ဒေါသကို ထိန်းချုပ်ခြင်း...

တစ်ခါတုန်းက ဒေါသကို ထိန်းချုပ်လို့မရတဲ့ လူငယ်တစ်ယောက် ရှိတယ်။ သူ ဒေါသထွက်တဲ့အခါ စိတ်ထဲမှာရှိတဲ့အတိုင်း တစ်ဖက်သားကို မဆင်မခြင် ပြောလေ့ရှိတယ်။

တစ်နေ့မှာ ဖခင်ဖြစ်သူက သူ့ကို တူတစ်ချောင်း နဲ့ အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး..."ငါ့သား! မင်း တစ်စုံတစ်ယောက်ကို ဒေါသထွက်တဲ့အခါတိုင်း အိမ်နောက်ဖေးက ခြံစည်းရိုးနံရံမှာ သံချောင်းတစ်ချောင်း ရိုက်ထည့်လိုက်ပါ...” ဆိုပြီး ပြောလိုက်တယ်။

ပထမနေ့တွေမှာ လူငယ်ဟာ ဒေါသထွက်လိုက် ခြံစည်းရိုးမှာ သံရိုက်ထည့်လိုက်နဲ့ သံတစ်ဝက် ကုန်သွားတယ်။ လာမယ့် သီတင်းပတ်တွေမှာတော့ သူ့ဒေါသကို အနည်းငယ် ထိန်းချုပ်လာနိုင်တဲ့အတွက် သံအနည်းငယ်သာ ကုန်ခဲ့တယ်။

အဲဒီနောက် သူ့စိတ်ကို ချုပ်တည်းလာနိုင်တဲ့အတွက် ခြံစည်းရိုးနံရံက သံတွေကို ပြန်နုတ်ယူဖို့ ဖခင်ဖြစ်သူက သူ့အား တောင်းဆိုခဲ့တယ်။

နောက်ဆုံးကျန်ရှိနေတဲ့ သံတစ်ချောင်းကို နုတ်ယူနေချိန် ဖခင်ဖြစ်သူက “မင်း တော်တယ်... ငါ့သား! ဒါပေမယ့် နံရံပေါ်မှာ ကျန်နေခဲ့တဲ့ သံအပေါက်တွေကို မင်း သတိပြုမိသလား...? ခြံစည်းရိုးဟာ နဂိုပကတိအတိုင်း ဘယ်တော့မှ ဖြစ်မလာတော့ဘူး... အလားတူပဲ မင်းက တစ်စုံတစ်ယောက်ကို ဒေါသနဲ့ ပြောလိုက်တဲ့ အခါမှာလည်း (မိမိက ဒေါသစိတ် ပျောက်သွားသည့်တိုင်) တစ်ဖက်လူရဲ့ စိတ်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေ စွဲကျန်နေခဲ့တယ်... ခြံစည်းရိုးနံရံက သံအပေါက်တွေလိုပေါ့ ငါ့သား..."

(ဒေါသက ဓားတစ်လက်နဲ့ တူတယ်။ အန္တရာယ်အရှိဆုံး လက်နက်တစ်ခု ဖြစ်တယ်။ ဓားဒဏ်ရာက ပျောက်ကင်းသွားပေမယ့် ခန္ဒာကိုယ်ပေါ်မှာတော့ အမာရွတ်တွေ စွဲကျန်နေခဲ့မှာပါ... ဒေါသကလည်း ထိုနည်းတူပါပဲ...။)


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...