အိမ်ထောင်ရေး သာယာသော အမျိုးသားများ လေဖြတ်ရောဂါ ဖြစ်ပွားခြင်း နည်းပါး
သာယာ ပျော်ရွှင်မှုရှိသော အိမ်ထောင်ရေးကို ပိုင်ဆိုင် ထားသော ယောက်ျား များသည် အိမ်ထောင် မပြုသူ သို့မဟုတ် အိမ်ထောင်ရေး အဆင်မပြေသူ ယောက်ျား များထက် ပို၍ လေဖြတ်ရောဂါ ဖြစ်ပွားမှု နည်းပါးကြောင်း အစ္စရေး တက္ကသိုလ် ဆရာဝန်များ၏ သုတေသန ပြုချက် တစ်စောင်အရ သိရသည်။
နှလုံးရောဂါ လေ့လာရေး ဌာနမှ လူပေါင်း ၁၀၀၅၉ဦး အား ၁၉၆၃ ခုနှစ်မှ စ၍ လေ့လာ သုတေသနပြုချက် အရ တစ်ကိုယ်တည်း အိမ်ထောင်မပြုသူ ယောက်ျား များနှင့် အိမ်ထောင်ရေး မပြေလည်သူ ယောက်ျားများသည် အိမ်ထောင်ရေး ပျော်ရွှင်မှု ရှိသော ယောက်ျား များထက် ၆၄ရာခိုင်နှုန်း ဆီးချိုမှတစ်ဆင့် လေဖြတ်ခံ ရနိုင်ဖွယ် ရှိကြောင်း တင်ပြထားသည်။
တဲလ်အဗစ် တက္ကသိုလ်မှ ဒေါက်တာ ယူရီဂိုးလ်ဘောတ်ခ်က သူ၏ သုတေသနပြုချက်တွင် လူနေမှု အဆင့် အတန်း၊ ဆေးလိပ် သောက်သုံးသည့် အကျင့်၊ သွေးတိုးနှုန်းနှင့် မိသားစု အရေအတွက် စသည့်ကဏ္ဍများကို ထည့်သွင်း တွက်ချက်ပြီး ကောက်ချက်ချထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ၎င်း၏ သုတေသနပြုချက်တွင် အိမ်ထောင်ရှင် အမျိုးသမီးများကို ထည့်သွင်း မှတ်တမ်းမယူခဲ့ပေ။ ပင်ပန်းနွမ်းနယ်မှုသည် လူများအား နှလုံးရောဂါနှင့် လေဖြတ် ရောဂါများ ဖြစ်နိုင်ခြေများကြောင်း၊ ပင်ပန်းနွမ်း နယ်မှု မခံနိုင်သူများတွင် သွေးကြောများ မာတင်းလာတတ်ပြီး စိတ်ငြိမ်မှု ရှိသူများတွင် မည်သည့်ရောဂါမျှ မပြကြောင်း ကို ပျမ်းမျှအသက်(၆၂)နှစ်အရွယ် အမျိုးသား၊ အမျိုးသမီး ၅၁၄ ဦးအား သုတေသနပြုချက်မှ သိရှိရသည်။
Mg Mandalay
https://www.facebook.com/mg.mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) သင်အိပ်နေသည့် ခေါင်းအုံးလေးကို နေပူ လှန်းပေးရန် လိုအပ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) Nexy Keyboard for iOS8 Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းVery little makes it more valuable... ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'