Canon EOS 7D Firmware Update ပြုလုပ်နည်းနှင့် Function အသစ်များ…

ဒီနေ့ ကြားဖြတ် အစီအစဉ်လေးတစ်ခုအနေနဲ့ Canon သမားတွေ အတွက် ဝမ်းသာစရာ..။ အထူးသဖြင့် 7D သမားတွေ အတွက် ဝမ်းသာစရာ သတင်း တစ်ခုကိုပေးခြင်ပါတယ်…။ ဒီနေ့ပဲ Canon က Canon EOS 7D အတွက် Firmware Version 2.0.x ကို ထုတ်လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်…။

အမှန်အတိုင်းပြောရရင် Firmware Version အသစ်ထွက်မယ်လို့ ကြားတဲ့နေ့ကတည်းကစပြီး…။ ဒီနေ့ကို ရောက်ဖို့တော်တော်စောင့်ခဲ့ရပါတယ်…။

ခါတိုင်း Firmware Update တွေက စိတ်ဝင်စားဖို့ မကောင်းပဲ..။ ဘာလို့ အခုမှ အသဲအသန် ဖြစ်နေကြ သလဲဆိုရင်..။ အကြောင်းအရင်းရှိပါတယ်…။ အရင် ဘယ် Camera အတွက်မဆို ထုတ်တဲ့ Firmware Update တွေက များသောအားဖြင့် Language Error ပြင်တာတွေ…။ အသစ်ဖြည့်စွက်တာတွေပဲ များပါတယ်…။

ဒီတစ်ခေါက် 7D အတွက် ထွက်လာတဲ့ Firmware Update ကတော့ အဲ့လိုမဟုတ်ပါဘူး..။ မိတ်ဆွေရဲ့ 7D ကို နောက်ထပ် Camera အသစ်တစ်လုံးဖြစ်အောင် ဖန်တီးပေးလိုက်လို့ပဲ ဖြစ်ပါတယ်…။

အခု Firmware Version 2.0.x မှာ ပါလာတဲ့ Function အသစ်တွေက ကျွန်တော်တို့တွေ 60D ထွက်ကတည်းက လိုချင်ခဲ့တဲ Functions တွေ ဖြစ်ပါတယ်…။ 7D သမားတွေအတွက် သူတို့နောက်မှ ထွက်တဲ့ Model အသစ်ဖြစ်တဲ့ 60D သမားတွေဆီကနေ ငေးကြည့်ခဲ့ရတဲ့ Functions တွေပဲဖြစ်ပါတယ်…။ အဲ့ဒီ့ Functions တွေကြောင့် 7D နဲ့ 60D ရွေးချယ်တဲ့နေရာမှာ…။ 60D က အားသာခဲ့တဲ့ Functions တွေ ဖြစ်ပါတယ်..။

အခုတော့ ဒီလိုမဟုတ်တော့ပါဘူး.. အရာရာပြောင်းလဲသွားခဲ့ပါပြီ…။ 60D မှာပါတဲ့ Functions တွေ 7D မှာ သုံးလို့ရသွားပြီ ဖြစ်ပါတယ်…။

အထူးသဖြင့် In Camera Raw Processing, Image Resizing, Image Rating တို့ပဲ ဖြစ်ပါတယ်…။

ဒါကတော့ 60D နဲ့ တူသွားတဲ့အချက်တွေပါ…။ အခုနောက်မှာ ဆက်လက်ဖော်ပြမယ့်အချက်တွေကတော့ 60D မှာ Firmware Update လုပ်တောင် ဘယ်လိုမှ မပါနိုင်တော့တဲ့ Functions တွေပဲ ဖြစ်ပါတယ်…။

တစ်နည်းအားဖြင့်ဆိုရင်တော့ Canon EOS 7D Mark II ပေါ့ဗျာ…။

ဘာတွေပြောင်းလဲသွားလဲဆိုတာကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်..။ ဒါတွေက တကယ်ကို အရေးပါတဲ့ ပြောင်းလဲမှုတွေပဲ ဖြစ်ပါတယ်…။

