လူ (၃)မျိုး...

တစ်နေ့မှာ ပညာရှိက လူငယ်တစ်ဦးကို ကစားစရာ အရုပ်သုံးခု ပြပြီး ကွဲလွဲမှုများကို ရှာခိုင်းသည်။ အရုပ်သုံးခုစလုံးသည် ၎င်းတို့၏ ပုံသဏ္ဏာန်၊ အရွယ်အစားနှင့် အသုံးပြုထားသည့် ပစ္စည်းများအားလုံး တူညီကြသည်။ လူငယ်က အရုပ်တစ်ခုချင်းစီကို စိတ်ဝင်တစား လေ့လာခဲ့သည်။ ပထမအရုပ်တွင် နားနစ်ဖက်တွင် အပေါက်များ ပါရှိသည်။ ဒုတိယအရုပ်တွင် နားတစ်ဖက်နှင့် ပါးစပ်တွင် အပေါက်များ ပါရှိသည်။ တတိယ အရုပ်တွင်မူ နားတစ်ဖက်တည်း၌သာ အပေါက် ပါရှိသည်။

ထို့နောက် ပညာရှိက လူငယ်ကို အပ်ချောင်း အရှည် အချို့ပေးပြီး အရုပ်၏ အပေါက်ထဲကို ထည့်ခိုင်းသည်။

လူငယ်က ပထမအရုပ်၏ နားပေါက်ထဲသို့ အပ်တစ်ချောင်း ထည့်လိုက်သည်။ အပ်သည် အခြားနားပေါက် တစ်ဖက်မှ ပြန်ထွက်သွားသည်။

ဒုတိယအရုပ်တွင် အပ်ကို နားထဲ ထည့်လိုက်သည့်အခါ အပ်သည် ပါးစပ်ပေါက်ကနေ ပြန်ထွက်လာသည်။

တတိယ အရုပ်တွင်မူ အပ်ကို နားပေါက်ထဲ ထည့်လိုက်သည့်အခါ အပ်သည် မည်သည့်နေရာကမှ ထွက်မလာခဲ့ပေ။

ထို့နောက် ပညာရှိက လူငယ်ကို ရှင်းပြသည်။

"ပထမဆုံးအရုပ်က သင့်ရဲ့ အဝန်းအဝိုင်းက လူတွေကို ကိုယ်စားပြုတယ်... သင့်ရဲ့ အခက်အခဲ ပြဿနာတွေကို သူတို့ကို ပြောပြတဲ့အခါ သူတို့က ဂရုတစိုက် နားထောင်နေပါတယ် ဆိုတာ သင် အထင်ရှိအောင် ဟန်ဆောင်နေတတ်တဲ့ လူမျိုးတွေ... ပထမအရုပ်လိုပဲ... တစ်ဖက်နားက ဝင်တဲ့အပ်က အခြားတစ်ဖက်ကနေ ပြန်ထွက်သွားတယ်... သူတို့ကို အားကိုးတစ်ကြီးနဲ့ ပြောလိုက်တဲ့ စကားတွေက သူတို့နဲ့ ကြာကြာမနေဘူး... ခဏအတွင်း ပျောက်ကွယ်သွားတယ်... ဘဝမှာ ဒီလို လူအမျိုးအစားတွေ အများကြီးရှိတယ်... ဒါကြောင့် သင့်ရဲ့ ပြဿနာတွေကို သူတို့နဲ့ ပြောဆိုဆွေးနွေးတဲ့အခါ သတိပြုရမယ်..."

"ဒုတိယအရုပ်နဲ့တူတဲ့ လူအမျိုးအစားက သင့်ရဲ့ ပြဿနာအားလုံးကို ဂရုတစ်စိုက်တဲ့ နားထောင်တယ်... အလေးအနက်ထားခြင်ယောင် ဆောင်တယ်... ဒုတိယအရုပ် ဥပမာလိုပဲ နားထဲ ရောက်သွားတဲ့ စကားတွေက သူတို့ ပါးစပ်ပေါက်ကနေ ပြန်ထွက်သွားတယ်... သင် အားကိုးတစ်ကြီးနဲ့ ရင်ဖွင့်လိုက်တဲ့ ပြဿနာတွေ အားလုံးကို သူတို့က အခြားသူတွေထံ တစ်ဆင့်ပြန်လည် ဖောက်သည်ချတယ်... နောက်ပြီး သင့်ကွယ်ရာမှာ လှောင်ပြောင် ရယ်မောကြတယ်... သင့်ရဲ့ လျှို့ဝှက်ချက်တွေကို သူတို့ ကိုယ်ကျိုးစီးပွားအတွက် ထုတ်သုံးကြတဲ့ သူတွေဖြစ်တယ်..."

"တတိယအရုပ်မှာတော့ ထည့်လိုက်တဲ့ အပ်က ဘယ်နေရာကမှ ပြန်ထွက်မလာဘူး... သင့်ရဲ့ ပြဿနာတွေကို ဒီလို လူအမျိုးအစားတွေနဲ့ ပြောဆို တိုင်ပင်သင့်တယ်... သင်က ဖွင့်ဟလိုက်တဲ့ လျှို့ဝှက်ချက်တွေ... ပြဿနာတွေကို သူတို့က အမြဲတမ်း ထိပ်တန်းလျှို့ဝှက်ချက် တစ်ခုအနေနဲ့ သဘောထားတယ်... ဘယ်သူ့ကိုမှ တစ်ဆင့်ပြန်လည် ဖောက်သည်မချဘူး... အားကိုးထိုက်တဲ့ သူတွေဖြစ်တယ်... ဒါပေမယ့် ဒီလို လူအမျိုးအစားက အင်မတန် ရှားပါးတယ်..."

(ဘဝမှာ အချို့သော သူတွေဟာ သူတို့လိုချင်တဲ့အရာတွေရရှိဖို့ သူတို့မဟုတ်သလို ဟန်ဆောင်တတ်ကြတယ်။ သင့်နဲ့ ပြုံးပြုံးရွှင်ရွှင် ရှိနေတဲ့ သူတိုင်းကလည်း သင့်ရဲ့ မိတ်ဆွေတွေတော့ မဟုတ်ကြပါဘူး။ အမြဲတမ်းသစ္စာရှိပြီး ယုံကြည်စိတ်ချထိုက်တဲ့ သူတွေနဲ့သာ ပေါင်းသင်းဆက်ဆံပါ။ သင်ပြောသမျှကို နားထောင်ပေးတဲ့ သူတိုင်းဟာ သင် အလိုအပ်ဆုံးအချိန် အမြဲတမ်း အားကိုးအားထား ပြုရတဲ့သူတွေ မဟုတ်ဘူးဆိုတာ မမေ့ပါနှင့်။)

@moral_stories


(lwanmapyay.blogspot.comFacebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...