ကမ္ဘာပေါ်တွင် ကြောက်စရာ အကောင်းဆုံး ဗိုင်းရပ် (၉)မျိုး

By သမန်းကျား

ကြောက်မက်ဖွယ် အီဘိုလာ ဗိုင်းရပ် ကူးစက်ပြန့် ပွား မှုနဲ့  လူသေဆုံး မှုနှုန်းတွေကို ကြားသိနေ ရတဲ့အခါ အီဘိုလာဟာ HIV ထက်တောင် ကြောက်ဖို့ ကောင်းတယ် ဆိုတဲ့ လူထု စကားသံတွေကို ကြားလာ ရပါတယ်။ အီဘိုလာ ဟာ HIV ထက် တစ်ကယ်ပဲ ဆိုးရွားသလား။ လူသား မျိုးနွယ်စုတွေလည်း ဒိုင်နိုဆောတွေ လိုပဲ မျိုးသုဉ်း သွားမလားလို့  တွေးပူရ တဲ့အထိ အန္တရယ်ကြီးတဲ့ ဗိုင်းရပ် ဘယ်နှစ်မျိုး ရှိပါလိမ့်။

Marburg Virus ကို ၁၉၆၇ ခုနှစ်မှာတွေ့ ရှိခဲ့ပါတယ်။ ဂျာမနီနိုင်ငံ ဓါတ်ခွဲခန်းတွေမှာ အသုံးပြုဖို့  ယူဂန်ဒါနိုင်ငံ ကနေ တင်သွင်းလာတဲ့ မျောက်တွေကတဆင့် ဓါတ်ခွဲခန်း လုပ်သားတွေကို ကူးစက်ခဲ့ပါတယ်။ အီဘိုလာလိုပဲ အဖျားတက် ပြီး ခန္ဓာကိုယ်ဒွာရ ပေါက်တွေကနေ သွေးယိုစီးပြီးတော့ သေစေနိုင်ပါတယ်။ ၁၉၆၇ ခုနှစ်မှာ သေဆုံးမှုနှုန်း ၂၅ ရာခိုင် နှုန်းပဲရှိခဲ့ပေမယ့် ၁၉၉၈-၂၀၀၀ ရာသီမှာ ကွန်ဂိုနိုင်ငံက ခံစားခဲ့ ရတဲ့ Marbug Virus ကူးစက်မှုမှာ သေဆုံးမှုနှုန်း ၈၀ ရာခိုင်နှူန်းရှိခဲ့ပြီး ၂၀၀၅ ခုနှစ်ရာသီမှာ အင်ဂိုလာနိုင်ငံ က ခံစားခဲ့ရတဲ့ ကူးစက်မှုမှာလည်း သေဆုံးမှုနှုန်းဟာ ၈၀ ရာ ခိုင်နှုန်းအောက် မကျခဲ့ပါဘူး။

Ebola Virus ကို ၁၉၇၆ ခုနှစ်မှာ ဆူဒန်နဲ့ ကွန်ဂိုနိုင်ငံတွေမှာ ပထမဆုံးတွေ့ ခဲ့ပါတယ်။ ဗိုင်းရပ် ကူးစက် ခံထားရသူရဲ့  သွေး၊ခန္ဓာကိုယ်အရည်၊ အသားတစ်ရှူး တစ်ခုခုနဲ့ ထိတွေ့ မိလိုက်တာနဲ့  ကူးပါတယ်။ ဗိုင်းရပ်ရဲ့ သန္ဓေဗီဇအပေါ် မူ တည်ပြီး သေစေနိုင်မှုနှုန်း ကွာခြားပါတယ်။ Ebola Reston ဗိုင်းရပ်က လူကိုဖျားတောင်မဖျားစေပါဘူး။ ဒါပေမယ့် Ebola Bundibugyo ကတော့ သေစေနိုင်မှုနှုန်း ၅၀ ရာခို င်နှုန်းဖြစ်ပြီး အခြားနိုင်ငံတွေထက် ဆူဒန်နိုင်မှာ သေစေနိုင် မှုနှုန်းပိုနေခဲ့ပြီး ၇၁ ရာခိုင်နှုန်း ဖြစ်ခဲ့ပါတယ်။ အခု ၂၀၁၄ ခုနှစ်မှာ အနောက်အာဖရိကနိုင်ငံတွေမှာ ကူးစက်ပြန့် ပွား နေတဲ့ Ebola Zaire ဟာ အပြင်းဆုံးဖြစ်ပြီး သေစေနိုင်မှုနှုန်း ၉၀ ရာခိုင်နှုန်းဖြစ်ပါတယ်။

