အိမ်ထောင်သက်တမ်းအကြာဆုံး ဇနီးမောင်နှံ...

အိမ်ထောင်သက်တမ်း ၇၉ နှစ်ရှိပြီဖြစ်တဲ့ အီကွေဒေါနိုင်ငံက ဇနီးမောင်နှံကို ကမ္ဘာ့သက်တမ်းအကြာဆုံး သက်ကြီးရွယ်အို စုံတွဲတွေအဖြစ် ကမ္ဘာ့ဂင်းနစ်စ်မှတ်တမ်း တင်ခဲ့ပါတယ်...

ခင်ပွန်းအသက်က ၁၁၀ နှစ်နဲ့ ဇနီးသည်အသက်က ၁၀၄ နှစ်ရှိပြီး... ၂ ဦးပေါင်းသက်တမ်းက ၂၁၄ နှစ်နဲ့ ၃၅၈ ရက် ဖြစ်ပါတယ်...

၇ နှစ်ကြာ သမီးရည်းစားဘဝကို ဖြတ်သန်းခဲ့အပြီး ၁၉၄၁ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ်... နှစ်ဖက် မိဘတွေက သဘောမတူတဲ့အတွက် မင်္ဂလာအခမ်းအနားကို လျှိုဝှက်စွာ ကျင်းပခဲ့ရပါတယ်... နောက်ပိုင်းမှာတော့ မိသားစုအားလုံး ပြန်လည်စည်းလုံးခဲ့ကြပါတယ်...

ဒီဇနီးမောင်နှံမှာ သားသမီး ၅ ယောက် ထွန်းကားခဲ့ပြီး... မြေး ၁၁ ယောက်၊ မြစ် ၂၁ ယောက် နဲ့ တီ ၉ ယောက် ရှိပါတယ်...

သူတို့ဟာ ရုပ်ရှင်နဲ့ ပြဇာတ်ရုံတွေကို အတူတူ သွားကြည့်တာတွေ၊ မိသားစုသူငယ်ချင်းမိတ်ဆွေတွေနဲ့ ဥယျာဉ်စိုက်ပျိုးတာတွေ၊ ညစာအတူသုံးဆောင်တာတွေကို နှစ်သက်ကြတယ်လို့ ဆိုပါတယ်......။


ref: A husband and wife in Ecuador are the world's oldest married couple, CNN



ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...