ဇူလူးရိုးရာ လက်ထပ် မင်္ဂလာပွဲ

တောင်အာဖရိက တိုက်၏ ဇူလူး တိုင်းပြည်တွင် ၁၆-ရာစု အကုန်ပိုင်းလောက် စပြီး၊ ရိုးရာမင်္ဂလာ ဧည့်ခံပွဲကို ပြုလုပ် လာခဲ့ ကြပါသည်။ ရှေးဦးစွာ ယောက်ျားလေး တစ်ဦးသည် မိန်းကလေးကို နှစ်သက် သဘောကျပါက၊ ယောကျာ်းလေး ၏ အမ မှတဆင့် ထိုမိန်းကလေးထံ ရောင်စုံ ပုတီးစေ့လေး များဖြင့် ချစ်စကား ပါးပါသည်။ မိန်းကလေးက သဘောတူ သည့် အနေဖြင့် ထိုပုတီးစေ့လေးများကို လက်ခံ ယူပါ သည်။

သတို့ သမီးက သူမ အိမ်ထောင်ပြု လိုကြောင်းကို မိဘသို့ တိုက်ရိုက် မပြောဘဲ အဖေ့ညီမ(သို့ ) အမေ့ ယောင်းမ(သို့ ) လက်ထပ်ပြီးသော အမ တို့ မှ တဆင့် မိဘကို အသိပေးပါသည်။ သတို့ သားကလဲ ထိုနည်းအတိုင်း ၄င်း၏မိဘကို အသိပေးပါသည်။ ထို နော့က် သတို့ သမီး၏အိမ်တွင် ၂-ဘက်မိဘ စည်းဝေး လုပ်ကြပါသည်။ ထိုအစည်းအဝေးတွင် သတိုးသား တက်ရောက် ခွင့်မရှိ ဘဲ၊ သတို့ သားကိုယ်စား “Idombo” (ခေါ်) ကြားခံလူက တက်ရောက်ရ ပါသည်။ သတို့ သမီး မိသားစုဘက်က သမီးကို တင်တောင်း ရမည့် ပမာဏကို ထိုကြားခံလူ သို့ ပြောကြားကြပါသည်။ ထိုနေ့ မှာပင် သတို့ သားဘက်က သတို့ သမီး၏ မိဘအား ရွှေစ/ငွေစ အနည်းငယ်ကို တိုကင် သဘောအနေဖြင့်ပေး ရပါသည်။ နောက် တစ်နေ့ တွင် အစည်းအဝေးမှာ တောင်းဆို ထားသော ကျွဲနွား အရေအတွက်၊ သတို့ သမီး မိဘများအတွက် အ၀တ်အထည်နှင့် ဖိနပ်တို့ ကို ပေးရပါသည်။

ယနေ့  မျက်မှောက် ခေတ် မှာတော့ ကျွဲနွား တန်ဘိုးနှင့်ညီ မျှသော ငွေပမာဏဖြင့် တင်တောင်းကြပါသည်။ ထို့ ပြင် သတို့ သမီး၏ မိခင်ကလည်း သူမ၏သမီးကို ချီးမြှောက်သည့်အနေဖြင့် သူမပိုင် ကျွဲနွားကို မင်္ဂလာ လက်ဆောင်ပေးပါသည်။ နောက် တစ်ပတ်ခန့်  အကြာမှာ တော့ ဘုရားကျောင်းတွင် ထိမ်းမြားမင်္ဂလာပြု ကြပါတော့သည်။ ဇူလူးတို့ သည် မင်္ဂလာဧည့်ခံပွဲကို သတို့ သား မိဘအိမ်တွင်သာ ပြုလုပ်လေ့ရှိပြီး၊ ညနေ ပိုင်းမှစ၍ ညသန်းခေါင်ယံထိ ဇူလူးရိုးရာ သီချင်းများဆို၍ ကခုန်မြူတူးကြပါသည်။ မင်္ဂလာဧည့်ခံပွဲတွင် သတို့ သမီးက ဟန်းရေးပြသည့်အနေဖြင့် အရောင် အသွေးမတူညီသော မင်္ဂလာဝတ်စုံ(၃)မျိုးကို လဲလှယ်ဝ တ်ဆင်ပြပါသည်။ ဦးခေါင်းတွင် သူမ၏ သိုးဘေးဘီဘင် လက်ထပ်ကတည်းက ဆောင်းလာသည့် အနီရောင် ပန်းပွားမင်္ဂလာဦးထုပ်ကို ဆောင်း လေ့ရှိပြီး၊ ထိုဦးထုပ်တွင် သူမမိခင်၏ ဆံပင်အနဲငယ်ကိုပါ ထဲ့၍ပြုလုပ် ထားပါသည်။

ပြောင်းဖူးသည် ဇူလူးတိုင်းပြည်၏ ပင်မ အစားအစာဖြစ်သည့် အလျောက် မင်္ဂလာပွဲတွင်လည်း ပြောင်းဖူး ကို ဟင်းလျာပုံစံ အမျိုးမျိုးဖြင့် တည်ခင်းလေ့ ရှိပါသည်။ "uPhutu" (ခေါ်) ပြောင်းဖူး၊ အသားတို့ ဖြင့် ချက် ထားသောယာဂု၊ "Isithambu" (ခေါ်) ပြောင်းဖူးအနှစ်ပေါင်း၊ "isit shulu" (ခေါ်) သိုးသားကင်၊ "umZumbe" (ခေါ်) ဗိုစားပဲပေါင်း၊ "iklabishi" (ခေါ်) ဂေါ်ဖီထု ပ်ဟင်းလျာ၊ "ithanga" (ခေါ်) ရွှေဖရုံ သီးဟင်းလျာ တို့ ကို အမဲရောင်အိုးကြီး များထဲတွင်ထဲ့၍ တည်ခင်းလေ့ ရှိပါသည်။ "Isithelo" (ခေါ်) အာဖရိကသစ်သီးတစ်မျိုးကို အချိုပွဲအဖြစ် စားသုံး လေ့ရှိကြပါသည်။ မင်္ဂလာပွဲမတိုင်မီ အရက်အနဲငယ် ကတည်းက ကြိုတင်၍ မြက်ပင်နှင့်ကောက်ပဲ သီးနှံတို့ ကို အချဉ်ဖောက်ကာ "tshwala" (ခေါ်)ဘီယာကို ချက်ကြပါသည်။ ထို ဇူလူးရိုးရာဘီယာကို မင်္ဂလာပွဲများသာ မက၊ ရိုးရာမိကြီးဖကြီး ကန်တော့ပွဲများတွင် လည်း ပူဇော်ပသလေ့ ရှိပါသည်။ ဇူလူးရိုးရာ ဘီယာသည် ခန္ဒာကိုယ်အတွက် ခွန်အားဖြိုးမောက်စေသည် ဟု တစ်ကမ္ဘာလုံးက အသိအမှတ်ပြု ထားပါသည်။


(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...