Rabies ခေါ် ခွေးရူးရောဂါပိုးကာကွယ်ဆေးကို ၁၉၂၀ ခုနှစ်မှာ ထုတ်လုပ်နိုင်ခဲ့ပြီး တိရိစ္ဆာန်တွေကို ထိုးပေးနိုင်ခဲ့တဲ့ အတွက် အခုဆိုရင် ကမ္ဘာပေါ်မှာ ခွေးရူးရောဂါဖြစ်ပွားမှု အင်မတန်ရှားပါးသွားပါပြီ။ ဒါပေမယ့် အိန္ဒိယနဲ့  အာဖရိက တိုက် အချို့ နေရာတွေမှာတော့ ခွေးရူးရောဂါပိုးကူးစက်မှုဟာ ကြီးမား တဲ့ပြဿနာတစ်ခုအဖြစ် ကျန်ရစ်နေဆဲပါ။ ခွေးရူးရောဂါပိုးဟာ ဦးနှောက်ကိုဖျက်စီးပါတယ်။ ခွေးရူးရောဂါပိုး ကူးစက်ခံထားရတဲ့ တိရိစ္ဆာန်တစ်ကောင်ကောင် ကိုက်တာခံရရင် ကုသပေးနိုင်တဲ့ဆေးဝါးတွေရှိသလို ကာကွယ်ဆေးလည်း ရှိပါတယ်။ အချိန်မှီ ဆေးကုသမှု မခံယူ ဘူး ဆိုရင်တော့ သေရန် ရာနှုန်းပြည့် ဖြစ်ပါတယ်။

HIV ဟာ အခုအချိန်အထိမှာ လူသေစေနိုင်မှုနှုန်း အမြင့်ဆုံးပါ။ ၁၉၈၀ ခုနှစ်မှာစတင်တွေ့ ရှိခဲ့ပါတယ်။ အဲဒီအချိန်က နေ ဒီနေ့ အထိမှာ HIV ကြောင့် သေဆုံးသူဦးရေ ၃၆ သန်းခန့်  ရှိနေပါပြီ။ HIV ကူးစက် ခံထားရသူတွေ နှစ်ပေါင်းများ စွာ အသက်ဆက်လက်ရှင်သန်နိုင်ဖို့  အားပြင်းတဲ့ ပဋိဇီဝဆေးတွေဖော်စပ် ထုတ်လုပ်ထားပါတယ်။ ဒါပေမယ့်လည်း မိသားစုတစ်ဦးချင်းဝင်ငွေဟာ အနိမ့်ဆုံးအဆင့် ဒါမှမဟုတ် အလယ်အလတ်အဆင့်သာရှိတဲ့ နိုင်ငံတွေမှာ HIV ကူး စက်မှုနှုန်းဟာ ၉၅ ရာခိုင်နှုန်း ရှိနေပါသေးတယ်။ အာဖရိက၊ဆာဟာရဒေသမှာဆိုရင် အရွယ်ရောက်သူ ၂၀ ဦးမှာ ၁ ဦးဟာ HIV ကူးစက်ခံထားရပါတယ်။

