ကိုကာ နေ့စဉ်သောက်သုံးခြင်းဖြင့် မှတ်ဉာဏ် ကျဆင်းမှုနှင့် စိတ်ကစဥ့်ကလျား ရောဂါကို ကာကွယ်နိုင်
ချောကလက်တွင် ပါဝင်သော ဓာတ်ပေါင်း တစ်မျိုးက အချက်အလက် များကို မှတ်သားပေးသော
ဦးနှောက် အစိတ်အပိုင်းသို့ သွေးလှည့်ပတ် စီးဆင်းမှု အားကောင်းစေခြင်းဖြင့် Dementia ဟုခေါ်သည့် သက်ကြီးရွယ်အို များတွင် တွေ့ရတတ် သည့် အမေ့လွန်ရောဂါကို ကာကွယ်နိုင်ကြောင်း
လေ့လာမှု တစ်ရပ်ကို ကိုးကား၍ Daily Mail သတင်း ဌာနက အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖော်ပြ သည်။
ချောကလက် ထုတ်လုပ်သည့် ကိုကာပင်တွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင် ဓာတ်ပေါင်း တစ်ခုဖြစ်သည့် ဖလေဗနွိုက်ခေါ်ပစ္စည်းသည် သက်ကြီးရွယ်အို များတွင် မှတ်သားမှုစွမ်းရည်ကို ပိုမိုတိုးတက် စေသည်ဟု Nature Neuroscience ဂျာနယ်တွင် ဖော်ပြခဲ့သော အဆိုပါလေ့လာမှုက တွေ့ရှိခဲ့သည်။
အသက်အရွယ်အားဖြင့် ၅၀နှစ်မှ ၆၉နှစ်အကြား သက်ကြီးရွယ်အို ၃၇ဦးကို အုပ်စုနှစ်စုခွဲ၍ ပထမ အုပ်စုအား ဖလေဗနွိုက်ဓာတ်ပေါင်း အချိုးအစားပမာဏများစွာ ပါဝင်သော ချောကလက်ကို သုံးဆောင်စေပြီး ကျန်အုပ်စုအား ဖလေဗနွိုက် အချိုးအစားနည်းပါးသော ချောကလက်များကို သုံးဆောင်စေခြင်းဖြင့် စမ်းသပ်မှုများကို သုတေသီများက ပြုလုပ်ခဲ့သည်။
ယင်းသို့ စမ်းသပ်အပြီးသုံးလကြာတွင် ဖလေဗနွိုက် ဓာတ်ပေါင်း အချိုးအစား ပမာဏ များစွာ ပါဝင်သော ချောကလက်ကို စားသုံးသူ သက်ကြီးရွယ်အိုများသည် အချိုးအစားနည်းပါးသော ပမာဏကို စားသုံးသော သက်ကြီးရွယ်အိုများထက် မှတ်ဉာဏ်စွမ်းရည် ပိုမိုသာလွန်နေသည်ကို တွေ့ရှိခဲ့ရသည်။
"ဒီလက်တွေ့စမ်းသပ်မှုဟာ အရွယ်အစားအားဖြင့် ကြီးကျယ်မှုသိပ်မရှိပေမယ့် ကိုကာမှာပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင် ဓာတ်ပေါင်းတစ်မျိုးဟာ ဦးနှောက်ရဲ့ နေရာတစ်နေရာကို သွေးလည်ပတ်မှု အားကောင်းစေတယ်။ အဲဒီလို သွေးလည်ပတ်မှုအားကောင်းလာတဲ့အတွက် အဲဒီနေရာက လုပ်ဆောင်နေတဲ့ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည်က တိုးတက်လာတယ်ဆိုတာ သက်သေပြနေပါတယ်" ဟု Alzheimer's Society ၊ သုတေသနဌာနမှ မန်နေဂျာ Dr Clare Walton ကပြောသည်။
သို့ရာတွင် ယင်းတွေ့ရှိချက်အတိုင်း ဓာတ်တိုးဆန့်ကျင် ဓာတ်ပေါင်းများက အသက်အရွယ်ကြီးရင့် လာ သည်နှင့် အမျှ ဦးနှောက်၏ မှတ်ဉာဏ်ယိုယွင်းလာမှုနှင့် စိတ်ကစဥ့်ကလျားရောဂါကို ကာကွယ် ပေးနိုင်ခြင်း ရှိမရှိအား ဆက်လက်လေ့လာရမည်ဖြစ်ကြောင်း ဆေးပညာ အကဲဖြတ် အဖွဲ့အစည်းများက မှတ်ချက်ပြုပြော ဆိုသည်။
အသက်အရွယ် ကြီးရင့်မှုကြောင့် မှတ်ဉာဏ်စွမ်းရည်ကျဆင်းမှုသည် ဦးနှောက် အစိတ်အပိုင်းတစ် နေရာနှင့် ဆက်စပ်မှုရှိနေနိုင်ပြီး ယင်းကဲ့သို့ မှတ်ဉာဏ် ယိုယွင်းမှုကို အစားအသောက်ဖြင့် ကာကွယ် ထိန်း သိမ်းနိုင်ကြောင်း ယင်းလေ့လာတွေ့ရှိချက်များက ပထမဦးဆုံး သက်သေပြနိုင်ခဲ့သည်ဟု အဆိုပါလေ့လာမှု ကို ပြုလုပ်ခဲ့သော အမေရိကန်နိုင်ငံ၊ ကိုလမ်ဘီယာဆေးပညာဌာနမှ သုတေသီ များက ပြောသည်။
Myanmar Times
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ငှက်ပျောဖူး ဝက်သား ဟင်းထုပ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) အသောက်အစားနဲ့ ကား Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း