Don't mess with the Old...

အဖိုးအိုတစ်ယောက်ဟာ သူ့ရဲ့ဘဏ်စာအုပ်ကို ဘဏ်စာရေးမထံ လှမ်းပေးပြီ..." ကျုပ် ဒေါ်လာ ၅၀ ထုတ်ချင်ပါတယ် ကလေးမ..." လို့ ပြောလိုက်တယ်...

ဒီအခါ ဘဏ်စာရေးမက... "ဒေါ်လာ ၂၅၀ အောက်ဆိုရင် ATM စက်ကနေ ထုတ်ပါရှင်..." ဆိုပြီး ပြန်ပြောလိုက်တယ်...

'ဘာကြောင့် ဒီလိုဖြစ်ရတာလဲ' ဆိုပြီး အဖိုးအိုက တိတ်တဆိတ် စဉ်းစားနေချိန် ဘဏ်စာရေးမက ဘဏ်စာအုပ်ကို အဖိုးအိုထံ ပြန်ပေးပြီး... "ဒါက ကျမတို့ရဲ့ ဘဏ်စည်းမျဉ်းပါပဲ... အခြားဘာကိစ္စမှ မရှိတော့ဘူးဆိုရင် နေရာဖယ်ပေးပါ အနောက်မှာ customer တွေ အများကြီးရှိပါတယ်..." ဆိုပြီး ခပ်ချေချေ ပြောလိုက်တယ်...

အဖိုးအိုက စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် ဘဏ်စာအုပ်ကို စာရေးမထံ ပြန်ပေးကာ... "ဘဏ်ထဲမှာရှိတဲ့ ကျုပ်ငွေတွေအားလုံး ပြန်ထုတ်မယ်... ပြီးရင် ကျုပ်ဘဏ်အကောင့်ကို ပိတ်ပေးပါ..." လို့ ပြောလိုက်တယ်...

ဒီအခါ ဘဏ်စာရေးမက အဖိုးအိုရဲ့ ဘဏ်စာရင်းကို စစ်ဆေးပြီးနောက်..."ကျမတို့ ဘဏ်မှာ ဒေါ်လာ ၂၅ သန်း ထုတ်ပေးဖို့ ဒီလောက်များတဲ့ငွေသား မကိုင်ထားပါဘူးရှင်..." ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်...

အဖိုးအိုက အခုချက်ချင်း အများဆုံးပမာဏ ဘယ်လောက်ထုတ်နိုင်လဲလို့ မေးလိုက်တဲ့အခါ ဘဏ်စာရေးမက အများဆုံး ဒေါ်လာ ၂၅၀,၀၀၀ ထုတ်လို့ရကြောင်း ပြောလိုက်တယ်...

"ကောင်းပြီလေ ကလေးမ...ဒါဆိုရင် အခု ဒေါ်လာ ၂၅၀,၀၀၀ ထုတ်မယ်..."

ဘဏ်စာရေးမက ငွေသားဒေါ်လာ ၂၅၀,၀၀၀ ထုတ်ပြီး အဖိုးအိုကို ပေးလိုက်တယ်...

ဒီအခါ အဖိုးအိုက အဲဒီငွေတွေထဲက ဒေါ်လာ ၅၀ ကိုသာယူပြီး သူ့ပိုက်ဆံအိတ်ထဲ ထည့်လိုက်တယ်... ကျန်တဲ့ ဒေါ်လာ ၂၄၉,၉၅၀ ကို သူ့ဘဏ်အကောင့်ထဲ ပြန်ထည့်ခိုင်းပြီး ဘဏ်ထဲကနေ တိတ်တဆိတ် ထွက်ခွာသွားလိုက်တယ်........။


(Don't mess with the old people who had lots and lots of experiences throughout their lives....)


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...