ကွယ်ပျောက်မှာ စိုးရိမ်ရတဲ့ ကမ္ဘာ့အလှဆုံး အက္ခရာ ၅ ခု/မျိုး

ဘီစီ ၂၀၀၀ လောက် ကတည်းက အရှေ့ဘက် တိုင်းမှာ ကဗျည်း အက္ခရာ စာရေး သားနည်း စနစ်တွေ ပေါ်ပေါက်လို့ နေပါပြီ။ ထိုစဉ်မှစ၍ ဘာသာစကား၊ ယဉ်ကျေးမှုများစွား ပေါ်ထွန်း လိုက် ပျောက်ကွယ်လိုက် ဖြစ်ခဲ့သည်။ ထိုသို့ ပေါ် လိုက်ပျောက် လိုက်ဖြစ်ခဲ့ ရသော ယဉ်ကျေးမှုတခု ကို ဥပမာတခု ဆောင်ပါဆိုလျှင် အလွန်တရာ အဆင့်အတန်း မြင့်မားသော ရှေးဟောင်း အီဂျစ် ယဉ်ကျေးမှုနှင့် ၎င်းယဉ်ကျေးမှု၏ အမွေအနှစ်အဖြစ် hieroglyphic ဟု လူသိများသော ရုပ်ပုံ သဏ္ဍာန်များဖြင့် ရေးသည့် စာရေးသား စနစ်ကို ပြရမည်ဖြစ်သည်။ အဆိုပါ စာရေးပုံစနစ်ကို အီဂျစ်ယဉ်ကျေးမှု၏ လက်ကျန် အမွေအနှစ်ဟု သိကြသော်ငြား ယနေ့ခေတ်တွင် ကျွန်ုပ်တို့ အနေနှင့် အပြည့်အ၀ နားလည်နိုင်စွမ်း မရှိတော့ပြီ။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်မှ စ၍ လက်တင် ကဗျည်း အက္ခရာသည် အသုံးအများဆုံး အက္ခရာ တခုဖြစ်ခဲ့ရာ တချိန်က ရိုမန်တို့၏ အုပ်စိုးခံ လူမျိုးများ၏ စာရေးသား ပုံစနစ်တို့ကို လွှမ်းမိုး သွားခဲ့သည်။
ယနေ့ ကမ္ဘာပေါ်တွင် အနုဆုံး၊ အယဉ်ဆုံး၊ အလှဆုံးနှင့် ကွယ်ပျောက်မည်ကို စိုးရိမ်ရသော ကဗျည်းအက္ခရာ ၅ မျိုးကို အောက်တွင် ဖော်ပြလိုက်ပါသည်။

၁-မြန်မာစာ

မြန်မာအက္ခရာသည် “၀”ကို အခြေခံ၍ ညာရစ်ဝိုင်း ရေးရသော ပုံသဏ္ဍာများဖြင့် ဖွဲ့စည်းထားသည်။ မြင်ရ  ကို ညှိယူနိုင်စွမ်းရှိသည့် မြန်မာစာ အက္ခရာသည် အလှသက်သက်အတွက် ထိုသို့ရေးသားခြင်း မဟုတ်ပါ။
“၀”အခြေခံ ရေးသားရခြင်းမှာ အကြောင်းရှိပါသည်။ ရှေးက ပေစာများ ရေးသားကြရာ မျဉ်းဖြောင့်ဆွဲပါ က ပေရွက် အလွယ်တကူ စုပ်ပြဲနိုင်သောကြောင့် ဖြစ်သည်။

မြန်မာစာ ရေးသားနည်းစနစ်သည် ပျောက်ကွယ် သွာမည့်အန္တရာယ် မရှိလှသော်လည်း လက်တင်၊ ဟင်ဒီ စာရေးသားနည်းစနစ်များ လွှမ်းမိုးစ ပြုလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် မကြာသေးမီ ကာလအထိ နိုင်ငံခြား ခရီးသွားလုပ်ငန်းကို ထိန်းချုပ်ထားခဲ့သေးရာမှ ယခုတွင်မူ တံခါးဖွင့်လိုက်ပြီ ဖြစ်ပြီး Coca Cola ကိုကာကိုလာဆိုင်းဘုတ် မတွေ့မမြင်ရသော မြောက်ကိုရီးယား၊ ကျုးဘားစသော အထီးကျန်နိုင်ငံများအုပ်စုမှ စွန့်ခွာခဲ့လေပြီ။

