"ဒုတိယ ကွန်ဂိုစစ်ကပေးတဲ့ သင်ခန်းစာ"
ဒုတိယ ကွန်ဂိုစစ်ပွဲဟာ ၁၉၉၈ ခုနှစ် သြဂုတ်လမှာ စတင်ခဲ့ပြီး၊ ၂၀၀၃ ဇူလိုင်လမှာ တရား၀င် ပြီးဆုံးခဲ့ပါတယ်။ တစ်ချို့က ၂၀၀၂ မှာ တရား၀င် ပြီးဆုံးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မငြိမ်သက်မှုတွေတော့ ဆက်ပြီး ရှိနေခဲ့ပါတယ်။
တရား၀င် စစ်ပွဲ ပြီးဆုံးခဲ့ပြီးနောက်ပိုင်း ၂၀၁၄ အတွင်းမှာ တစ်ရက်ကို လူပေါင်း (၁၀၀၀)ခန့် နေ့စဉ် သေဆုံးနေပြီး၊ လစဉ် သေဆုံးသူ ဦးရေပေါင်း (၄၅,၀၀၀)ခန့် ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးသူ အများစုဟာ ကူးစက်ရောဂါတွေ၊ အာဟာရ ချို့တဲ့မှုတွေနဲ့ အစားအစာ ငတ်မွတ်ခေါင်းပါး မှုတွေကြောင့် သေဆုံးကြတာ ဖြစ်ပါတယ်။ သေဆုံးသူ ထက်၀က်ခန့်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။
စစ်ပွဲကာလအတွင်းနဲ့ စစ်ဖြစ်ပြီးနောက်ပိုင်း ၂၀၀၈ ကာလအထိ သေဆုံးသူ အရေအတွက် စုစုပေါင်း ၅.၄ သန်း ရှိခဲ့ပါတယ်။ သေဆုံးသူ အများစုဟာ အထက်မှာ ပြောခဲ့သလို ကူးစက်ရောဂါတွေ၊ အာဟာရ ချို့တဲ့မှုတွေနဲ့ အစားအစာ ငတ်မွတ်ခေါင်းပါး မှုတွေကြောင့် ဖြစ်ပါတယ်။
စစ်ပွဲကာလအတွင်း ပြည်သူလူထု သန်းပေါင်းများစွာဟာ ၎င်းတို့ရဲ့ နေအိမ်တွေကို စွန့်ခွာခဲ့ကြရပြီး၊ အိမ်နားနီးချင်း နိုင်ငံတွေမှာ ခိုလှုံခွင့် တောင်းခံခဲ့ကြပါတယ်။
ဒုတိယကွန်ဂိုစစ်ဟာ ပထမကွန်ဂိုစစ်တုန်း ကလိုပဲ အမျိုးသမီးတွေကို အတင်းအဓမ္မပြုကျင့်တာကို စစ်လက်နက်သဖွယ် အသုံးပြုခဲ့ကြပါတယ်။ စစ်ပွဲအတွင်း ထောင်သောင်းချီတဲ့ အမျိုးသမီးတွေဟာ အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်။ အများစုဟာ အုပ်စုလိုက် အဓမ္မပြုကျင့်တာကို ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစစ်ပွဲမှာ အာဖရိကတိုက်က နိုင်ငံပေါင်း (၉)နိုင်ငံနဲ့ သီးခြားလက်နက်ကိုင်အဖွဲ့ (၂၅)ဖွဲ့တို့ တိုက်ရိုက် ပါ၀င်ပတ်သက်ခဲ့ပါတယ်။ အာဖရိကန်သမိုင်းမှာ အသေအပျောက် အများဆုံး စစ်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားပြီးနောက်ပိုင်း သေဆုံးသူ အရေအတွက် အများဆုံး စစ်ပွဲလို့လည်း ဆိုပါတယ်.....။
ref; wikipedia/theguardian/Samir 4one
- (အရှေ့သို့) Why women hate doctors... Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောက်သို့) Gurung လူမျိုးစုတွေရဲ့ ရှေးရိုးရာ တောရိုင်းပျားရည် စုဆောင်းခြင်း... Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်