Perfect woman...
အသက် ၉၀ အရွယ် အဖိုးအိုတစ်ယောက်ဟာ သူ့ဘဝတစ်လျှောက်လုံး အိမ်ထောင်မပြုပဲ နေခဲ့တယ်... တစ်နေ့ သူသေခါနီးဆဲဆဲအချိန်မှာ လူငယ်တစ်ယောက်က သူ့ကိုမေးတယ်...
"အဖိုးက ဘာဖြစ်လို့ အိမ်ထောင်မပြုပဲ နေခဲ့တာလဲ..? အခုဆိုရင် အဖိုးက အသက်ကြီးနေပြီ သေခါလည်းနီးနေပြီ... လျှို့ဝှက်ချက် တစ်ခုခုများ ရှိနေလား ကျနော့်ကို ပြောပြခဲ့ပါလား....” 


အဖိုးက ပြန်ဖြေတယ်... 


"အိမ်ထောင်မပြုခဲ့တာနဲ့ ပတ်သက်ပြီး အဖိုးမှာ လျှို့ဝှက်ချက်တစ်ခု ရှိပါတယ်... အဲဒါက အိမ်ထောင်ပြုရတာကို မကြိုက်တာတော့ မဟုတ်ပါဘူးကွယ်... အဖိုးရဲ့ စိတ်တိုင်းကျ 'ပြီးပြည့်စုံတဲ့ မိန်းမတစ်ယောက်' ကို ရှာဖွေနေလို့ပါ...." 


လူငယ်က ပြန်မေးတယ်.... 


"ဒါပေမယ့် အဖိုးရယ်... ဒီကမ္ဘာမြေကြီးပေါ်မှာ လူသန်းပေါင်းများစွာ ရှိတဲ့အထဲ တဝက်လောက်က အမျိုးသမီးတွေချည်းပဲ... ဒါတောင် အဖိုးက ပြီးပြည့်စုံတဲ့မိန်းမ တစ်ယောက်မှ ရှာမတွေ့ဘူးလား..." 


သေလုမျောပါးဖြစ်နေတဲ့ အဖိုးအိုဟာ သူ့ရဲ့ မျက်လုံးအိမ်မှ မျက်ရည်များ လိမ့်ဆင်းလာပြီး... 


"တွေ့ပါတယ်ကွယ်... သိပ်တွေ့ခဲ့တာပေါ့..." 


လူငယ်က လုံးဝတုန်လှုပ်သွားပြီး....

"ဒါဆိုရင် အဖိုးက သူ့ကို ဘာဖြစ်လို့ လက်မထပ်ခဲ့တာလဲ?..." 


ဒီအခါ အဖိုးအိုက... 


“သူလည်း ပြီးပြည့်စုံတဲ့ ယောကျ်ားတစ်ယောက်ကို ရှာနေတဲ့ မိန်းမတစ်ယောက် ဖြစ်နေလို့ပါ....." 