၂-စင်ဟာလိ(စ်)(သီရိလင်္ကာ)

စင်ဟာလိ(စ်)စာသည် လွန်စွာကျယ်ပျံ့သော ကဗျည်းအက္ခရာများဖြင့် ဖွဲ့စည်းထားပြီး သံတူကြောင်းကွဲပေါင်း ၅၀ခန့်ရှိ၍ ၃၈ခုမှာ ယနေ့ ခေတ်ပြိုင်စာ အရေးအသားတွင် တွေ့မြင်ရလေ့ရှိသည်။ သီရိလင်္ကာနိုင်ငံ ၏ ပထ၀ီမြေ အနေအထားသည်ပင် ၎င်းတို့ ဘာသာ၊ စာရေးစနစ်အတွက် အကြီးမားဆုံးသော ခြိမ်းခြောက် မှု ဖြစ်နေပေသည်။ ကျွန်းနိုင်ငံဖြစ်သောကြောင့် စင်ဟာလီ(စ်)စာသည် ပျံ့နှံ့မှု နည်းပါးပြီး နေ့စဉ်နှင့်အမျှ အသုံးနည်းပါ လာသော်ငြား အမြန်အဆန် ပျောက်ကွယ်မှုတော့ ဖြစ်ပေါ်ဦးမည် မဟုတ်ပေ။

၃-ဂျော်ဂျီယန်(ဂျော်ဂျီယာ)

တူရကီနှင့်ရုရှား ၂နိုင်ငံအကြား၌ ညပ်နေသည့် ဂျော်ဂျီယာနိုင်ငံတွင် ကိုယ်ပိုင် ဘာသာစကားနှင့် ကိုယ်ပိုင် အက္ခရာများ ရှိပြီး ၎င်းတို့သည် ရုရှားလွှမ်းမိုးလာခြင်း၏ ခြိမ်းခြောက်မှုကို ခံနေရသည်။ လွန်ခဲ့သော ရာစုနှစ် အတွင်း ရုရှား၏ နယ်ချဲ့ပေါ်လစီများကြောင့် ဂျော်ဂျီယာနိုင်ငံ မူလအကျယ်အ၀န်း၏ ထက်ဝက်ခန့်သည် ရုရှားနိုင်ငံတွင်းသို့ သွပ်သွင်းခံခဲ့ရသည်။ ထို့အပြင် ဂျော်ဂျီယာနိုင်ငံအနေနှင့် ဆက်လက်ဖြစ်ပေါ်နေသော နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများကြောင့် နိုင်ငံ၏ ပိုင်နက်အချို့ ထပ်မံဆုံးရှုံးရမည့် အခြေအနေဖြစ် လျက်ရှိရာ ယင်းဒေသများတွင်း ရုးရှားစာနှင့် စလဗ်စာများက ဂျော်ဂျီယန်ဘာသာနေရာကို ၀င်ယူလာသည်။ ၎င်းတို့၏ မိခင်ဘာသာစကား အသုံးပြုသော ကောကေးရှန်းအရေအတွက် တစတစ နည်းပါးလာနေသည်။ ရုရှားသည် ဂျော်ဂျီယာနိုင်ငံကိုဖြတ်၍ သွယ်တန်းထားသော ရေနံပိုက်လိုင်များအား အပြည့်အ၀ ချုပ်ကိုင်လို မှုသည်ဖြစ်ရာ ဂျော်ဂျီယန်တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများအတွက်ပင် စိုးရိမ်ဖွယ်ရာဖြစ်သည်။ ဂျော်ဂျီယန် အက္ခရာသည် လှပကြော့ရှင်းသည်။ မျဉ်းကွေများဖြင့် ရေးသားကြပြီး ကလေးငယ်တဦးကဲ့သို့ပင် ရိုးရှင်း သည်။

