ဘောချစ်သူ...
ဇနီးဖြစ်သူက ဘောလုံးပွဲကြည့်နေတဲ့ ခင်ပွန်းကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်။
“ဒီအတိုင်းဆို ကျွန်မတို့ လက်ထပ်ခဲ့တဲ့ ရက်ကိုတောင် ရှင် မေ့နေမှာ သေချာတယ်...”
ဒီအခါ ခင်ပွန်းဖြစ်သူက...
“မမေ့ပါဘူး မိန်းမရယ်... မှတ်မိပါတယ်... အင်္ဂလန်အသင်းက အီတလီအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ နေ့လေကွာ..."







