အမှန်တရား၊ ရိုးသားမှု နဲ့ ဘာသာတရား ကိုင်းရှိုင်းမှု...
တစ်ခါက ရွာတစ်ရွာမှာ 'ဒိန' ဆိုတဲ့ လူတစ်ယောက်နေထိုင်တယ်။ တစ်နေ့ ရွာရဲ့ ဆူညံတဲ့ပတ်ဝန်းကို မနှစ်သက်တဲ့အတွက် တိတ်ဆိတ်မှုရှိတဲ့ တောအုပ်ထဲမှာ တဲတစ်လုံးဆောက်ပြီး နေထိုင်ခဲ့တယ်။ သူနဲ့အတူ နို့စားနွား ၂ ကောင်လည်း ရှိတယ်။ ရတဲ့နွားနို့တွေကို ရောင်းချပြီး ဘဝရပ်တည်ခဲ့တယ်။ နွားတွေကိုလည်း ကောင်းကောင်းမွန်မွန် ကျွေးမွေးပြီး ဂရုစိုက်ခဲ့တယ်။ နေ့စဉ် အနီးအနားမှာရှိတဲ့ ရေကန်ကိုသွားပြီး နွားတွေကို ရေချိုးပေးတယ်။ နွားနှစ်ကောင်ပေးတဲ့နို့နဲ့ ငွေကြေးအလုံအလောက် ရရှိတာကြောင့် သူ့ဘဝကို ပျော်ရွှင်စွာ နေထိုင်နိုင်ခဲ့တယ်။
ဒိနဟာ ရိုးသားသူ တစ်ယောက်ဖြစ်တယ်။ သူဟာ ရောင့်ရဲတတ်သော်လည်း တစ်ခါတစ်ရံ အတွေးတွေနဲ့ ဂနာမငြိမ် ဖြစ်နေတတ်တယ်။ “ဒီကမ္ဘာပေါ်မှာ လမ်းမှားနေတာတွေ၊ မကောင်းမှုတွေ အများကြီး ရှိတယ်... သူတို့ကို လမ်းပြဖို့ ဘယ်သူမှ မရှိကြဘူးလား..." ဆိုပြီး တွေးလိုက်တယ်။ ဒီအတွေးက သူ့ကို တစ်ခါတလေ ဝမ်းနည်းစေခဲ့တယ်။
ညနေခင်းတစ်ခုမှာ ဒိနဟာ ရွာထဲကို နွားနို့သွားရောင်းပြီး အိမ်ပြန်ပြန်လာခဲ့တယ်။ လမ်းမှာ သူတော်စင်တစ်ယောက် သစ်ပင်အောက်မှာ တရားထိုင်နေတာကို သူ တွေ့လိုက်တယ်။ ဒါနဲ့ သူလည်း သူတော်စင်အနီးအနားကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။ သူတော်စင် တရားထိုင်တာ ပြီးတဲ့အထိ စောင့်လိုက်တယ်။ သူတော်စင်နဲ့အတူ အခုလို အချိန်အတန်ကြာ နေနေရတာကို သူ ပျော်ရွှင်နေခဲ့တယ်။ သူတော်စင် တရားမှတ်တဲ့အလုပ် ပြီးဆုံးတဲ့အထိ အဲဒီနေရာမှာ စောင့်ဆိုင်းဖို့ သူ ဆုံးဖြတ်ခဲ့တယ်။
ခဏကြာတော့ သူတော်စင်က တရားမှတ်ပြီးလို့မျက်လုံးတွေကို ဖွင့်လိုက်တယ်။ သူ့အနားမှာ လူနာတစ်ယောက် ထိုင်နေတာကို တွေ့တော့ အံ့သြသွားတယ်။
“သင် ဘာလိုချင်ပါသလဲ..." လို့ သူတော်စင်က သူ့ကိုယ်သူ နှိမ့်ချစွာ မေးလိုက်တယ်။