(1) Time Zone Setting (Including Yangon Time Zone)
(2) In Camera Raw Processing
(3) In Camera Image Resizing
(4) In Camera Rating
(5) Higher Maximum Burst Rate For Continuous Shooting
(6) Faster Scrolling Of Magnified Image
(7) Manual Audio Adjustment During Video Shooting
(8) File Name Customization
(9) ISO Auto

စတာတွေပဲ ဖြစ်ပါတယ်…။

(1) Time Zone Setting

Time Zone Setting ကတော့ Firmware Update လုပ်ပြီးလို့ Restart ပြီးပြီးခြင်း ပထမဆုံး မြင်ရမယ့် အပြောင်းအလဲပဲ ဖြစ်ပါတယ်…။ အရင်က Day & Date ထည့်လို့ရပေမယ့် Time Zone ထည့်တာနဲ့…။ Summer Time On/Off လုပ်တာ မပါ ပါဘူး…။ အခုပါလာပါပြီ…။ ဒီလိုပါလာတာဟာ..။ ဓာတ်ပုံရဲ့ Metadata ထဲမှာ တိကျတဲ့ Information Record တစ်ခုရဖို့အတွက် တကယ်ကို အရေးပါလှပါတယ်…။

(2) In Camera Raw Processing

အရင်ကဆိုရင် ကျွန်တော်တို့ Raw နဲ့ ရိုက်ထားတဲ့ပုံတွေကို Computer ထဲ ထည့်ပြီးမှ Post Processing လုပ်လို့ရပါတယ်…။ အခုတော့ Camera ထဲမှာတင် တိုက်ရိုက် Edit လုပ်လို့ရပြီ ဖြစ်ပါတယ်…။ White Balance, Picture Style, Noise Reduction, Auto Lighting Optimizer စတာတွေကို တစ်ခါထဲ ပြင်ပြီး Save လုပ်လို့ရပြီ ဖြစ်ပါတယ်…။

အထူးသဖြင့် အရေးပေါ် အခြေအနေ ပုံထုတ်ပေးခဲ့ရမယ့် အခြေအနေမျိုးတွေအတွက် အထူးအသုံးဝင် ပါတယ်…။ ဘာလို့လဲဆိုတော့ Photographer မဟုတ်တဲ့ လူတစ်ယောက်ရဲ့ ကွန်ပျူတာထဲမှာ RAW File ကို Read လုပ်နိုင်တဲ့ Software ဆိုတာ ရှိလေ့ ရှိထ မရှိတဲ့အတွက်..။ ဒီအတိုင်း RAW File အတိုင်းပေး လိုက်မယ်ဆိုရင် အဆင်မပြေပါဘူး..။ သူလည်းကြည့်လို့ရမှာ မဟုတ်ပါဘူး..။ ကိုယ်ကလည်း ကွန်ပျူတာပါမလာဘူး..။ အရေးပေါ်ကလည်း ပေးရတော့မယ်ဆိုရင် ရင်ဆိုင်ရတဲ့ ပြသနာကို အခု 7D မှာ ဖြေရှင်းလို့ရသွားပြီ ဖြစ်ပါတယ်..။

(3) In Camera Image Resizing

ဒီကောင့်ကို Image Ratio နဲ့ မရောဖို့လိုပါတယ်…။ 7D မှာ အရင်ကတည်းက Aspect Ratio ၆ မျိုးပါပြီးသားဖြစ်ပါတယ်…။ 6:6, 3:4, 4:5, 6:7, 10:12, 5:7 တို့ ဖြစ်ပါတယ်…။ တော်တော်များများ မှာတော့ ၄ မျိုးအထိသာပါတတ်ကြတာကိုတွေ့ရမှာ ဖြစ်ပါတယ်…။ ဒီအချက်တွေက ကျွန်တော် ဟိုတစ်ခါပြော ခဲ့သလိုပဲ 7D က ဘာလို့ရင်ထွက်ပြီး နောက်မှထွက်တဲ့ 60D ထက်သာရသလဲဆိုတဲ့ အချက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်…။

