ကလေးငယ်များ နေရောင်ခြည် ပိုမိုရရှိနိုင်ရန် ယူကေတွင် အချိန်တစ်နာရီ နောက်ဆုတ်မည်
By သမန်းကျား
နေ့ တာတိုသော ဆောင်းရက် များထက် နေ့ တာ ရှည်သောနွေရက် များတွင် ကလေးငယ် များ၏ လှုပ်ရှား တက်ကြွမှု နှုန်းသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ပိုသည်ကိုတွေ့ ရသောကြောင့် ယူကေ တစ်ဝန်းလုံးတွင် အောက်တိုဘာ လကုန် ပိုင်းမှ စတင်၍ အချိန်နာရီကို တစ်နာရီ နောက်ဆုတ် မည်ဖြစ်ပြီး ကလေးငယ်များ အတွက် ဆေားတွင်း တွင်လည်း နေ့ တာ ပိုရှည်နေအောင် ပြုလုပ်ရန် စီစဉ်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
ဆောင်းတွင်းမှာ နေထွက်နောက်ကျပါမယ်။ ဒီတော့ ကျွန်တော်တို့ ရဲ့ အချိန်ကိုလည်း တစ်နာရီနောက်ဆုတ် ပါမယ်။ ဒီလိုလုပ်လိုက်လိုက်တဲ့အတွက် နေရောင်လာချိန်မှာ လူတွေ၊ကလေးတွေ လမ်းမပေါ် ထွက်လာကြမယ့် အချိန်နဲ့  အံ ကိုက်ဖြစ်နေဖို့  ရည်ရွယ်ပါတယ်။ ကလေးတွေကျောင်းဆင်းသွားတဲ့ အချိန်မှာ နေအလင်းရောင်က နာရီအနည်းငယ် စာ ကျန်နေအုံးမှပေါ့။ အိမ်လည်းရောက်ရော၊ မိုးချုပ်ရော၊ အဲဒီလို အံကိုက်ဖြစ်အောင် ချိန်လိုက်တဲ့သဘောပါဟု သုတေသီတစ်ဦးက ပြောပြသည်။
လန်ဒန်ကျန်းမာရေးကျောင်းနှင့် ဘရစ်စတောတက္ကသိုလ်တို့ က အသက် ၅-နှစ်မှ ၁၆ နှစ်အရွယ် ကလေးများ ၏ လှုပ်ရှားတက်ကြွမှုအပေါ် နေရောင်၏အကျိုးသက်ရောက်ပုံကို အင်္ဂလန်၊သြစတျေးလျ တို့ အပါအ၀င် နိုင်ငံပေါင်း (၉) နိုင်ငံတွင် စောင့်ကြည့်သွားမည်ဖြစ်သည်။ ယင်းကလေးများအားလုံးက ၄င်းတို့ ၏ခန္ဓာကိုယ်လှုပ်ရှားမှုနှုန်းကို တိုင်းတာပေးမည့် အီလက်ထရွန်းနစ်ကိရိယာကို ခါးတွင်တပ်ဆင် ထားရမည်ဖြစ်ကြောင်း သိရသည်။
ယူကေတွင် အောက်တိုဘာလမှစတင်၍ တစ်နှစ်ပတ်လုံး အချိန်နာရီကို နောက်သို့  တစ်နာရီဆုတ်ပေးရန် ပါလီမန်တွင် နှစ်ပေါင်းများစွာငြင်းခုန်ဆွေးနွေးခဲ့သော်လည်း အကောင်အထည်မပေါ်ဘဲ ရှိနေခဲ့ရာ မှ ဗြိတိန် ကျောင်းသားငယ်လေးများ နေ့ အလင်းရောင်ကို နာရီ ၂၀၀ ပိုရရှိပြီး နေ့ စဉ်တက်ကြွလှုပ်ရှားချိန် ၃၃ မိနစ် မှ ၃၅ မိနစ်အထိ တိုးလာမည့်အကျိုးကြောင့် ယခုအခါ ၂၀၁၄ အောက်တိုဘာမှ ၂၀၁၅ အောက်တိုဘာ အထိ ယူကေနာရီများကို တစ်နာရီနောက်ဆုတ်ထားရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နာရီကို နောက်တစ်နာရီဆုတ်လိုက်တဲ့အတွက် ကလေးတွေက နေ့ အလင်းရောင်ကို ခံစားချိန်ပိုရကြ ပါမယ်။ သူတို့  နေရောင်ထဲကစားချိန် ပိုရကြမှာဖြစ်ပါတယ်။ ဒါဟာ တစ်မျိုးသားလုံးကျန်းမာရေးကို ပံ့ပိုးပေးရာ ရောက်ပါတယ်။ နွေ မှာ မနက် (၆) နာရီဆိုရင် နေထွက်နေပြီ။ ဆောင်းမှာကျတော့ မနက် (၇) နာရီမှ နေထွက်တယ်လေ။ ဒီတော့ ဆောင်းတွင်းမှာ နာရီကို တစ်နာရီနောက်ဆုတ်ကြမယ်။ ဒါဆိုရင် မနက် (၆) နာရီမှာပဲ နေထွက်တဲ့အတိုင်းဖြစ်သွား မှာပေါ့ဟု သုတေသီတစ်ဦးက ဆက်လက်ရှင်းပြ သည်။
Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကမ္ဘာပေါ်တွင် ကြောက်စရာ အကောင်းဆုံး ဗိုင်းရပ် (၉)မျိုး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ကော်ဖီသုံးခွက် နေ့ စဉ်သောက်ပေးလျင် အသည်း ပျက်စီးမှုကို ကာကွယ်နိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'