Good explanation...

မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ လူငယ် ၂ ဦး အဖမ်းခံရပြီး တရားရုံး ရောက်လာကြတယ်...

တရားသူကြီးက...

“မင်းတို့ကြည့်ရတာ လူကောင်းသူကောင်းတွေလိုပဲ... မင်းတို့ကို ထောင်ထဲမထည့်သေးဘူး... ဒုတိယ အခွင့်အရေးပေးမယ်... လာမယ့် စနေ၊တနင်္ဂနွေမှာ မင်းတို့ အပြင်ထွက်ပြီး မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ လူငယ်တွေကို စည်းရုံးဖျောင်းဖျရမယ်... တနင်္လာနေ့ တရားရုံးမှာ ပြန်တွေ့ကြမယ်..."

တနင်္လာနေ့မှာ တရားသူကြီးက စနေ၊တနင်္ဂနွေမှာ လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး ပထမလူငယ်ကို မေးမြန်းခဲ့တယ်...
"ကဲ! ဘာတွေဘယ်လို လုပ်ခဲ့သလဲ ဆိုပါဦး..."

"ကောင်းပါပြီ... တရားသူကြီးမင်း... ကျနော့အနေနဲ့ ဆေးစွဲနေတဲ့ လူငယ် ၁၇ ဦးကို မူးယစ်ဆေးသုံးစွဲတာ ရာသက်ပန် စွန့်လွှတ်ဖို့ စည်းရုံးဖျောင်းဖျခဲ့ပါတယ် ခင်ဗျား..."

"၁၇ ဦး ဟုတ်လား..! ဒါ အံ့ဩစရာပဲ... ဘယ်လိုတွေ စည်းရုံးခဲ့လဲ ပြောပါဦး...

"ကောင်းပါပြီ တရားသူကြီးမင်း... ကျနော် သူတို့ကို စက်ဝိုင်းပုံ အကြီးတစ်ခုနဲ့ အငယ်တစ်ခု ဆွဲပြခဲ့ပါတယ်... အဲ့ဒီနောက် စက်ဝိုင်းပုံအကြီးဟာ မူယစ်ဆေးမသုံးစွဲခင် မင်းတို့ရဲ့ ဦးနှောက်ဖြစ်ပြီး စက်ဝိုင်းငယ်ကတော့ မူးယစ်ဆေး သုံးစွဲပြီးနောက် မင်းတို့ရဲ့ဦးနှောက်ဖြစ်တယ်ဆိုတာ ရှင်းပြခဲ့ပါတယ်..."

"ဒါ လေးစားစရာပဲ..." ဟု တရားသူကြီးက ချီးကျူးလိုက်တယ်... အဲဒီနောက် ဒုတိယလူငယ်ဘက်လှည့်ပြီး...

"ကဲ..မင်းကရော ဆိုပါဦး"

"ကောင်းပါပြီ... တရားသူကြီးမင်း... ကျနော့အနေနဲ့ ဆေးစွဲနေတဲ့ လူငယ် ၁၅၆ ဦးကို မူးယစ်ဆေးသုံးစွဲတာ ရာသက်ပန် စွန့်လွှတ်ဖို့ စည်းရုံးဖျောင်းဖျခဲ့ပါတယ် ခင်ဗျား..."

"ဝိုး..!! ၁၅၆ ဦးတောင်... ဟုတ်လား... ဘယ်လိုတွေများ စည်းရုံးခဲ့တာလဲ...?

"ကောင်းပါပြီ တရားသူကြီးမင်း... ကျနော်လည်း အလားတူ စက်ဝိုင်းငယ်တစ်ပုံနဲ့ စက်ဝိုင်းကြီးတစ်ပုံကို ဆွဲပြခဲ့ပါတယ်... အဲဒီနောက် သူတို့ကို စက်ဝိုင်းငယ်ကို ညွှန်ပြပြီး ဒါက ထောင်ထဲမဝင်ခင် မင်းတို့ရဲ့ asshole ဖြစ်ပြီး... စက်ဝိုင်းအကြီးကိုတော့ ဒါက ထောင်ထဲရောက်ရင် မင်းတို့ရဲ့ asshole ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ် ခင်ဗျား......"

"တိန်....!!!"

😁😁😄😄😄😀😀

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...