Smallpox ကျောက်ကြီးရောဂါ ကင်းစင်တဲ့ကမ္ဘာမြေဖြစ်သွားပြီလို့  WHO က ၁၉၈၀ ခုနှစ်မှာ ကြေငြာချက် ထုတ်ပြန် ခဲ့ပါတယ်။ တစ်ကယ်တော့ လူသားမျိုးနွယ်စုကြီးဟာ ကျောက်ကြီးရောဂါ ဒဏ်ကို နှစ်ပေါင်းထောင် နဲ့ ချီ ခံစားခဲ့ကြရ တာပါ။ သေစေနိုင်မှုနှုန်းကတော့ ၃-ယောက်၊ ၁-ယောက်နှုန်းဖြစ်ပါတယ်။ မသေဘဲကျန်ခဲ့ သူတွေမှာလည်း သေရာပါ အမာရွတ်ကြီးတွေစွဲကျန်ခဲ့ပြီး အများစုက မျက်လုံးပါ ကွယ်ခဲ့ရတာပါ။ အဲဒီ တုန်းက ဥရောပသုတေသန ပညာရှင်တွေ ၀င်ရောက်လာရာကနေ အမေရိကန်ပြည်ထောင်စုမှာ ကျောက် ကြီးရောဂါ ပိုးပျံ့ နှံ့ သွားခဲ့ပြီး တစ်နိုင်ငံလုံး လူဦးရေရဲ့  ၉၀ ရာခိုင်နှုန်း သေဆုံးခဲ့ပါတယ်။ ၂၀ ရာစု တစ်ခု တည်းမှာကို ကျောက်ကြီးရောဂါကြောင့် သေဆုံးသူ သန်း ၃၀၀ ရှိခဲ့ ပါတယ်။

Hantavirus ၁၉၅၀ ခုနှစ်၊ ကိုရီးယားစစ်ပွဲကာလမှာ ပုလိပ်ရောဂါပိုးစတင်ပြန့် ပွားခဲ့ပါတယ်။ လူလူချင်း ကူးစက်တာ မဟုတ်ဘဲ ကြွက်ချေးနဲ့ ထိတွေ့ မိရာကနေ ကူးစက်လေ့ရှိတဲ့ ပုလိပ်ရောဂါဆိုးကြောင့် အဲဒီတုန်းက စစ်သား ၃၀၀၀ လောက် ကူးစက်ခံခဲ့ရပြီး ၁၂ ရာခိုင်နှုန်း သေဆုံးခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် မှာတော့ ပုလိပ်ရောဂါပိုးနောက်တစ်မျိုးကို အမေရိကန်ပြည်ထောင်စုမှာ တွေ့ ရှိခဲ့ပါတယ်။ လူပေါင်း ၆၀၀ လောက်ကိုကူးစက်ခဲ့ပြီး ၃၆ ရာခိုင်နှုန်း သေဆုံးခဲ့ပါ တယ်။

Influenza တုတ်ကွေးရာသီရောက်တိုင်း ကမ္ဘာတ၀န်းမှာ လူပေါင်း ၅-သိန်းလောက် ဖျားနာကြပါတယ်။ တစ်နှစ်နဲ့  တစ်နှစ် တုတ်ကွေးရောဂါပိုးရဲ့  သန္ဓေဗီဇကလည်း မတူတဲ့အတွက် နှစ်စဉ်နှစ်တိုင်း ကာကွယ်ဆေး ထိုးရလေ့ရှိပါ တယ်။ ၁၉၁၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးဟာ သမိုင်းမှာ အဆိုးရွား ဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့  ၄၀ ရာခိုင် နှုန်းကို ကူစက်ခဲ့ပြီး လူပေါင်း သန်း ၅၀ ခန့် သေဆုံးခဲ့ပါတယ်။ ဒီတုပ်ကွေးမျိုး နောက်ထပ်တစ်ခါဖြစ်ပွားခဲ့မယ်ဆိုရင် ထိန်းချုပ်ဖို့ လွယ်မှာမဟုတ်ဘဲ လူသားတွေရဲ့  အနာဂါတ် ဟာ သေချာတော့မှာတောင်မဟုတ်ဘူးလို့  ကျွမ်းကျင်သူ များက ပြောပါတယ်။

