I love you, sweetheart...
ဆွေးနွေးပွဲမှာ အကြီးအကဲဖြစ်သူ တစ်ဦးက... "ခင်ဗျားတို့ အားလုံးထဲမှာ ဇနီးသည်ကို ချစ်တဲ့သူ ဘယ်နှစ်ယောက်ပါသလဲ..." လို့ စပြီးမေးလိုက်သည်။
အမျိုးသားအားလုံးက သူတို့ရဲ့ ဇနီးသည်တွေကို ချစ်ကြောင်း လက်တွေ မြှောက်ပြလိုက်သည်။
ထိုအခါ အကြီးအကဲက... "ဒါဆိုရင် ခင်ဗျားတို့ ဇနီးသည်တွေကို 'ချစ်ပါတယ်' လို့ နောက်ဆုံးပြောခဲ့တဲ့ အချိန်က ဘယ်အချိန်လဲ..." လို့ ဆက်ပြီး မေးလိုက်သည်။
တစ်ချို့ကလည်း ဒီနေ့.. တစ်ချို့ကျတော့လည်း မနေ့က.. အများစုကတော့ မမှတ်မိတော့ဘူးလို့ အသီးသီး ပြန်ဖြေကြသည်။ အဲဒီနောက် အကြီးအကဲက သူတို့ရဲ့ ဇနီးသည်တွေ အားလုံးထံ စမတ်ဖုန်းတွေကနေတစ်ဆင့် "I love you, Sweetheart." ဆိုတဲ့ စာသားကို ရေးပြီး sms ပို့ခိုင်းလိုက်သည်။
ဇနီးသည်တွေက ပြန်ပြီးပို့လာမယ့် မက်ဆေ့တွေကိုလည်း သူတို့ထဲက အခြားအမျိုးသားတွေလည်း သိခွင့်ရအောင် စမတ်ဖုန်းတွေကို အလဲအလည်လုပ်ပြီး ဖတ်ရှုခိုင်းလိုက်သည်။
ဇနီးသည်တွေက ပြန်ပို့လာတဲ့ sms မက်ဆေ့အချို့ကတော့....
၁။ "ရှင်ဘယ်သူလဲ?"
၂။ "လာပြန်ပြီလား? ဒီအရက်တွေကို ဆက်မသောက်ပါနဲ့တော့လို့ ရှင့်ကို ကျမပြောထားတယ် မဟုတ်လား?"
၃။ "ဒီမက်ဆေ့က တကယ် ဘယ်သူ့ကို ရည်ရွယ်တာလဲဆိုတာ မပြောရင်တော့... ဒီနေ့ ရှင် သေဖို့သာ ပြင်ထားပေတော့..."
၄။ "ကျမ အိပ်မက် မက်နေတာတော့ မဟုတ်ပါဘူးနော်?"
၅။ "ဒါက သီချင်းသံစဉ် အသစ်လား?"
၆။ "ရှင်က ဘာကို ဆိုလိုချင်တာလဲ?"
၇။ "ရှင် ဘာတွေ လုပ်ခဲ့ပြန်ပြီလဲ? ဒီတစ်ကြိမ်တော့ ကျမ ခွင့်လွှတ်မှာ မဟုတ်ဘူးနော်?"
၈။ "ရှင် ငွေလိုနေပြန်ပြီပေါ့... ဟုတ်လား?"
၉။ "ဒါ တစ်ချိန်တုန်းကပါ... အခုတော့ မဟုတ်ပါဘူး.."
၁၀။ "ရှင် တခြားအမျိုးသမီး တစ်ယောက်နဲ့ ဘာဇတ်လမ်းတွေ ရှုပ်ထားပြီလဲ...?"








- (အရှေ့သို့) HOW WOULD YOU LIKE TO BE REMEMBERED? ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် အသက်နဲ့ ရင်းပြီး ပညာသင်ယူနေကြသူများ Fujifilm X Pro1 Review - Digital Camera ကမ္ဘာ့ အကောင်းဆုံး အလှအပရေးရာနည်း ၁၃ သွယ်Android version 1.6 မှ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