မိခင်၏ ချစ်ခြင်းမေတ္တာက ကလေးများ၏ နာမကျန်းမှုကို တားဆီး ကာကွယ်ပေးနိုင်
မိခင်ရဲ့ စိတ်ပိုင်း ဆိုင်ရာနဲ့ ရုပ်ပိုင်း ဆိုင်ရာ အထောက် အပံ့ကူညီမှုတွေက ရောဂါတွေကို တားဆီးကာကွယ်ပေး နိုင်ကြောင်း လေ့လာမှု အသစ်တစ်ခုက ဆိုပါတယ်။
လူမှုရေးနဲ့ စီးပွားရေး အခြေအနေ နိမ့်ကျမှုတွေက စိတ်ပိုင်း ဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေ ကို ဖြစ်နိုင်ခြေများ စေကြောင်း၊ ဒါပေမဲ့ သူတို့ရဲ့ ကလေးတွေကို ကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ကြင်နာမှု ပေးတဲ့ ဆင်းရဲတဲ့ မိသားစုမှ မိခင်တွေဟာ သူတို့ကလေးတွေရဲ့ အနာဂတ်မှာ စိတ်ပိုင်း ဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နာမကျန်း မှုဖြစ်နိုင်ခြေကို လျော့ကျစေကြောင်း အမေရိကန်နဲ့ ကနေဒါမှ သုတေသီတွေ က ဆိုပါတယ်။
သုတေသီတွေဟာ ကလေးဘဝမှာတုန်းက လူမှုစီးပွားအခြေအနေ နိမ့်ပါးခဲ့တဲ့ အသက် ၂၅ နှစ်နဲ့ ၄၀ ကြား လူ ၅၃ ယောက်ရဲ့ ခန္ဓာကိုယ်ခုခံအား စနစ်တုံ့ပြန်မှုနဲ့ ရောင်ရမ်းမှုဖြစ်စဉ်တွေကို စမ်းသပ်ခဲ့ကြပါ တယ်။ ရောင်ရမ်းမှုက စိတ်ကျရောဂါနဲ့ နှလုံးသွေးကြောရောဂါတွေ အပါအဝင် ရောဂါများစွာမှာ အဓိက အစိတ်အပိုင်း ဖြစ်ပါတယ်။
လေ့လာမှုမှာ ပါဝင်သူတွေထဲက ၂၆ ယောက်ဟာ သူတို့ မိခင်တွေက သူတို့အပေါ်မှာ နွေးထွေးမှုနဲ့ ချစ်ခင် ကြင်နာခဲ့ကြကြောင်း ပြောဆိုကြပြီး သူတို့ရဲ့ သွေးနမူနာကို စစ်ကြည့်ရာ မိခင်ဆီမှ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုရတာ နည်းခဲ့တယ်လို့ ဆိုတဲ့ တခြားလူ ၂၇ ယောက်ထက် သွေးထဲမှာ ရောင်ရမ်းမှုဆိုင်ရာ ပစ္စည်းတွေ လျော့နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒီတွေ့ရှိမှုက ဝင်ငွေနည်းမိသားစုမှ လူတွေရဲ့ ကျန်းမာရေးကို တိုးမြင့်စေဖို့အတွက် မိခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ကြင်နာမှုက အရေးကြီးကြောင်း ပြဆိုနေပြီး ကလေးငယ်ဘဝက အဖြစ်အပျက်နဲ့ ခံစားမှုတွေက လူကြီးဘဝမှာ ကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်စေသလဲ ဆိုတာကို ဆက်လက် သုတေသန လုပ်သင့်ကြောင်း လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။
Mg Mandalay
https://www.facebook.com/mg.mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) iOS 8 – iOS 8.1 နှင့် ကိုက်ညီမှု ရှိသော Jailbreak Apps နှင့် Tweaks များစာရင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) Kegel Exercises အမျိုးသမီးများအတွက် လေ့ကျင့်ခန်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း