ဆွစ်ဇာလန် အစိုးရက အီဘိုလာ ကာကွယ်ဆေး စမ်းသပ်ထိုးနှံရန် အတည်ပြုပေး
![]() |
ဓာတ်ပုံ – အေပီ |
ဒီကာကွယ်ဆေးကို CAD3 အီဘိုလာလို့ ခေါ်ပြီး အမေရိကန် ဓာတ်မတည့်မှုနဲ့ ကူးစက်ရောဂါ ဆိုင်ရာအဖွဲ့နဲ့ ဆေးထုတ်လုပ်ရေး ကုမ္ပဏီ ဂလာဇိုစမစ်ကလင်း တို့က ပူးပေါင်း ထုတ်လုပ် ခဲ့တာပါ။
ကိုယ်ခံအား တုံ့ပြန်စွမ်းနဲ့ ကာကွယ်ဆေးရဲ့ ဘေးကင်းမှုကို စမ်းသပ်တာပါ။ ပထမဆုံး ရလဒ်ကို ၂၀၁၄ ဒီဇင်ဘာလမှာ ရဖို့ မျှော်လင့် ထားပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်း ဝန်ထမ်းတွေနဲ့ ဆေးကျောင်းသားတွေပါတဲ့ လုပ်အားပေးတွေက ကူးစက် ခံဒေသတွေဆီ ဦးဆောင်သွားဖို့ မျှော်လင့်နေပါတယ်။
ကာကွယ်ဆေးနဲ့ ခရီးသွားဆေးပညာ ဌာနရဲ့ ခေါင်းဆောင် ပါမောက္ခ ဘလိုင်စေ ဂန်တွန်က “ရောဂါ ကူးစက်နေတဲ့ဒေသတွေက လူနာတွေကို ကုသမယ့် သူတွေအတွက် ကာကွယ်ဆေး ထိုးထားရင် ထိရောက်တဲ့ ကာကွယ်မှု ဖြစ်လာမယ်။ ဒါပေမယ့် ကာကွယ်ရေးရဲ့ ထိရောက်မှုကို ကျနော်တို့ မသိသေးလို့ ကနဦးစမ်းသပ်ဖို့ လူတွေနဲ့ စမ်းသပ်ဖို့ လိုတယ်။ ဒီကာကွယ်ဆေးကို အီဘိုလာ ကူးစက်ခံဒေသတွေမှာ အဓိကသုံးမှာ ဖြစ်ပြီး အီဘိုလာကူးစက်မှု မရှိတဲ့နိုင်ငံတွေက လူတွေအတွက် ထိုးဖို့ မလိုဘူး။”လို့ ပြောပါ တယ်။
စမ်းသပ်ထိုးနှံမှုကနေ ဒီဆေးကို ဘယ်လောက်ပမာဏ ထိုးနှံရင် ထိရောက်မလဲဆိုတာ ရွေးချယ်နိုင်ဖို့ လုပ်အားပေး အယောက်ထောင်ချီပြီး ပါဝင်နိုင်ဖို့ စီစဉ်ထားပါတယ်။
တကယ်လို့ ဒီဆေးက ဘေးကင်းထိရောက်တယ်ဆိုရင် ကာကွယ်ဆေးကို လာမယ့်နှစ် ပထမ ၃ လအတွင်း ထုတ်လုပ်မှုအတွက် အဆင့်မြှင့်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။
DVB News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) ပညာသင်ဆုအတွက် လျှောက်ထားသူများကို စာမေးပွဲစစ်မည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) လေဆာတံဆိပ် သွားတိုက်ဆေး လုပ်ငန်းကို ဒေါ်လာသန်း ၁၀၀ ဖြင့် Colgate ကုမ္ပဏီ ၀ယ်ယူ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'