Dengue သွေးလွန်တုတ်ကွေးရောဂါပိုးကို ၁၉၅၀ ခုနှစ်မှာ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ မှာ ပထမဆုံး အကြိမ် တွေ့ ရှိခဲ့ တာဖြစ်ပြီး ကမ္ဘာတ၀န်းကို ပျံ့ နှံ့ သွားခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်း ဟာ သွေးလွန်တုပ်ကွေး ဇုန် မှာ နေထိုင်ကြတာပါ။ ခြင်ကနေအဓိကကူးစက်လေ့ရှိပြီး ပူနွေးလာနေတဲ့ ကမ္ဘာကြီးမှာ သွေးလွန်တုတ်ကွေး ကူး စက်မှုနှုန်းဟာ ပိုမြန်လာဖို့ ပဲ ရှိပါတယ်။ နှစ်စဉ် သွေးလွန် တုတ်ကွေး ကူးစက်ခံရသူ သန်း-၅၀ ကနေ သန်း-၁၀၀ အထိရှိပေမယ့် သေဆုံးမှုနှုန်းကတော့ ၂ ဒသမ ၅ ရာခိုင်နှုန်းပဲရှိပါတယ်။ သွေးယိုစိမ့်မှုစတင်တဲ့အခါ အချိန်မှီ မကု သနိုင်ဘူးဆိုရင်တော့ သေဆုံးမှုနှုန်း ၂၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ သွေးလွန်တုတ်ကွေးအတွက် ကာကွယ်ဆေးမရှိသေး ပါဘူး။ ပြင်သစ်ဆေးဝါး ကုမ္ပဏီ Sanofi ကထုတ်လုပ်တဲ့ သွေးလွန်တုတ်ကွေးကာကွယ်ဆေးဟာလည်း စမ်းသပ် အဆင့်မှာပဲ ရှိသေးပေမယ့် အထိုးခံထားသူတွေမှာတော့ သွေးလွန်တုတ်ကွေးကူးစက်ခံရတာမျိုး မရှိသေးပါဘူး။

Rotavirus ကာလ၀မ်းရောဂါပိုးဟာ မွေးကင်းစနဲ့  ကလေးငယ်တွေကို ဆိုးရွားစွာတိုက်ခိုက်လေ့ရှိပါတယ်။ ၀မ်းသွား ထားတဲ့ အညစ်အကြေးတွေက တနည်းနည်းနဲ့  ခံတွင်းထဲပြန်ရောက်သွားတဲ့အခါ ကာလ ၀မ်းရောဂါ ဖြစ်ပွားလေ့ ရှိ ပါတယ်။ အရည်ဓါတ်ခန်းခြောက်မှုကို ချက်ခြင်းမဖြည့်နိုင်ဘူး ဆိုရင် သေဆုံးနိုင်ချေ မြင့်မားပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကာလ၀မ်းရောဂါကြောင့် အသက် ၅-နှစ်အောက် ကလေးငယ် ၄၅၃၀၀၀ ဦးသေဆုံးခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ ကာကွယ်ဆေးတွေ ထွက်လာပြီမို့  ကာလ၀မ်းရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူရတဲ့နှုန်း သိသိသာသာ ကျဆင်းသွားပြီး သေဆုံး မှုနှုန်းလည်း ခေါက်ချိုးကျသွားပါတယ်။

အခုဖော်ပြခဲ့တဲ့ ဗိုင်းရပ် (၉)မျိုးမှာ ဘယ်ဗိုင်းရပ်က လူကိုသေစေနိုင်မှု အမြင့်ဆုံးလည်းဆိုတာ စာဖတ်သူ ကိုယ်တိုင်ပဲ ချိန်ဆကြည့်ပါ။ သေချာတာကတော့ ဘယ်ဗိုင်းရပ်ကြောင့်ပဲဖြစ်စေ လူသေဆုံးမှုရှိလာနိုင်တဲ့ အတွက် ဗိုင်းရပ်ပိုး ကူး စက်ခံရမှုကနေ ကင်းဝေးနိုင်ဖို့  ကျန်းမာရေးအသိနဲ့ သတိရှိစေဖို့  အခုလို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...