အသက်အရွယ်နှင့် ဆိုင်သော မှတ်ဉာဏ် ဆုံးရှုံးမှုကို ကိုကိုးမှုန့်တွင် ပါဝင်သော သဘာဝဒြပ်ပေါင်းက ကာကွယ်နိုင်
![]() |
www.mindcafe.org |
ကိုလံဘီယာ ဆေးတက္ကသိုလ်မှ သုတေသီများက ကိုကိုးမှုန့်တွင် ပါဝင်သည့် သဘာဝဒြပ်ပေါင်း အရည်ကို အသက် (၅၀) နှင့် (၆၉) နှစ် ကြား ကျန်းမာ သန်စွမ်းသူများကို စမ်းသပ်သောက် သုံးစေခဲ့သည်။ အချို့ သောလူနာများကို ယင်းဒြပ်ပေါင်းများစွာ ပါဝင်သော ဓာတ်စာတိုက်ကျွေးပြီး အခြားလူများကို ယင်းဒြပ်ပေါင်း အနည်းငယ်သာ တိုက်ကျွေးပြီး လေ့ လာခဲ့သည်။ စမ်းသပ်လေ့လာမှု မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် ၎င်းတို့၏ ဦးနှောက်ကို ဓာတ်မှန် ရိုက်၍ စောင့်ကြည့်ခဲ့ရာ ၎င်းတို့လေ့လာနေသော မှတ်ဉာဏ်ဆုံးရှုံးမှုမျိုးနှင့် ဆက်စပ်သော ဦးနှောက်၏ မှတ်ဉာဏ်ဖြစ်ပေါ်ရာအပိုင်းတွင် သိသာသော တိုးတက်မှုများကို သုတေသီများ တွေ့ရှိခဲ့သည်။
ယင်းကဲ့သို့ ကုသနည်းမှာ ဇရာကြိုရောဂါ ဖြစ်နေသူများကို ကုသရန်အတွက်မဟုတ်ဟု သုတေသီများ က ပြောကြားသော်လည်း အသက်အရွယ်နှင့် ဆက်စပ်သော သာမန် မှတ်ဉာဏ် ဆုံးရှုံးမှုကို ကာကွယ်နိုင်ကြောင်း သိရသည်။
လေ့လာမှု စတင်ချိန်တွင် အသက် (၆၀) အရွယ် မှတ်ဉာဏ်မျိုးရှိ သူ တစ်ဦးသည် သုံးလကြာပြီးနောက် အသက် (၃၀) နှစ် (သို့မဟုတ်)(၄၀) နှစ်ရှိ ပုဂ္ဂိုလ်တစ်ဦး၏ မှတ်ဉာဏ်မျိုးကဲ့သို့ မှတ်ဉာဏ်တိုးတက် သွားကြောင်း လေ့လာမှုကို ဦးဆောင်သည့် ဒေါက်တာ စကော့အေစမောက ပြောသည်။
ယင်းလေ့လာမှုကို ထပ်မံ တိုးချဲ့၍ ဆက်လက်လေ့လာ သွားမည်ဟုလည်း ၎င်းက ပြောကြားသည်။ ယခုလေ့လာမှုကို Nature Neuroscience ဂျာနယ်တွင် ဖော်ပြထားသည်။
—Ref: UPI
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) ကျောင်းသားတွေဆီက အချိန်ပိုကြေး ကျောင်အုပ်ကြီး ကောက်ခွင့်ရှိလား Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ခန့်ညားလှပမှု တစ်ခုအတွက် အမျိုးသားတွေက အမျိုးသမီးတွေထက် ခြောက်ဆ အချိန်ပိုယူရ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'