၎-တာဂါလော့ဂ်(ဖိလစ်ပိုင်)

အင်ဒို-ဥရောပစာရေးစနစ်မှ ဆင်းသက်လာသော တာဂါလော့ဂ်စာကို ဖိလစ်ပိုင်နိုင်ငံ စပိန်ကိုလိုနီဘ၀ မရောက်ခင် ကာလအထိ အဓိက အသုံးပြုကြသည်။ စပိန်ကိုလိုနီဘ၀အစပိုင်းတွင် အောက်မှ အထက် သို့ ရေးသားလေ့ရှိသော တာဂါလော့ဂ်အက္ခရာအား ၉၀ ဒီဂရီလှည့်၍ ၀ဲမှယာသို့ ရေးသားခြင်း စသည့် ပြောင်းလဲမှု မျိုးသာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် စပိန်ဘာသာ စကားအား ရုံးသုံးဘာသာစကား အဖြစ် ပြဌာန်းလိုက်ရာ အင်မတန် အသုံးနည်းနေပြီဖြစ်သော တာဂါလော့ဂ်စာ၊ တာဂါလော့ဂ်စကား ကွယ်ပျောက်စေမည့် အကြောင်းရင်း တရပ် ဖြစ်သည်။

၁၉၇၃ ခုနှစ်တွင် ရှိရင်းစွဲ ဘာသာစကားများနှင့် စပိန်ဘာသာစကားအာ ပေါက်းစပ်ထားသော ဖိလစ်ပင်နို အား ရုံးသုံးဘာသာ အဖြစ်ပြဌာန်းခဲ့သော်လည်း လက်တင်အက္ခရာ များဖြင့်သာ ရေးသားကြတော့သည်။ တာဝန်ရှိသူများ၏ အဆိုအရ တာဂါလော့ဂ် ဘာသာစကား ရှင်သန်နေဆဲဖြစ်သော်လည်း တကယ့် လက်တွေ့တွင်မူ ကွယ်ပျောက်သွားခဲ့ပြီးဖြစ်သော ဖိလစ်ပိုင် တိုင်ရင်းသား ဘာသာစကား အမျိုးပေါင်း ၂၀၀ ကျော်တို့ကဲ့သို့ပင် ပျောက်ကွယ်နိုင်ခြေရှိနေသည်။

၅-ဟာနာကာရက(အင်ဒိုနီးရှား)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း၌ စတင်ပေါ်ထွန်းခဲ့ပြီး နီးစပ်ရာကျွန်းများပေါ်သို့ တဖြည်းဖြည်းချင်း ပျံ့နှံ့သွား ခဲ့ရာ ဟာနာကာရက ဘာသာစကားသည် ဒေသအလိုက် အနည်းငယ်မျှ ကွဲပြားမှုရှိသည်။ ယင်းနောက် ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း သတင်းစာလုပ်ငန်း ဖွံ့ဖြိုးတိုးတတ်လာခြင်းနှင့်အတူ ဟာနာကာရကဘာသာအား တပြေးညီစံတခုသတ်မှတ်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်အောက် ကျရောက်ခဲ့စဉ်က ဟာနာကာရက ဘာသာအသုံးပြုမှုကို တားမြစ်ထားခဲ့ရာ အဆိုပါကြိုးပမ်းမှုများ သည် လည်း ရပ်ဆိုင်းသွားခဲ့သည်။

ထိုစဉ်က စ၍ ယာဉ်ကြောလမ်းညွှန် ဆိုင်းဘုတ်များတွင် ဟာနာကာရက ဘာသာအသုံးပြုခြင်း၊ အစိုးရကျောင်းများတွင် ဟာနာကာရကဘာသာ သင်ကြားပေးရမည် ဆိုသော အာဏာပိုင်များ၏ ညွှန်ကြားမှု များရှိနေသော်လည်း လက်တင်အက္ခရာ အသုံးပြုရေးသားသည့် စနစ်က နေရာယူလာခဲ့သည်။

Felipe Sant’ana Pereira ၏ 5 of the World’s most beautiful(and endangered) alphabets ကို ပြန်ဆိုသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...