ကျောင်းသားတွေဆီက အချိန်ပိုကြေး ကျောင်အုပ်ကြီး ကောက်ခွင့်ရှိလား

thebristolian.net
ကျောင်းသား၊ ကျောင်းသူတွေကို အချိန်ပို တက်စေပြီး ကျောင်းသားတွေ ဆီကနေ ကျောင်း အုပ် ဆရာမကြီး က ငွေကြေးတွေ ကောက်ခံနေ တယ်လို့ ကျောင်း သား မိဘတွေက ပြောပါတယ်။

မိုင်းဖြတ်မြို့ အခြေခံပညာ အထက်တန်းကျောင်း မှာ ပညာသင်ကြားနေ တဲ့ ကျောင်းသား၊ ကျောင်း သူတွေ ဆီကနေ ကျောင်းအုပ် ဆရာမကြီးက အချိန်ပို ငွေကြေး ကောက်ခံတယ်ဆိုလို့ ခေါ်ယူ သတိပေး ထားတယ်လို့ မိုင်းဖြတ်ခရိုင် ပညာရေးမှူး ဒေါ်သက်ထားက ပြောပါတယ်။

၂ဝ၁၄ ခုနှစ် ဇွန်လကနေ စတင်ပြီးတော့ ကျောင်းသား ကျောင်းသူများကို အချိန်ပို တက်ရောက်စေပြီး ကျောင်းသား တစ်ဦးဆီကနေ ကျပ် ၁၅ဝဝဝ ကောက်ခံနေတယ်လို့ သူက ဆိုပါတယ်။ “ကျောင်းသား မိဘတွေက တရားဝင် တိုင်ကြားစာ ပို့ရင်တော့ စုံစမ်းပြီး အရေးယူမှာပါ။ အခု ထိတော့ ကျောင်းသား မိဘတွေက မတိုင်သေးဘူး”လို့ ခရိုင်ပညာရေးမှူး ဒေါ်သက်ထားက ရှင်းပြပါတယ်။

မိုင်းဖြတ်မြို့ အမှတ် ၂ ရပ်ကွက်၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု လမ်းမကြီးဘေးမှာရှိတဲ့ အဲဒီ အ.ထ.က ကျောင်းမှာ အဋ္ဌမတန်း၊ နဝမတန်းနဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူတွေကို အချိန်ပို မတက်မနေရဆိုပြီး ကျောင်းအုပ် ဆရာမကြီးက တက်ခိုင်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နဝမတန်းနဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ဦးကို အချိန်ပို သင်ကြားကြေး တစ်လကျပ် ၁၅ဝဝဝ၊ အဋ္ဌမတန်း ကျောင်းသားတစ်ဦးကို တစ်လ ကျပ် ၇ဝဝဝ နှုန်းနဲ့ စက်တင်ဘာလအထိ ကောက်ခံခဲ့တယ်လို့ သူဆို့က ဆိုပါတယ်။

ကျောင်းသား ကျောင်းသူတွေဆီကနေ ငွေကြေး ကောက်ခံတဲ့အပြင် ဆရာ၊ ဆရာမတွေကို ကျောင်း စာသင်ခန်းတွေမှာ ကျူရှင် သင်ကြားစေပြီး စာသင်ခန်း ငှားရမ်းခ တစ်လကို တစ်သောင်းကျပ် ကောက် ခံတယ်လို့ အသက် ၅ဝ ဝန်းကျင်ရှိ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ကျူရှင်မတက်တဲ့ ကျောင်းသားတွေကို ကျောင်းစာရင်းမှာ ထည့်ပေးမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက် ပြောဆို မှုတွေ ရှိသလို ပြင်ပဘော်ဒါဆောင်တွေမှာ တက်နေတဲ့ ကျောင်းသားတွေဟာ အချိန်ပို မတက်ပေမယ့် လည်း လစဉ် အချိန်ပိုကြေး ပေးရတယ်လို့ သူက ဆက်ပြောပါတယ်။

ဇွန်လကနေ အချိန်ပိုသင်ပြီး ငွေကြေး ကောက်ခံခဲ့တယ် ဆိုပေမယ့် ငွေကြေးမတက်နိုင်တဲ့ ကျောင်း သားတွေကို လုံးဝမကောက်ခဲ့ဘူးလို့ မိုင်းဖြတ်မြို့ အထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မြသန်း က ပြောပါတယ်။

ငွေကြေးကောက်တာက ကျောင်းအကျိုးတော်ဆောင် အဖွဲ့ရဲ့ သဘောတူညီချက် တာ ကောက် တာဖြစ်ပြီး ပြည်နယ် ပညာရေးမှူးက ငွေးကြေးမကောက်ဖို့ ညွှန်ကြား လို့ အောက်တိုဘာလက စပြီး မကောက်တော့ဘူးလို့ သူက ရှင်းပြပါတယ်။ “ကျူရှင်ဆရာ ဆရာမတွေကို ကျောင်းမှာအခန်းငှားပြီး တစ်လတစ်သောင်း ကောက်တယ် ဆိုတာကတော့ လုံးဝမဟုတ်ပါဘူး”လို့ ကျောင်းအုပ်ကြီး က ငြင်းလိုပါတယ်။

မိုင်းဖြတ်မြို့မှာ တစ်ခုတည်းသော အဲဒီ အ.ထ.ကကျောင်းမှာ အဋ္ဌမတန်း၊ နဝမတန်းနဲ့ တက္ကသိုလ် ဝင်တန်း ကျောင်းသား၊ ကျောင်းသူ တရာဝန်းကျင် ရှိပါတယ်။

The Voice Daily,
Monday, 27 October 2014 09:16
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...