True love never fades...

Read
နံနက် ၈:၃၀ ခန့်၊ အသက် ၈၀ ကျော်အရွယ် အဖိုးအိုတစ်ယောက် လက်ဒဏ်ရာက ချုပ်ရိုးတွေ ဖယ်ရှားဖို့ ကျနော့ဆေးခန်းကို ရောက်လာတယ်။ သူက နံနက် ၉း၀၀ နာရီမှာ သွားစရာတစ်ခု ရှိနေတဲ့အတွက် အလျင်စလို ဖြစ်နေတယ်လို့ ကျနော်ကို ပြောတယ်။ ကျနော်လည်း လူနာတွေ များနေလို့ သူ့ကို ထိုင်ခုံမှာ ထိုင်စောင့်ဖို့ ပြောလိုက်တယ်။

အဖိုးက သူ့လက်ထဲက နာရီကို မကြာခဏ ကြည့်နေတာကို ကျနော် သတိထားမိလိုက်တယ်။ ဒါနဲ့ ကျနော်လည်း သူ့ကို အရင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အနာကို စစ်ဆေးကြည့်တော့ အနာက ကောင်းကောင်း ကျက်နေပြီ။ ဒါနဲ့ ကျနော်လည်း လိုအပ်တဲ့ ပစ္စည်းတွေကို ယူပြီး အနာချုပ်ရိုးတွေကို ဖယ်ရှားပေးလိုက်တယ်။ အနာကို လိုအပ်တာတွေ လုပ်ပေးနေစဉ် အဖိုးကို ကျနော်က "ဘာတွေ အရေးတစ်ကြီး ရှိနေလို့လဲ အဖိုး...?" ဆိုပြီး မေးလိုက်တယ်။ အဖိုးက နံက် ၉ နာရီမှာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာမှာရှိတဲ့ ဇနီးဖြစ်သူနဲ့ နံက်စာ သွားစားဖို့လို့ ပြောတယ်။ ကျနော်က ဇနီးဖြစ်သူရဲ့ ကျန်းမာရေးကို မေးကြည့်တော့ ဇနီးသည်မှာ အယ်လ်ဇိုင်းမားရောဂါ ရှိတယ်လို့ ရှင်းပြတယ်။

အဖိုးသွားတာ နောက်ကျရင် သူစိတ်ဆိုးနေမှာလားလို့ ကျနော်က မေးကြည့်တော့ အဖိုးက...

“အဖိုး ဘယ်သူဘယ်ဝါဆိုတာ သူ မသိတော့ပါဘူး... အဲဒီရောဂါကြောင့် အဖိုးကို မမှတ်မိတာ ၅ နှစ် ရှိနေပါပြီ..." လို့ ပြန်ဖြေတယ်။

ကျနော် အရမ်းအံ့သြသွားပြီး “ဒါတောင် အဖိုးက မနက်တိုင်းသွားပြီး နံက်စာ အတူသွားစားနေတုန်းပဲလား...?" လို့ မေးလိုက်တယ်။

ဒီအခါ အဖိုးက တစ်ချက် ပြုံးလိုက်တယ်။ အဲဒီနောက် ကျနော့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး ပြောလိုက်တယ်...

“သူက အဖိုးကို မသိတော့ပေမယ့်... အဖိုးက သူ့ကို သိနေသေးတယ်လေ....."


(lwanmapyay.blogspot.comFacebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...