လပ်ပ်တော့ပ် (Laptop) (ခေါ်) ခရီးဆောင် ကွန်ပြူတာ သုံးသူများ သတိထား
General Knowledge For All (ခေါ်)အင်တာနက် သတင်း လွှာမှာ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၉ရက် သောကြာနေ့  က ဖော်ပြ သွားတဲ့ ကျမ္မာရေးပညာပေး သတင်းဆောင်းပါး တစ်ပုဒ်ကို ပြန်လည် မျှလိုက်ပါရစေ။
the University of Wisconsin-Madison မှ မကြာသေးခင် က MBA ဘွဲ့ ရထားသူ ၂၅ နှစ် အရွယ် လူရွယ်တစ်ယောက် ဟာ ၂၀၁၃ခု၊ ဇွန် လ ၄ရက်နေ့ တွင် သူ့ အိပ်ခန်းထဲမှာ မီးလောင် ဒဏ်ရာများဖြင့် ကွယ်လွန်နေ ခဲ့ပါတယ်။ သူ့ အခန်းမှ မီးခိုများ ထွက် နေတာကို အိမ်နီး ချင်း ကမြင်တွေ့ ပြီး ၉၁၁ ကို ဖုန်းဆက်ခေါ်တဲ့အခါ အသက်မမှီတော့ပါဘူး။ ဘာ့ကြောင့်မီးစလောင် တဲ့ ဇာစ်မြစ် ကို အဖြေရှာမတွေ့ ကြပါဘူးတဲ့။ ရက်အနည်းငယ်ကြာ သဲလွန်စများကို အသေးစိပ် စုံစမ်းပြီးနောက်မှာတော့ သူသုံးနေတဲ့ လပ်ပ် တော့ပ်(ခေါ်) ခရီးဆောင်ကွန်ပြူတာက မီးစလောင်ခဲ့တယ်လို့  အဖြေထွက်ရှိပါတယ်။ သူက လပ်ပ်တော့ပ်ကိုဖွင့်ပြီး အိမ်ယာပေါ် တညလုံး တင်ထားတာကြောင့် ပန်ကာလေပေါက်ပိတ်၍ စက်ပူလာပြီး မီးစလောင် ကျွမ်းပါတော့တယ်။ အိပ်ယာခင်း၊ ခေါင်းအုံးတို့ က ထိုမီးတောက် အတွက် လောင် စာ များဖြစ်စေကာ အိပ်ပျော်နေတဲ့ သူ့ ကို မီးစွဲလောင်သွားပါတော့တယ်။ ကာဗွန်ဒိုင်အောက် ဆိုဒ် မီးခိုးငွေကြောင့် အသက် ရှုမွန်းကြပ်ပြီး သေဆုံးတယ်လို့  ၉၁၁ က အတည်ပြုခဲ့ပါတယ်။
ယနေ့ အင်တာနက်နည်းပညာများ တိုးတက်ခေတ်မီ လာသည့်အလျှောက်၊ လူကြီးလူငယ် အားလုံး
အင်တာနက် စွဲလန်းလာကြရာ ညသန်းခေါင်ကျော်အထိ သယ်ဆောင်ရ လွယ်သော အပေါ့စား
လပ်ပ်တော့ပ် ကို အိပ်ယာထဲထဲ့သုံးလေ့ရှိသူများအတွက် ဖော်ပြပါ သေဆုံးမှုက သင်ခန်းစာလေးပါ။ လူကြီးမိဘများကလည်း ဘေးအန္တရာယ်မမှန်းဆတတ်သေးတဲ့ မိမိတို့ သားသမီးများကို လွန် ကဲစွာ မသုံး သင့်ကြောင်း နှိုးဆော်တိုက်တွန်းပေးကြစေလိုပါတယ်။
<< သူနာပြုအရေးပေါ်ကား မလာမှီ မီးလောင်ခံရသူကို ရှေးဦးပြုစုနည်း >>
(၁) မီးလောင်ထားသော အ၀တ်ကို အတင်း ဆွဲမချွတ်ပါနဲ့ (ကိုယ်အရေပြားနဲ့ အသားစများ အ၀တ်အထည် မှာ ကပ်ငြိပါသွားစေ တတ်လို့ ပါ)
(၂) လူနာရဲ့ ကိုယ်ပေါ် ၀တ်ဆင်ထားတဲ့ အ၀တ်အစားများမှာ မီးစမီးတောက် မမြင်သော်ငြား၊ အတွင်းလှိုက်၍ တဖြည်းဖြည်း လောင်ကျွမ်းနေခြင်း ရှိ/မရှိ သေချာ စစ်ဆေးပေးပါ။
(၃) ပြင်းပြင်းထန်ထန် လောင်ကျွမ်းတဲ့ ဒဏ်ရာကို ရေစိမ်/ရေလောင်းခြင်း မပြုပါနှင့်။ ရုတ်တရက် ရေအေးလောင်း လိုက်တဲ့အခါ ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ကျဆင်းသွားသည့် ကိုယ် အပူချိန်နှင့် သွေးဖိအားတို့  ရုတ်တရက် တွန်းကန်မှုကြောင့် လူနာကိုသတိလစ် မေ့မြောစေတတ်ပါတယ်
(၄) အသက်ရှုခြင်း/ ချောင်းဆိုးခြင်း/ ခန္ဒာကိုယ် အစိပ်အပိုင်းတစ်ခုခု လှုပ်ရှားခြင်း ရှိ/မရှိစစ်ဆေးပါ။ အကယ်၍ လုံးဝ လှုပ်ရှားမှုမရှိ ငြိမ်သက်နေပါက Cardio Pulmonary Resuscitation(CPR) (ခေါ်) နှလုံး/ အဆုပ်တို့ ကို ပြန်လည်အလုပ်လုပ်စေတဲ့ ရှေးဦး သူနာပြုနည်းဖြင့် ပြုစုပေးထားပါ။
(၅) သွေးလည်ပတ်မှု ကောင်းစေရန်အတွက် ဖြစ်နိုင်ရင် မီးလောင်ခံရသော ဒဏ်ရာကို နှလုံးထက်မြင့်သော ကိုယ်ဟန် အနေအထားဖြင့် အပေါ်သို့ မတင်ပေးထားပါ။
(၆) မီးလောင်ကျွမ်း ခံရသော ဒဏ်ရာပေါ်မှာ သန့် စင်သော အ၀တ်စကို ရေဆွတ်ပြီး အသာအယာ
တင်ထားပေးပါ။
(ရ) ဆေးရုံရောက်တဲ့အခါ ဒဏ်ရာများအတွက် မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးခိုင်းဘို့ မမေ့ပါနဲ့ ။
(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) နှာခေါင်းသွေးလျှံခြင်း ပြဿနာအဖြေရှာ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ
- (အနောက်သို့) Dizziness အမူးေရာဂါ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