ကမ္ဘာပေါ်မှာ ချစ်သူကို အဖြေပေးဖို့ အကောင်းဆုံး နေရာအဖြစ် ပုဂံ ရွေးချယ်ခံရ
၂၀၁၅ ခုနှစ်အတွက် ချစ်သူကို အဖြေပေးဖို့ ကမ္ဘာမှာ အကောင်းဆုံး နေရာ စာရင်း နံပါတ် ၁မှာ မြန်မာ နိုင်ငံ မှာ ရှိတဲ့ ပုဂံကို ကမ္ဘာ့အကြီးဆုံး ခရီးသွား လမ်းညွန်ကို ထုတ်ဝေတဲ့ Lonely Planet က ရွေးချယ် လိုက်ပါ တယ်။
ပုဂံရဲ့ နေထွက်တာဟာ အိမ်မက် ဆန်သလို ဒီလို နေ ထွက်လာ တာကို ဘုရားပေါ်ကနေ တက်ကြည့် မယ် ဆိုရင် အမှောင်လွှမ်းနေတဲ့ မြေပြင် ဟာ ရွှေရောင် တောက်ပတဲ့ ရှုခင်း အသွင်ပြောင်း သွားတာကို မြင်ရမှာ ဖြစ်တယ်လို့ ရေးသား ထားပါတယ်။
ဒါကိုမြင်ရတာဟာ တကယ့်ကို မယုံနိုင်စရာဖြစ်သလို ချစ်သူကို အဖြေပေးဖို့ အကောင်းဆုံး အချိန်ဖြစ်တယ် လို့ ရေးပါတယ်။
ပုဂံကို သွားဖို့ အကောင်းဆုံး အချိန်ကတော့ နိုဝင်ဘာနဲ့ ဖေဖော်ဝါရီလ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယနေရာမှာတော့ နော်ဝေနိုင်ငံ ထရော်တိုဒါစကေကေးဒါနဲ့ တတိယနေရာကိုတော့ အမေရိကန် ပြည်ထောင်စုက နယူးယောက်မြို့ကို ရွေးချယ်ခဲ့ပါတယ်။
DVB News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+