမည်စာရင်း တင်သွင်းခဲ့သည်။ သူမအနေဖြင့် ဆုရရှိခဲ့ပါက ကမ္ဘာ့အသက်ငယ်ဆုံး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်လာမည်။
Greta Thunberg အကြောင်း တစ်စေ့တစ်စောင်း...
Thunberg ကို ၂၀၀၃ ဇန်နဝါရီ ၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူမဟာ ဆွီဒင်လူမျိုး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်သည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းများကို လူသားများ ရင်ဆိုင်နေရသည့်အပေါ် သူမ၏ ရှုထောင့်အမြင်မှ ချပြခဲ့သည့်အတွက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ Thunberg ကို သူမ၏ ငယ်ရွယ်မှုနှင့် ရိုးရှင်းသော စကားပြောဟန်များကြောင့် လူသိများသည်။ စည်းဝေးပွဲများတွင် ကမ္ဘာ့ခေါင်းဆောင်များအား ကမ္ဘာ့ရာသီဥတုအကျပ်အတည်းများကို ဖြေရှင်းရန် လုံလောက်သော အရေးယူဆောင်ရွက်မှုများ မရှိခြင်းအတွက် ဝေဖန်ထောက်ပြခဲ့သည်။
Thunberg သည် မိဘများအား ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို လျှော့ချရန် လူနေမှုဘဝပုံစံတွေကို ပြောင်းလဲကျင့်သုံးဖို့ စည်းရုံးခဲ့သည့် အချိန်မှစ၍ သူမ၏ လှုပ်ရှားမှုအား စတင်ခဲ့သည်။ ၂၀၁၈ သြဂုတ်လ သူမအသက် ၁၅ နှစ်အရွယ်တွင် ကျောင်းမသွားပဲ ဆွီဒင်ပါလီမန် အပြင်ဘက်တွင် "School strike for climate" ဟု ရေးထားသည့် ဆောင်ပုဒ်ကို ကိုင်ဆောင်ပြီး ရာသီဥတုပြောင်းလဲမှုအပေါ် ပိုမိုထိရောက်သည့် အရေးယူဆောက်ရွက်မှုများ ပြုလုပ်ဖို့ တောင်းဆိုခဲ့သည်။ မကြာခင်မှာပဲ အခြားကျောင်းသားများကလည်း သူတို့ရဲ့ နေရာဒေသများတွင် အလားတူ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ကျောင်းသားအားလုံး စုစည်းပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုကြီးကို Fridays for Future ဟူသော အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။ Thunberg သည် ၂၀၁၈ ကုလသမဂ္ဂဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းနောက်မှစ၍ ကမ္ဘာ့အချို့နေရာများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျောင်းသားလှုပ်ရှားမှုများ အပတ်စဉ် ဖြစ်ပွားခဲ့သည်။ ၂၀၁၉ တွင် ကျောင်းသားပေါင်း ၁ သန်းကျော် ပါဝင်သည့် မြို့ပြပေါင်းစုံ ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။ လေယာဉ်ကို ရှောင်ရှားဖို့ မြောက်အမေရိကသို့ ရွက်လွှင့်ခဲ့ပြီး ၂၀၁၉ ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အရေးယူဆောင်ရွက်မှု ညီလာခံကို တက်ရောက်ခဲ့သည်။ သူမ၏ မိန့်ခွန်းတွင် သုံးစွဲခဲ့သည့် "how dare you" ဆိုသည့် အသုံးအနှုန်းကို စာနယ်ဇင်းများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပြီး ဂီတတွင်လည်း ထည့်သွင်း သုံးစွဲခဲ့သည်။
Thunberg ၏ ရုတ်တရက် ကျော်ကြားလာမှုသည် သူမအား ခေါင်းဆောင်တစ်ဦး ဖြစ်စေခဲ့ရုံသာမက ဝေဖန်ရေးသမားများအတွက်လည်း ပစ်မှတ်တစ်ခု ဖြစ်စေခဲ့သည်။ သူမ၏ ကမ္ဘာ့ဇာတ်ခုံပေါ် သြဇာလွှမ်းမိုးနေမှုကို ဂါးဒီးယန်းသတင်းစာနှင့် အခြားသတင်းစာများက "Greta effect" ဟု ဖော်ပြခဲ့သည်။ သူမဟာ Honorary Fellowship of the Royal Scottish Geographical Society ဆု ရရှိခဲ့ပြီး၊ Time မဂ္ဂဇင်း၏ ဩဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ နှင့် တစ်နှစ်တာ အသက်အငယ်ဆုံးပုဂ္ဂိုလ်၊ Forbes မဂ္ဂဇင်း၏ ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီး ၁၀၀ စသည့် စာရင်းများတွင် ဖော်ပြခံခဲ့ရသည်။ ထို့ပြင် ၂၀၁၉ ကလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် လျာထားခံခဲ့ရသူတစ်ဦး ဖြစ်သည်။
ref;nobelprize.org, wikipedia, cnet
- (အရှေ့သို့) မီးမီးနဲ့... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ဒေါကျတာ ဘဘေီ... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'