ကိတ်မုန့်...
"ယောကျ်ား! ရှင် ပြန်လာရင် ကိတ်မုန့်၀ယ်လာဖို့ မမေ့နဲ့နော်... ရှင့်ရည်းစား မယ်ရီလည်း ဒီမှာ စောင့်နေတယ်..." 

"မယ်ရီဆိုတာက ဘယ်သူလဲကွ...?" 

"အော် ဘယ်သူမှ မဟုတ်ပါဘူး... အလကား စတာပါ... ရှင် ကျမပို့လိုက်တဲ့ မက်ဆေ့ကို တွေ့၊ မတွေ့ သေချာအောင်လို့..." 
"ဒါနဲ့ နေဦးကွ... မယ်ရီဆိုတဲ့ အမျိုးသမီးက အခု ငါနဲ့အတူ ရှိနေတယ်... မင်း ငါ့တို့ကို တွေ့သွားပြီ ထင်နေတာ..." 

"ဘာပြောတယ်!!! ရှင်တို့ အခု ဘယ်မှာလဲ...?" 

"ကိတ်မုန့်ဆိုင်နားမှာ ရှိနေတယ်..." 

"စောင့်!!! ကျမ အခုလာခဲ့မယ်... တွေ့ကြသေးတာပေါ့..." 

၅ မိနစ်ကြာပြီးတဲ့နောက် ဇနီးက ခင်ပွန်းဖြစ်သူကို မက်ဆေ့ ထပ်ပို့လိုက်သည်။
"ကျမ ကိတ်မုန့်ဆိုင်နား ရောက်နေပြီ... ရှင်တို့က ဘယ်မှာလဲ...?" 

"ငါက အလုပ်မှာပဲ... အခု ကိတ်မုန့်ဆိုင်နား ရောက်နေပြီဆိုရင် ကိတ်မုန့်ပါ ဝယ်သွားလိုက်တော့နော်..." 

"


..."
