ငှက်ပျောဖူး ဝက်သား ဟင်းထုပ်
***... ငှက်ပျောဖူး ဝက်သား ဟင်းထုပ် အတွက် လိုအပ် တာလေးတွေ…
1. အပြင် အခွံမာများ ခွါကာ ခပ်ကြမ်းကြမ်း လှီးထားသော ငှက်ပျောဖူး – ၃ ဖူး (လှီးပြီးနောက် 6 cups (1500 ml) ခန့်)
2. လက်မအရွယ် အတုံးလေးများ လှီးထားသော ဝက်သုံးထပ်သား – 800 g (၅၂ ကျပ်သား)
3. ကြက်သွန်ဖြူ – အတက်ကြီး ၁၀ တက်
4. အခွံ ခွါထားသော ဂျင်း – ၁ လက်မခန့်
5. ဆား -ချိန်ဆ၍ ထည့်ပါ။
6. အရသာမှုန့် (chicken powder) – ချိန်ဆ၍ ထည့်ပါ။
7. ဆန်အစိမ်းမှုန့် (rice powder) – 5 cups (1250 ml)
8. ရေ – ချိန်ဆ၍ ထည့်ပါ။
9. ဆီ – ထမင်းစားဇွန်း ၅ ဇွန်း
ဂျင်း နှင့် ကြက်သွန်ဖြူ ကို ရောပြီးထောင်းထားပါ။
လှီးထားသော ငှက်ပျောဖူးများကို ဆား (ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်) ဖြင့် အဖန်ရည်များ ထွက်လာအောင် ခပ်ဖွဖွ ဆုပ်နယ် ညစ်ပေးပြီးလျှင် ရေ (၂)ခါ ဆေးပါ။
ပြီးနောက် တစ်နာရီခန့် ရေစိမ်ထားပါ။
ရေထဲမှ ဆယ်ကာ ရေများ ခပ်ဖွဖွ ညစ်ထုတ်ထားသော ငှက်ပျောဖူး၊ ဝက်သား၊ ဆန်မှုန့်၊ ဆား ၊ အရသာ မှုန့်၊ ထောင်းထားသော ဂျင်း နှင့် ကြက်သွန်ဖြူ တို့ကို ဇလုံတစ်လုံးထဲ ထည့်ပါ။
ပြီးနောက် မုန့်နှစ်ကို အရမ်းမကျဲ၊ အရမ်းမပျစ်သော အနေအထားရအောင် ရေကို နည်းနည်းနှင့် ဖြည်းဖြည်း ချင်းထည့်ကာ နယ်ပေးပြီးနောက် ဆီထည့်၍ နှံ့သွားအောင် ထပ်နယ်ပေးပါ။ (ငှက်ပျောဖူးထဲတွင် ရေများ ကျန်သေးသဖြင့် တစ်ခါတည်း အများကြီး မထည့်ရပါ။)
ဆီနှံ့အောင် နယ်ပြီးလျှင် ပျော့သွားအောင် မီးအနည်းငယ် ကင်ကာ နှစ်ရွက် ထပ်ထားသော ငှက်ပျောဖက်ထဲ ဟင်းခပ်ဇွန်းကြီး ၁ ဇွန်းခန့် ခပ်ထည့်ကာ လုံအောင် ထုပ်ပေးပါ။
ထုပ်ပြီးသည့် အထုပ်များကို ပေါင်းမည့်အိုးထဲ မှောက်ထည့်ကာ အပေါ်မှ ငှက်ပျာရွက်တစ်ရွက်ဖုံး၍ အဖုံးလုံအောင်ဖုံးပြီး high heat ဖြင့် ၁ နာရီခွဲခန့်ပေါင်းပေးပါ။
ပေါင်းပြီးနောက် ပူနွေးအိကာ အရသာရှိလှသော ငှက်ပျောဖူး ဝက်သား ဟင်းထုပ်လေးကို ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး ဆီချက်လေးများ ထည့်ကာ သုံးဆောင်နိုင်ပါပြီ။
https://www.facebook.com/ChawSusFoodFriends

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဝက်ကြိတ်သား ကောက်ညင်းလှော် ထောင်းသုပ် သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့
- (အနောကျသို့) ကိုကာ နေ့စဉ်သောက်သုံးခြင်းဖြင့် မှတ်ဉာဏ် ကျဆင်းမှုနှင့် စိတ်ကစဥ့်ကလျား ရောဂါကို ကာကွယ်နိုင် သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းPregnancy expectation ကိုယ်ဝန်ရချင်လို့