HOW WOULD YOU LIKE TO BE REMEMBERED?
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ခန့်က အမျိုးသားတဦး နံနက်ခင်းသတင်းစာ တစောင်ကို ဖတ်နေသည်။ နာရေးသတင်းကော်လံကို ကြည့်လိုက်သည့်အခါ သူဟာ ရုတ်တရက် အံ့အားသင့် ထိတ်လန့်သွားခဲ့သည်။ အဆိုပါ သတင်းကော်လံတွင် သူ၏ နာရေးသတင်းကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ သတင်းစာတိုက်ကလည်း နာရေးသတင်း မှားယွင်းဖော်ပြမိကြောင်း အကြောင်းကြားလာသည်။ ထို့နောက် သူ့စိတ်ကို တည်ငြိမ်စွာ ပြန်ထားပြီး သူ့အကြောင်း လူတွေက ဘာတွေရေးထားသလဲဆိုတာ သိချင်၍ ဆက်ဖတ်လိုက်သည်။
အဆိုပါ နာရေးသတင်းတွင် "ဒိုင်းနမိုက်ဘုရင်ကွယ်လွန်" ဟု ခေါင်းစဉ် တပ်ထားသည်။ ထို့ပြင် "သေမင်းတမန်" ဟုလည်း ဖော်ပြထားသည်။
သို့သော် “သေမင်းတမန်” ဟူသော စကားလုံးကို သူ သဘောမကျပေ။ ထိုစကားလုံးကို အကြိမ်ကြိမ် ဖတ်ပြီး "ငါသေရင် လူတွေက ငါ့ကို ဒီလိုအမှတ်ရ နေကြမှာလား...?" ဟု သူ့ကိုယ်သူ မေးခွန်း ထုတ်လိုက်သည်။
သူ့ရဲ့ခံစားချက်တွေကို သိပြီး "ဒီလို အမှတ်ရနေတာမျိုး မလိုချင်ဘူး..." ဟု ဆိုကာ တစုံတရာလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
ထိုနေ့မှစ၍ သူသည် ငြိမ်းချမ်းရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ စတင်လုပ်ဆောင်ခဲ့သည်။
သူကတော့ ဒိုင်းနမိုက်ကို တီထွင်ခဲ့သူ ဆွီဒင်လူမျိုး အဲဖရက်နိုဘယ်လ် ဖြစ်သည်။
သူ့ရဲ့နောက်ဆုံးဆန္ဒအတိုင်း သူ့ပိုင်ဆိုင်မှုများနှင့် နိုဘယ်လ်ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းတခုကို တည်ထောင်ခဲ့သည်။
အဆိုပါ ဖောင်ဒေးရှင်းမှတဆင့် ယနေ့တိုင် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုများကို ကမ္ဘာတစ်ဝှမ်း နှစ်စဉ် ပေးအပ်ချီးမြှင့်ကာ ငြိမ်းချမ်းရေး ဖခင်ကြီးအဖြစ် သူ့အား အမှတ်တရ ရှိနေတော့သည်......။
- (အရှေ့သို့) ဖိုးသက်ရှည်... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမ်ိဳးသမီးေတြ အတြက္ေဆးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ
- (အနောက်သို့) I love you, sweetheart... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမ်ိဳးသမီးေတြ အတြက္ေဆးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