ခန့်ညားလှပမှု တစ်ခုအတွက် အမျိုးသားတွေက အမျိုးသမီးတွေထက် ခြောက်ဆ အချိန်ပိုယူရ
Mario on 2014-10-27 18:43
ခေတ်မီတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ အသွင် အပြင် ပြည့်စုံ လာဖို့အတွက် ဘ၀မှာ အချိန် ၄ နှစ်ကျော်လောက် ကုန်ဆုံးစေခဲ့ ရတာကို သုတေသန အသစ်တစ်ခု အရ သိရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ အမျိုးသမီးတွေက ၃ နှစ်ပဲ အချိန် ယူရပါတယ်။
ဒါ့အပြင်ထို လေ့လာမှု အရ အမျိုးသားတွေဟာ ပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစား ကို ရဖို့အတွက် ဘ၀မှာ တစ်နှစ်နဲ့ ၃ လ လောက် အားကစားခန်းမမှာ အချိန်ပေးခဲ့ရပေမယ့် အမျိုးသမီး တွေကတော့ ၂ လ သာ အချိန်ပေးရတယ်လို့ သိရပါတယ်။ ဒါဟာ ခန့်ညားလှပမှု တစ်ခုအတွက် အမျိုးသားတွေက အမျိုးသမီးတွေ ထက် ခြောက်ဆ အချိန်ပိုယူရ ခြင်းပဲ ဖြစ်ပါတယ်။
ခန့်ညားတဲ့ မျက်နှာရှိတဲ့ အမျိုးသားတွေဟာ ဘ၀ရဲ့ အချိန်အများစုကို မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေကို ထားဖို့ အချိန် ကုန်ဆုံးစေခဲ့ပါတယ်။ ဒါပေမယ့်လည်း သန်ရှင်း သပ်ရပ်မှုဟာ အမျိုးသားတွေ အတွက် ဘ၀မှာ လိုအပ်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ၂၇ ရာခိုင်နှုန်းသော အမျိုးသားတွေ က သူတို့ရဲ့ ဖခင်တွေ ဆီက သင်ကြားခဲ့ရတဲ့ အရည်အချင်းကောင်းတစ်ခုဟာ မုတ်ဆိတ် ရိတ်ခြင်းပဲလို့ဆိုလေ့ရှိတယ်လို့ သိရပါတယ်။
Ref:dailymail.co.uk
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အသက်အရွယ်နှင့် ဆိုင်သော မှတ်ဉာဏ် ဆုံးရှုံးမှုကို ကိုကိုးမှုန့်တွင် ပါဝင်သော သဘာဝဒြပ်ပေါင်းက ကာကွယ်နိုင် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောကျသို့) စမတ်ဖုန်းကို စွဲစွဲ လန်းလန်း သုံးနေခြင်းကြောင့် ဖြစ်လာမယ့် ထိခိုက်မှုတွေ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်