"အမှန်တရားနဲ့ ဘာသာတရား ကိုင်းရှိုင်းမှုကို သွားတဲ့ လမ်းကြောင်းက ဘာလဲဆိုတာ သိလိုပါတယ်... နောက်ပြီး ရိုးသားမှုကိုရော ဘယ်မှာ ရှာလို့ရမလဲ..." ဆိုပြီး မေးလိုက်တယ်။
သူတော်စင်က ပြုံးပြီး “အနီးအနားမှာရှိတဲ့ ရေကန်ကိုသွားပြီး ငါးတွေကို ထပ်တူမေးခွန်းတွေ မေးကြည့်ပါ... သူတို့ အဖြေပေးပါလိမ့်မယ်..." ဆိုပြီး ပြောလိုက်တယ်။
အဲဒီနောက် ဒိနလည်း အနီးအနားရှိ ရေကန်ကိုသွားပြီး ငါးတွေကို ထပ်တူမေးခွန်းတွေ မေးမြန်းခဲ့တယ်။ ငါးကြီးတစ်ကောင်က “ အို အသင်လူသား! ကျွန်ုပ် ရေသောက်ချင်လို့ ဦးစွာ ရေတစ်ခွက်လောက်ပေးပါ..." ဆိုပြီး ပြောလိုက်တော့ ဒိနက အံ့သြသွားပြီး "သင်က ရေထဲမှာ နေနေတာ ရေတောင်းသောက်ချင် နေသေးသလား... ထူးဆန်းလိုက်တာ...!" ဆိုပြီး ပြန်ပြောလိုက်တယ်။
ဒီအခါ ငါးကြီးက “မှန်ပါတယ်... ဒါပေမယ့် အဲဒါက သင့်ရဲ့ မေးခွန်းတွေကို အဖြေပေးလိုက်တာပါ... အမှန်တရား၊ ဘာသာတရားကိုင်းရှိုင်းမှုနဲ့ ရိုးသားမှု ဆိုတာတွေဟာ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်နှလုံးထဲမှာ ကိန်းအောင်းနေပါတယ်... ဒါပေမယ့် မသိနားမလည်ရင်တော့ ဒါတွေကို ပြင်ပကမ္ဘာမှာ ရှာဖွေကြလိမ့်မယ်... အဲဒီအစား သင့်ရဲ့ ကိုယ်တွင်းမှာသာ ရှာကြည့်ပါ... သင် ရှာတွေပါလိမ့်မယ်..."
ငါးကြီးရဲ့ ရှင်းပြမှုကြောင့် ဒိနဟာ အရမ်းကို ဝမ်းသာကျေနပ်သွားတယ်။ အဲဒီနောက် ငါးကြီးကို ကျေးဇူးတင်စကားပြောပြီး အိမ်ကို ပြန်သွားခဲ့တယ်။ သူဟာ မိမိကိုယ်ကိုသာမက ကမ္ဘာကြီးကို ရှုမြင့်တဲ့ အမြင်တွေကိုပါ ပြောင်းလဲခဲ့တယ်။ အဲဒီနောက်ပိုင်းကစပြီး အတွေးတွေနဲ့ ဂနာမငြိမ် မဖြစ်တော့ဘူး။
ဒီသတင်းစကားကို အခြားသူများထံ လက်ဆင့်ကမ်း ဝေမျှခြင်းဖြင့် သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ သူ့ရဲ့မိတ်ဆွေ သူငယ်ချင်းအားလုံးကလည်း သူ့ကို ဆရာတစ်ဆူအဖြစ် လက်ခံခဲ့ကြပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ကျော်လွှားဖို့ သူ့ကို တိုင်ပင်ခဲ့ကြတယ်။ ဒိနကလည်း သူတို့ကို တော်တည့်မှန်ကန်စွာ ဦးဆောင်လမ်းပြခဲ့တယ်.....။