သင်အိပ်နေသည့် ခေါင်းအုံးလေးကို နေပူ လှန်းပေးရန် လိုအပ်
မသိမသာ ရောဂါများကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာပါ သင်နှင့် နီးစပ်နေပြီး အိပ်စက် သည့်အခါ ထိတွေ့ နေသည့် ခေါင်းအုံးဆိုတာ သတိ မထားကြပါ ဒါကြောင့် သတိ မထားမိခြင်း မဖြစ် မိစေရန်အတွက် အခုလို့ အသိပေး အပ်ပါသည်။
လူတွေ အားလုံး မည်သူမဆို အိပ်စက်သည့် အခါတွင် ခေါင်းအုံးဖြင့် အနားယူ အိပ်စက်ကြ ပါတယ် အဲလို့ အိပ်စက်သည့် အခါတွင် လူ့ခန္ဓာ ကိုယ် အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံး အတွင်းပိုင်းသို့ စိမ့်ဝင် သွားတတ်သည်။ အဲဒီ လို့ ဖြစ်ပေါ်ခြင်းကြောင့် ခေါင်းအုံး အဖုံးအပါ ခေါင်း အုံးကိုပါ ညစ်ညမ်းစေပြီး ရက်ပေါင်းများစွာ ကြာသည့်အခါ ခေါင်းအုံးသည် အညစ်အကြေး စုလာ နေသောနေရာ ဖြစ်လာပါတော့သည်။
ခေါင်းအုံးထဲ သွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ် ပိုး ပေါက်ဖွား လာတတ်သည်။ ခေါင်းအုံးတွင် တွယ်ကပ်ဖြစ်သောလာသော ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါ ကူးစပ်ဖြစ်ပွားခြင်းလဲ ခံစားရနိုင်ပါသည်။
အထူးသဖြင့် အသက်ရှူ လမ်းကြောင်းရောဂါ ရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါ ရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ ရှိသဖြင့် အနာရောဂါ ကူးစက်တတ်သည်။
ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့် အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။
အထူးသဖြင့် အအေးမိရောဂါနှင့် အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့် ရှင်းအောင် ဂရုတစိုက် လုပ်ဆောင်ပေးရန် လိုအပ်လာသဖြင့် နောက်တစ်ထည် လဲလည် သုံးစွဲပြီး သုံးစွဲပြီးသားကို လျှော်ဖွပ်သန့် စင်ပေးရပါတယ်။
ခေါင်းအုံးကို အိပ်ခန်းတွင်းမှာ ထုတ်ယူပြီး လေသာ နေသာသောနေ့အခါတွင် နေပူလှန်းပေးရပါမည်။ သို့မှသာ တွယ်ကပ်နေပြီး လူကိုဒုက္ခပေးသော ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားခြင်းဖြင့် ရောဂါ ဘယဖြစ်ပေါ်လာခြင်းကို ဝေးကွာ သွားပါလိမ့်မည်။
အဲလိုမှ သင်သည် လုပ်ဆောင်ခြင်း မပြု့ လုပ်ပါက လူအညစ်အကြေးကြောင့် ကူးစပ် ဖြစ်ပွားနိုင်သော ရောဂါများ တိုးပွား ရရှိနိုင်ပါသည် ။
ဒါကြောင့် သင်အိပ်နေသော ခေါင်းအုံးများကို မဖြစ်မနေ အနည်းဆုံး တစ်လတစ်ကြိမ်တော့ အပြင်ထုတ် နေပူလှန်းခြင်း လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းပြောကြားရင်း အသက်ရာကျော် ရှည်ပါစေ။
Mg Mandalay
https://www.facebook.com/mg.mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ပုဇွန် နှင့် ရုံးပတေသီး မဆလာချက် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အိမ်ထောင်ရေး သာယာသော အမျိုးသားများ လေဖြတ်ရောဂါ ဖြစ်ပွားခြင်း နည်းပါး Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'