လျှို့ဝှက်ချက်...

အဖိုးအိုတစ်ယောက်ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ပွဲကို ကျင်းပနေကြတယ်... တက်ရောက်လာတဲ့ မိတ်ဆွေအားလုံးက အဖိုးအိုကို ကျန်းမာရေးကောင်းကြောင်း အရွယ်တင်ကြောင်း စသဖြင့် ချီးမွမ်းပြောဆိုပြီး အခုလို သက်ရှည်ကျန်းမာနေတဲ့ လျှို့ဝှက်ချက်ကို မေးမြန်းကြတယ်...

"ကျုပ်ရဲ့အောင်မြင်မှု လျှို့ဝှက်ချက်ကို ပြောပြမယ်..."

အဖိုးအိုက စကားစလိုက်တယ်...

"ကျုပ်တို့ ဇနီးမောင်နှံ လက်ထပ်တာ ၇၅ နှစ်ရှိပြီ... မင်္ဂလာဆောင်တဲ့နေ့က ကျုပ်တို့ ၂ ဦး လေးနက်တည်ကြည်တဲ့ ကတိတစ်ခု လုပ်ခဲ့ကြတယ်... အငြင်းပွားပြီး ရန်ဖြစ်ကြတဲ့အခါတိုင်း မှားတဲ့သူက အပြင်ထွက်ပြီး ၅ မိုင်ပြည့်အောင် ပြေးရမယ်ဆိုတဲ့ ကတိပေါ့ဗျာ... ဒီလိုနဲ့ ကျုပ်ပဲ တစ်ရက်ပြီးတစ်ရက် ပြေးလာခဲ့ရတာ အခုဆို အိမ်ထောင်သက် ၇၅ နှစ်တောင် ရှိလာပြီ ဆိုပါတော့..."

"ဒါနဲ့နေဦးဗျ ခင်ဗျားအမျိုးသမီးကလည်း ကိုယ်လုံးကိုယ်ပေါက် ပြေပြစ်ပြီး သက်ရှည်ကျန်းမာနေတာကရော...?" သူငယ်ချင်းတစ်ယောက်က မေးလိုက်တယ်...

ဒီအခါ အဖိုးအိုက...

"အဲဒါက နောက်ထပ် အောင်မြင်မှု လျှို့ဝှက်ချက်တစ်ခုဗျ... ကျုပ် ပြေးရတဲ့အခါတိုင်း ၅ မိုင် ပြည့်မပြည့် ကျုပ်အနောက်ကနေ အမြဲတမ်း နောက်ယောင်ခံပြီး လိုက်ကြည့်နေလို့ဗျ......."

😁😁😄😄😅😅



ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...