အခုတော့..
ပထမလူ...
"ခင်ဗျားက ဘယ်လိုဖြစ်ပြီး သေခဲ့တာလဲဗျ...?
ဒုတိယလူ...
"ကျုပ်က အရမ်းအေးခဲပြီး သေခဲ့တာပါ..." "ခင်ဗျားကရော...?"
ပထမလူ...
"ကျုပ်က ရုတ်တရက် နှလုံးဖောက်သွားတာပါ..."
ဒုတိယလူ...
"ခင်ဗျားက ဘယ်လိုဖြစ်ပြီး နှလုံးဖောက်သွားတာလဲဗျ...?"
ပထမလူ...
"ဒီလိုဗျာ... ကျုပ် အလုပ်က ပြန်ရောက်ချိန် အိမ်ထဲမှာ ကျုပ်မိန်းမနဲ့ တစ်ခြားယောက်ျားတစ်ယောက် စကားပြောနေတာကို ကြားလိုက်တယ်... ကျုပ်လည်း ဒေါသတစ်ကြီးနဲ့ တစ်အိမ်လုံးကို ပတ်ရှာတာပေါ့... ဒါပေမယ့် ဘယ်သူကိုမှ ရှာမတွေ့ခဲ့ပါဘူးဗျာ... ကျုပ်လည်း အဲဒီစိတ်ကြောင့် ရုတ်တရက် နှလုံးဖောက်ပြီး သေခဲ့တယ် ဆိုပါတော့..."
ဒုတိယလူ...
"အဲဒီအချိန်က ခင်ဗျား ရေခဲသေတ္တာကို ဖွင့်လိုက်မယ်ဆိုရင် ခင်ဗျားရော ကျုပ်ရော သေစရာအကြောင်း ရှိမှာမဟုတ်ဘူးဗျာ......."