အခု ကျွန်တော်ပြောချင်တာက Aspect Ratio မဟုတ်ပါဘူး..။ Image Resizing ပါ…။ ကိုယ်ရိုက် ထားတဲ့ပုံရဲ့ Size နဲ့ Quality ကို ရိုက်ပြီးသွားတဲ့အချိန် မှာ ပြန်လည် ပြုပြင် သိမ်းဆည်းနိုင်ပါတယ်..။ မူရင်းဖိုင်ကို မဖျက်ပဲ ဖိုင်အသစ် တစ်ခုအနေနဲ့ ထပ်ပြီး သိမ်းပေးတာဖြစ်တဲ့အတွက်..။ Original ပုံရဲ့ Quality ကျသွားမှာကို စိုးရိမ်စရာ မရှိတော့ပါဘူး..။

အရင်ကတော့ မရိုက်ခင်မှာပဲ Image Quality နဲ့ Size ကိုရွေးပေးလို့ရမှာ ဖြစ်ပေမယ့်…။ အခုတော့ ရိုက်ပြီးတဲ့အချိန်မှာပါ ပြောင်းလဲ သိမ်းဆည်းနိုင်ပြီ ဖြစ်ပါတယ်…။

(4) In Camera Rating

တစ်ခြားသူတွေအတွက်တော့ မသိဘူး..။ ကျွန်တော့်အတွက် အင်မတန်မှ အရေးပါတဲ့ Function တစ်ခုဖြစ်ပါတယ်…။ ဥပမာ မနက်က ကျွန်တော် တင်တဲ့ ကျိုက်ထီးရိုးပုံဆိုပါတော့ဗျာ..။ ဒီပုံတစ်ပုံ ရိုက်ဖို့အတွက် ကျွန်တော် Exposure အမျိုးမျိုး..။ Composition အမျိုးမျိုးနဲ့ ရိုက်ကြည့်တယ်…။ အဲ့ဒီ့ အတွက် ကျွန်တော့် စိတ်တိုင်းကြ ပုံတစ်ပုံရဖို့အနဲဆုံး ၁၀ ပုံကနေ ၁၅ ပုံလောက် ဖြစ်သွားတယ်…။

အိုကေ ဒီအထိအဆင်ပြေတယ်..။ ရိုက်ပြီးတဲ့ပုံတွေ Camera ထဲမှာ ပြန်ကြည့်လိုက်တယ်…။ ဒီပုံလေးကောင်းတယ်ဆိုပြီးစိတ်ထဲက မှတ်ထားလိုက်တယ်..။ ဒီအထိ ပြသနာမရှိသေးပါဘူး…။ Computer ထဲ အကုန်ထည့်ပြီးတဲ့အချိန် အားလုံးကို အတူတူ ယှဉ်ကြည့်လိုက်တဲ့အခါမှာတော့ ..။ ကိုယ်ကြိုက်တဲ့ပုံ (အကြိုက်ဆုံးပုံ) က ဘယ်ပုံမှန်းမခွဲခြားတတ်တော့ပါဘူး..။ ပုံတွေအားလုံးက Exposure ရော Composition က အားလုံးမတိမ်း မယိမ်းတွေ ဖြစ်နေလို့ပါ..။ အဲ့ဒီ့မှာ ပြသနာ စတာပါပဲ…။

အထူးသဖြင့် Photojournalist, Sports, Wildlife သမားတွေလိုမျိုး ပုံအရေအတွက်ကို ရတုန်းများများ ရိုက်ယူထားရတဲ့သူတွေအတွက် အထူးအသုံးဝင် ပါတယ်..။ Camera ထဲမှာကြည့်လိုက်..။ ကိုယ့်အကြိုက်ဆုံးပုံကို..။ 5 Star Rating ပေးလိုက်…။ ဒုတိယအကြိုက်ဆုံးပုံကို 4 Star ပေးလိုက်…။ ပြီးသွားပါ ပြီ..။ ဒါပါပဲ..။ အချိန်မရွေးကွန်ပျူတာထဲမှာ လွယ်လွယ်ကူကူ ပြန်ရှာလို့ရသွားပြီ ဖြစ်ပါတယ်…။

(5) Higher Maximum Burst Rate For Continuous Shooting

ဒီကောင်ကတော့ 7D Firmware Update မှာ လူစိတ်အဝင်စားဆုံးဖြစ်ပါတယ်..။ အရင်က 7D ရဲ့ Burst Rate ဟာ JPEG File အတွက်ဆိုရင် ပုံ ၅၀ ကျော် ဆက်တိုက်ရိုက်နိုင်ပါတယ်..။ တစ်စကန့် ၈ ပုံနှုန်းနဲ့ပါ…။ အခုတော့ JPEG File နဲ့ ရိုက်မယ်ဆိုရင် ပုံ ၁၃၀ အထိ ရိုက်နိုင်သွားပြီ ဖြစ်ပါတယ်..။

RAW အတွက်ကတော့ အရင်က ၁၅ ပုံသာ ရိုက်နိုင်ခဲ့ပြီး..။ အခုဆို ၂၅ ပုံအထိ ဆက်တိုက်ရိုက်နိုင် သွားပြီ ဖြစ်ပါတယ်…။

ဒီ Update ကတော့ အခြား Functions တွေရဲ့ Update ထက် Technology အားသာမှုရှိပါတယ်…။ ကျွန်တော်အပေါ်မှာပြောခဲ့တဲ့..။ အောက်မှာ ဆက်ပြောမယ့် Functions တွေက Canon EOS 1000D မှာတောင် သူတို့အနေနဲ့ ထည့်ပေးမယ်ဆို ထည့်ပေးလို့ရပါတယ်…။ Software Program သီးသန့် ဖြစ်လို့ပါ…။

ဒါပေမယ့် ဒီ Burst Rate ကတော့ တစ်ခြား Camera တွေမှာ ထည့်ပေးလို့မရပါဘူး.. ဥပမာ အနီးစပ်ဆုံး ဥပမာအနေနဲ့ 60D မှာ ထည့်ပေးလို့မရပါဘူး..။ ဘာဖြစ်လို့လဲ…?

7D က Dual Digit 4 Processor ဖြစ်နေလို့ပါ…။ ကျန်တဲ့ 7D အောက် Camera တွေကတော့ Processor တစ်လုံးပဲ ပါကြတဲ့အတွက် ဒီ Function ကိုထည့်ပေးလို့ မရခြင်းပဲ ဖြစ်ပါတယ်…။

(6) Faster Scrolling Of Magnified Image

ဒီကောင်က အမှတ်တမဲ့ ကြည့်ရင် အရေးမပါဘူးလို့ ထင်ရပေမယ့်…။ တကယ်တမ်းမှာ သူကလည်း သူ့အနေအထားနဲ့ သူ တော်တော် အရေးပါ ပါတယ်..။ ကျွန်တော်တို့အရင်ကဆို…။ ပုံတစ်ပုံကို ချဲ့ ကြည့်ထားရင်…။ နောက်တစ်ပုံကို ရွှေ့  လို့မရပါဘူး…။ ရွှေ့လို့မရတော့ ဘာဖြစ်လဲဆိုတော့..။ အရှေ့ကပုံနဲ့ အနောက်ကပုံကို..။ ISO Noise ယှဉ်ကြည့်တာမျိုးပဲ ဖြစ်ဖြစ်..။ Sharpness ယှဉ်ကြည့်တာမျိုးပဲ ဖြစ်ဖြစ်..။ အဲ့လို ယှဉ်ကြည့်ဖို့လိုလာပြီ ဆိုရင်…။ ပထမဆုံး ချဲ့ထားတဲ့ ပုံကို နဂိုမူလ Size ပြန်ချုံ့ပေးရမယ်..။ ပြီးရင် နောက်တစ်ပုံသွားရမယ်..။ ပြန်ချဲ့ရမယ်..။ စသဖြင့် ဘယ်လိုမှ အဆင်မပြေ တော့ပါဘူး…။

ယှဉ်ကြည့်တဲ့ ပုံနှစ်ပုံက…။ ဖက်…။ ဖက်.. ဆို…။ ဟိုဘက် ဒီဘက် မြန်မြန်ယှဉ်ကြည့်နိုင်မှသာ ကွာခြား ချက်က သိသာမှာ ဖြစ်ပါတယ်..။ စောစောက ကျွန်တော်ပြောခဲ့တဲ့ အဆင့်တွေအတိုင်းသာ ပြန်လုပ်နေရင် Camera ထဲမှာ ယှဉ်ကြည့်ဖို့က တော်တော်လေးကို အဆင်မပြေတော့ပါဘူး…။

အခုတော့ ဒီ ပြသနာတွေ ဖြေရှင်းပြီးသွားပါပြီ..။ ပထမပုံကို ချဲ့ထားလျှက်နဲ့ပဲ နောက်ပုံကို အသာလေး ပြောင်းလိုက်လို့ရပါတယ်..။ နောက်ပုံကလည်း ပထမပုံ ချဲ့ထားတဲ့ နေရာကိုပဲ…။ ပထမပုံမှာ ချဲ့ထားတဲ့ ပမာဏအတိုင်းပြပေးတဲ့အတွက်…။ Noise Comparison လုပ်တာတို့…။ Sharpness Comparison လုပ်တာတို့…။ Composition Comparison လုပ်တာတို့မှာ သိသိသာသာ လွယ်လွယ်ကူကူ လုပ်နိုင်သွားပြီ ဖြစ်ပါတယ်…။

(7) Manual Audio Adjustment During Video Shooting

ဒီကောင်ကတော့ Video သမားတွေ အကြိုက်ပါ..။ အထူးသဖြင့် DSLR Videography သမားတွေအတွက် တကယ့် မင်္ဂလာသတင်းပဲ ဖြစ်ပါတယ်..။ Movie ရိုက်နေတဲ့အချိန်မှာတင်..။ အသံပမာဏ အတိုး အလျော့ကို ကိုယ်တိုင်စိတ်ကြိုက် ညှိယူနိုင်ပြီ ဖြစ်ပါတယ်…။ ဒါကတော့ တော်တော်လေးရှင်း နေတာမို့ အကျယ်ချဲ့ပြီး မပြောတော့ပါဘူး..။

(8) File Name Customization

Nikon မှာ ဒီ Function ပါတောင် ကြာရုံတင် မက..။ ရိုးတောင်နေပါပြီ…။ 7D မှာတော့ အခုမှ စပါလာတာဖြစ်ပါတယ်..။ ကောင်းသော ပြောင်းလဲခြင်း အဖြစ် ကြိုဆိုရမှာဖြစ်ပါတယ်..။

ဒီကောင်က အရင်လို Image File တွေ နေရာမှာ IMG_ ဆိုတာမျိုးနဲ့ တင်မကတော့ပါဘူး..။ ကိုယ့်စိတ်ကြိုက်နာမည် ၄ လုံးရွေးပြီးပေးလို့ရသွားပြီ ဖြစ်ပါတယ်…။ ကျွန်တော်အောက်မှာ ဥပမာ ပုံလေးပြထားပါတယ်..။ ကျွန်တော်က IMG_ အစား BD21 ဆိုပြီး File Name တွေကို ပြောင်း လိုက်ပြီ ဖြစ်ပါတယ်…။

(9) ISO Auto

ISO ကို မိမိလိုချင်တဲ့ ပမာဏအထိပဲ Limit လုပ်ပေးလို့ရသွားပါပြီ…။ အရင်က မရပါဘူး…။ ဒါပေမယ့် Nikon မှာတော့ ရတာ ကြာပါပြီ…။

ဒါတွေကတော့ အခုအသစ်ထွက်လာတဲ့ Canon EOS 7D Firmware Version 2.0.x ရဲ့ Functions အသစ်တွေပဲ ဖြစ်ပါတယ်…။ ဒီ့ထက်မက အသေးစိတ် တွေအများကြီးကျန်ပါသေးတယ်…။ ကျွန်တော် အပေါ်မှာရေးခဲ့တာတွေကတော့ သိသိသာသာကြီးပြောင်းလဲသွားတဲ့ အချက်တွေ ဖြစ်ပါတယ်…။

ဒီ Function တွေက အမှန်ဆို အစောကြီးကတည်းက Nikon Camera တွေမှာ ပါပြီးသားဖြစ်ပါတယ်…။ ကျွန်တော့်ပို့စ်ကို ဖတ်ပြီး Nikon သမားတွေ ကတော့..။ ပြုံးရင်ပြုံး …။ မပြုံးရင် …။ ထိုင်ရယ်နေကြ မှာ မြင်ယောင်ပါသေးတယ်…။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျွန်တော်ဝယ်ခဲ့တဲ့ Nikon D90 လေးမှာတောင် ဒီ Functions တွေ ပါပြီးသားဖြစ်နေပါတယ်…။

အခု ကျွန်တော် အောက်မှာ ဆက်ပြီးရေးပေးမှာကတော့ Firmware Update လုပ်နည်းပဲ ဖြစ်ပါတယ်…။

လွယ်ကူပါတယ်…။ နှစ်နည်းရှိတဲ့ အနက်က အဆင်အပြေဆုံးဖြစ်မယ့် နည်းကိုရေးပေးလိုက်ပါတယ်..။ ဒုတိယနည်းက Computer ထဲမှာ EOS Utility Install လုပ်ထားတဲ့သူတွေမှ အဆင်ပြေမှာ ဖြစ်ပါ တယ်…။ တော်တော်များများက EOS Utility Install လုပ်ထားလေ့ မရှိတဲ့ အတွက် အဆင်ပြေ လွယ်ကူမယ်ထင်တဲ့ ပထမနည်းကိုပဲ ကျွန်တော် ဖော်ပြပေးလိုက်ပါတယ်…

Install ပြုလုပ်နည်း

(၁) Firmware Version 2.0.x ကို Dowload ချပါ…။ (Download Link)

(၂) Download File ကို Window မှာဆိုရင် Extract လုပ်ပါ…။ Mac မှာတော့ Double Click လုပ်လိုက်တာနဲ့ အလိုလို Extract လုပ်ပါတယ်…။

(၃) Extract Folder ထဲမှာ File နှစ်ခုပါ လာပါလိမ့်မယ်…။ တစ်ခုက Instruction ဖြစ်ပါတယ်..။ တစ်ခုက Firmware ဖြစ်ပါတယ် (.fir နဲ့ ဆုံးပါတယ်)

(၄) Camera ထဲတွင် Memory Card ကို Format ရိုက်ပါ..။ ( Camera ထဲမှာရိုက်ခိုင်းတာပါ..။ Computer နဲ့ရိုက်ခိုင်းတာ လုံးဝမဟုတ်ပါ)

(၅) Format ရိုက်ပြီးသွားတဲ့ Memory Card ကို Card Reader ကနေတစ်ဆင့် Computer နဲ့ ချိတ်ဆက်လိုက်ပါ…။

(၆) ချိတ်ဆက်ပြီးပါက .fir နဲ့ ဆုံးတဲ့ file ကို Memory Card ရဲ့ Root ထဲကို Copy လုပ်ပေးပါ…။ (Folder တွေထဲကို လုံးဝမဟုတ်ပါ)

(၇) Camera အား P Setting တွင်ထားပါ။

(၈) Memory Card ကို Camera ထဲ ပြန်ထည့်ပြီး..။ Camera ကိုဖွင့်ပါ…။

(၉ ) Menu မှ တစ်ဆင့် ယခင် Firmware Version ပြတဲ့နေရာကိုသွားပါ…။

(၁၀) Current Version ပြနေပါလိမ့်မယ်..။ OK နှိပ်ပါ…။

(၁၁) အခုဆိုရင် Memory Card ထဲကို Copy လုပ်တုန်းက နေရာမှန်အောင် Copy လုပ်ခဲ့တယ်ဆိုရင် Firmware Version အသစ်ကို ပြပေးပါလိမ့်မယ်..။ အဲ့ဒါကိုရွေးပြီး OK ပေးလိုက်ရုံပါပဲ..။ တစ်ကယ်လို့ File ကို ထည့်ခဲ့တဲ့ နေရာမှားနေတယ်ဆိုရင်တော့ Firmware Version အသစ်ကို ပြပေးမှာ မဟုတ်ပါဘူး…။

(၁၂) Camera က သူ့ဘာသာသူ အလိုလို Install လုပ်သွားပါလိမ့်မယ်…။ ဓာတ်ခဲအားရှဖို့လိုပါတယ်..။ Install လုပ်နေစဉ်အတွင်း Power Off မလုပ်မိဖို့..။ အခြား ခလုပ်တစ်ခုခုကို သွားမနှိပ်မိဖို့ အထူးအရေးကြီးပါတယ်…။

(၁၃) ၅ မိနစ်လောက် ကြာတဲ့အခါမှာတော့ မိတ်ဆွေ နောက်ဆုံးပေါ် Canon EOS 7D Mark II Camera တစ်လုံးကို ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်..။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

Note – ဒီ Post က ကျွန်တော့် ကို Canon က Sponsor ပေးလို့ရေးထားတာမဟုတ်ပါဘူး..။ ကျွန်တော် ပျော်သလို 7D ချစ်သူတွေ ပျော်စဖို့နဲ့ ဗဟုသုတ ရစေဖို့ ရည်ရွယ်ပါတယ်…။ Screenshot တွေ ကို ကျွန်တော့် Mobile Phone လေးနဲ့ ရိုက်ပေးထားရတာဖြစ်တဲ့အတွက်…။ Quality မကောင်းတာကို နားလည် ခွင့်လွှတ်ပေးစေလိုပါတယ်…။

P.S- Download File က 18 MB ပဲရှိပါတယ်…။ Extract လုပ်လိုက်တာနဲ့ .fir file တစ်ခုနဲ့ Folder တစ်ခု မြင်ရပါလိမ့်မယ်..။ Folder ထဲမှာ ဘာသာ ပေါင်းစုံနဲ့ Instruction ရှိပါတယ်…။ ကျွန်တော်ရေး တာကို မရှင်းဘူးဆိုရင် မူရင်း Instruction File ကို ဖတ်နိုင်ပါတယ်…။ သေသေချာချာ ဖတ်ပြီးမှ Update လုပ်စေချင်ပါတယ်…။ အမှားအယွင်းတစ်ခုခုဖြစ်သွားပါက ကျွန်တော်လည်း ဘယ်လိုမှ ကူညီနိုင်မှာ မဟုတ်ပါဘူး..။ လိုရမယ်ရ ပြောတာပါ..။ ကျွန်တော်လည်း ကိုယ်တိုင် Update လုပ်တာပါ..။ ဘာအခက်အခဲမှ မရှိပါဘူး..။ လွယ်လွယ်ကူကူပဲ ပြီးသွားပါတယ်…။

Appendix: ဒီပို့စ်မှာ ပုံတွေ အများကြီးပါပါတယ်...။ ပုံတွေနဲ့ သေသေချာချာ ဖတ်ချင်တယ်ဆိုရင်တော့ Blog မှာ သွားဖတ်ဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်...။ Connection က ဆိုးလွန်းတော့ ဘယ်လိုမှ တင်မရဘူး ဖြစ်နေလို့ပါ..။

Blog Post Link: http://blog.aperture21.com/2012/08/08/firmware/

Aperture21 By Black Dream Photography

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...