'တူ' (Chopstick)...
'တူ' တွေကို ဝါး၊ သစ်၊ သတ္ထု၊ ပလတ်စတစ်၊ စတီးလ်၊ ကာဗွန်ဖိုင်ဘာ စတာတွေနဲ့ ထုတ်လုပ်ပါတယ်။ ကမ္ဘာပေါ်မှာ သစ်၊ ဝါးတွေကို အသုံပြုပြီး 'တူ' အမြောက်အများ ထုတ်လုပ်တဲ့နေရာက အာရှတိုက်ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ သူတို့ရဲ့ရိုးရာတစ်ခုအနေနဲ့ တစ်ခါသုံး 'တူ'တွေကို သစ်နဲ့ ဝါးကနေ အများဆုံး ထုတ်လုပ်ပါတယ်။ စျေးပေါပြီး လူကြိုက်နည်းတဲ့ ပလတ်စတစ် 'တူ'တွေလည်း ထုတ်လုပ်သလို တစ်သက်တာ အသုံးပြုနိုင်တဲ့ သတ္ထု၊ စတီးလ် တို့လို 'တူ'တွေကိုလည်း ထုတ်လုပ်ပါတယ်။ တရုတ်က သူ့နိုင်ငံအတွက်ပဲ သစ်တူ၊ ဝါးတူတွေကို ထုတ်လုပ်တာမဟုတ်ပဲ အခြားနိုင်ငံတွေကိုလည်း တင်ပို့ပါတယ်။ ၎င်း အဓိကအများဆုံး တင်ပို့တဲ့ နိုင်ငံကတော့ ဂျပန်နိုင်ငံလို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ သစ်၊ ဝါးနဲ့ ပြုလုပ်ထားတဲ့ တစ်ခါသုံး "တူ" (Chopsticks) တွေကို နှစ်စဉ် ၄၅ ဘီလီယံကျော် အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ဒီ "တူ" တွေ ပြုလုပ်ဖို့ ခုတ်တဲ့ သစ်ပင်အရေအတွက်ကလည်း တနှစ်ကို ပျှမ်းမျှ သန်း ၂၀ ရှိတယ်လို့ သတင်းတခုမှာ ဖတ်ရပါတယ်။
ဒါဟာ တရုတ်နိုင်ငံ တစ်နိုင်ငံပဲ ရှိပါသေးတယ်။ အလားတူ "တူ" ကို ဓလေ့တစ်ခုအနေနဲ့ အသုံးပြုနေကြတဲ့ ဂျပန်၊ ကိုးရီးယား၊ ထိုင်၀မ်၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအို စတဲ့ နိုင်ငံတွေပါ ထည့်တွက်လိုက်ရင် တနှစ်တနှစ်ကို တစ်ခါသုံး "တူ" တွေ ထုတ်လုပ်မှုကြောင့် သစ်ပင်၊ သစ်တော ပြုန်းတီးမှုက ကြောက်ခမန်းလိလိပါ။
"တူ" အသုံးပြုနေတဲ့ နိုင်ငံတိုင်းက သစ်၊ ဝါးနဲ့ ပြုလုပ်ထားတဲ့ တူတွေကိုပဲ သုံးကြတာတော့ မဟုတ်ပါ။ လူတွေကို အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဖိုင်ဘာ၊ ပလတ်စတစ် "တူ" တွေကို အသုံးပြုနေတဲ့ နိုင်ငံတွေ ရှိသလို၊ ဓာတုပစ္စည်းတွေ မပါ၀င်တဲ့ BPA free လိုမျိုး ဖိုင်ဘာ၊ ပလတ်စတစ် "တူ" တွေကို အသုံးပြုနေကြတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။
"တူ" ကို စတင် အသုံးပြုခဲ့တဲ့ တရုတ်နိုင်ငံအပါအ၀င် နိုင်ငံအားလုံးအနေနဲ့ သစ်ပင်၊ သစ်တောတွေကို တစ်ဖက်တလမ်းက ကာကွယ်ထိမ်းသိမ်းပြီး ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးနည်းတဲ့ 'တူ'တွေကို ရွေးချယ် အသုံးပြုသင့်ပါတယ်...။
- (အရှေ့သို့) ပလပ်စတစ်ညစ်ညမ်းမှု... Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review
- (အနောက်သို့) လက်ဖက်ရည်ရဲ့ ဆိုးကျိုး... Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review