ဆီးကျိတ် ကင်ဆာဘေး လျော့ပါးရေး အိုင်တွေ့ တိုင်း ခြေဆေးတတ် ဖို့လို ဟုဆို
![]() |
www.proteckmachinery.com |
ပုံမှန် ကာမ ဆက်ဆံခြင်းသည် ဆီးကျိတ်ဆီမှ သုတ်သွေး မျိုးစေ့ အမြောက်အမြားကို ထုတ်လွှတ် လိုက်၍ ကင်ဆာ ဖြစ်စေသော ဓာတ်များကို လျော့သွားစေခြင်း ဖြစ်ကြောင်း သုတေသန အသစ် တွေ့ ရှိချက်ကို ကင်ဆာ ဓာတ်ခွဲ သုတေသန ဂျာနယ်တွင် ဖော်ပြ ထားသည်။
ယခု သုတေသနသည် လိင်ဆက်ဆံမှု အရေအတွက် သို့ မဟုတ် တစ်ကိုယ်ရည် အာသာဖြေမှု တို့ ထက် အမျိုးသားများ အတွက် ကာမ ဆက်ဆံဖော် အမျိုးသမီး ဦးရေ များများ ထားရှိရန် အကြံပြု လမ်းညွှန်ပေး သည့် ပထမဆုံး သုတေသန တွေ့ ရှိချက်လည်း ဖြစ်သည်။ သို့သော် ယင်းတွေ့ရှိချက်မှာ အမျိုးသားများ အနေဖြင့် ဘ၀တစ်လျှောက် မိန်းမအရေအတွက် များများနှင့် အိပ်ရန် သေချာပေါက် လိုအပ်သည် တော့ လည်း မဟုတ်ကြောင်း သုတေသနကို ဦးဆောင်ခဲ့သူ ပါမောက္ခ မာရီအီလီစ် ပါရန့်က ပြောသည်။
သီအိုရီ တစ်ရပ် အရမူ ဝှေးစေ့ အတွင်း အကျိတ်အခဲ ဖြစ်စေမှုကို သုတ်လွှတ် ခြင်းက လျော့ချ နိုင်သည် ကတော့ သိသိသာသာပင် ဖြစ်၍ ဆီးကျိတ် ဖြစ်ခြင်းကို ထိရောက်စွာ ကာကွယ် နိုင်သည်။
ယခု သုတေသနတွင် အမျိုးသမီး များများနှင့် အိပ်နိုင်ခြင်းကို အဓိကထား ဖော်ပြရ သည်မှာ သုတေသန ပြုလုပ်ခဲ့သည့် ယောက်ျားသား ၃၀၀၀ ကျော်အနက် အမျိုးသမီး အယောက်၂၀ ကျော်မျှနှင့် အိပ်စက် ချစ်တင်းနှော ခဲ့သူ များတွင် ဆီးကျိတ် ကင်ဆာ အမျိုးမျိုးကို ၂၀ ရာခိုင်နှုန်း နီးပါး လျော့ပါးစေ သလို ဆီးကျိတ် ကင်ဆာဆဲလ် ဖြစ်တည် လာခြင်းကို ၁၉ ရာခိုင်နှုန်း လျော့ချ နိုင်သည်။
“အနုမာန မှန်းဆချက် အရ ပြောရမယ်ဆို မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ ဆက်ဆံရ တဲ့ ယောက်ျား တွေက မတူတဲ့ မိန်းမတွေကို ထိတွေ့  ဆက်ဆံ ရတော့ သုတ်လွှတ်တဲ့ အခါမှာ အရှိန်ပြင်း တယ်။ ဒါကြောင့် ကပ္ပယ်အိတ် အတွင်းမှာ အကျိတ် တည်နိုင်ခြေ နည်းစေ နိုင်တာပဲ ဖြစ်ပါမယ်”ဟု ပါမောက္ခ မာရီက ပြောခဲ့သည်။
Ref: Mirror
Mizzima News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) ဘာကြောင့် အစိုးရ ၀န်ထမ်းအလုပ် ရေပန်း မစားတော့တာလဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) နည်းပညာလောကမှ သမိုင်းတွင်ခဲ့သည့် ဟောကိန်း အလွဲများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို