Liar....
ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတစ်ဦးသည် ရွာတစ်ရွာသို့သွားပြီး ရွာသားတွေရဲ့ လိုအပ်ချက်များကို မေးမြန်းခဲ့သည်...။
“ကျွန်တော်တို့ရွာမှာ အခြေခံလိုအပ်ချက် ၂ ခုရှိပါတယ်..." ရွာသားများက တင်ပြကြသည်။
"ပထမအချက်က ကျနော်တို့ရွာမှာ ဆေးရုံတော့ရှိတယ်... ဒါပေမယ့် ဆရာဝန် မရှိပါဘူး..."
ထိုအရာကို ကြားသောအခါ ကိုယ်စားလှယ်လောင်းသည် သူ၏ဖုန်းကို ထုတ်ကိုင်လိုက်သည်... ခဏအကြာ စကားပြောပြီးနောက် ရွာသားတွေကို နောက်တစ်နေ့တွင် ဆရာ၀န် ရောက်လာလိမ့်မည်အကြောင်း စိတ်ချလက်ချနေဖို့ ပြောလိုက်သည်... ထို့နောက် ဒုတိယလိုအပ်ချက်နှင့်ပတ်သက်၍ ဆက်ပြီးမေးမြန်းခဲ့သည်။
“ဒုတိယ ပြဿနာကတော့ ဆရာရယ်... ဒီရွာမှာ ဖုန်းလိုင်း မမိပါဘူး....”










