"Lucky Wright..."



၁၉၄၄ ခုနှစ်၊ အောက်တိုဘာလမှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ၊ Sint Truiden အနီးရှိ USAAF လေယာဉ်ကွင်းမှာ အမှတ် ၄၀၄ တိုက်လေယာဉ်အဖွဲ့မှ အမေရိကန် လေတပ်ဗိုလ်ကြီး Edwin Wright က လေယာဉ်ပစ် အမြောက်ကနေ ပစ်လိုက်တဲ့ လေကွဲကျည်ထိမှန်ပြီး ပျက်စီးသွားတဲ့ သူရဲ့ P-47 Thunderbolt တိုက်လေယာဉ်ကို ပြသနေတာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် Edwin Wright ဟာ အနောက်ဂျာမနီ Munster ကနေ ၃၉ ကြိမ်မြောက် မစ်ရှင်ကနေ ပြန်ရောက်လာတဲ့အချိန် ဖြစ်ပါတယ်။ သူ့ရဲ့ တိုက်လေယာဉ် ပန်ကာရွက်ကို အမြောက်ကျည် ထိမှန်ခဲ့ပေမယ့် လေယာဉ်ပေါ်ကနေ ဗုံတွေ ဆက်လက်ကြဲချပြီး သူ့ရဲ့မစ်ရှင်ကို ပြီးဆုံးအောင် ထမ်းဆောင်ခဲ့တယ်။ အဲဒီနောက် လေတပ်အခြေစိုက်စခန်းကို ပြန်လာခဲ့တယ်။ အခြေစိုက်စခန်းကို ပြန်ရောက်တဲ့အခါ လေယာဉ်ပန်ကာရွက်ပေါ်မှာ ထုတ်ချင်းပေါက်နေတဲ့ အချင်းမီတာ ၈ လက်မရှိ အပေါက်တစ်ခုကို သူ တွေ့ရှိခဲ့တယ်။ အကယ်၍ ကျည်ထိမှန်ချိန် ပန်ကာရွက်ဟာ ထပ်ပိုင်းပြတ်တောက်သွားမယ်ဆိုရင် လေယာဉ်ပျက်ကျပြီး သူလည်း အသက်ရှင်နိုင်စရာအကြောင်း မရှိပေ။ ဒီအဖြစ်အပျက်ဟာ Wright အတွက် ၆ ကြိမ်မြောက် ကြုံတွေ့ခဲ့ရတာဖြစ်ပြီး၊ သူဟာ 'Lucky Wright' ဆိုပြီး လူသိများလာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း Wright ဟာ P-47 Thunderbolts တိုက်လေယာဉ်နဲ့ ဥရောပခရီးစဉ် စုစုပေါင်း ၈၈ ခု ပျံသန်းခဲ့တယ်။ သူဟာ ၁၉၄၆ ခုနှစ်မှာ စစ်တပ်ကနေ အနားယူ ခဲ့တယ်။ ဒါပေမယ့် ၁၉၅၀ ခုနှစ် ကိုရီးယားစစ်ပွဲဖြစ်တော့ သူ့ကို ထပ်မံခေါ်ယူခဲ့တယ်။ ဒီနောက် သူဟာ အမေရိကန်လေတပ်ကနေ ဗိုလ်မှူးအဆင့်နဲ့ အနားယူခဲ့တယ်။ ၁၉၅၉ ခုနှစ် သူ့အသက် ၃၄ နှစ်အရွယ်မှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်...။

Source:Roger Freeman Collection/American Air Museum in Europe/IWM (FRE 9553)


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...